ဇနီးသည်ကိုသတ်ပြီး ရေခဲသေတ္တာထဲ ရက်ပေါင်း106 ရက်လောက်ထည့်ထားကာ ၊ သူမဧ။်အကြွေးဝယ်ကတ်ဖြင့် အပျော်ခရီးထွက်ခဲ့တဲ့ အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံတွင်နေထိုင်လျက်ရှိသော Zhu Xiaodong အမည်ရှိ ၊ အသက် 30 အရွယ်အမျိုးသားဟာ အောက်တိုဘာလ 17 ရက်နေ့ 2016 ခုနှစ်မှာ သူ၏ဇနီးသည်နှင့်ရန်ဖြစ်စကားများကာ ၊ ဇနီးသည်ကိုသတ်ပြီးအိမ်ထဲရှိ ရေခဲသေတ္တာထဲတွင် ရက်ပေါင်း 106 ရက်လောက်ဖွတ်ထားခဲ့ပါတယ် ။Zhu ဟာဇနီးသည်ကိုသတ်ပြီးနောက် ၊ သူမ၏အကြွေးဝယ်ကတ်ဖြင့် ယမ်ငွေ 150,000 ခန့်သုံးဖြုန်းကာ အခြားအမျိုးသမီးနှင့် ခရီးထွက်ပျော်ပါးခဲ့ပါတယ် ။ ဇနီးသည်၏social media account ကိုလည်းယူကာ သူမ၏ မိဘ ၊ သူငယ်ချင်းများနှင့်လည်း message အပြန်အလှန်ပို့ကာ ဇနီးသည်ပုံစံဟန်ဆောင်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း 2017ခုနှစ် ဖေဖော်ဝါရီလ 1ရက်နေ့မှာ Zhu ဟာသူ၏ဇနီးနှင့်အတူ ယောက္ခထီး၏မွေးနေ့သို့ တက်ရောက်ရန်ဖိတ်ကြားခံခဲ့ရပါသည် ။ ဇနီးသည်မှာ တစ်ဦးတည်းသောသမီးဖြစ်၍ သူ၏လူသတ်မှုကိုဆက်၍မဖုံးကွယ်နိုင်တော့ဘဲ ကိုယ်တိုင်ရဲစခန်း၌ သွားရောက်အဖမ်းခံခဲ့ပါတယ် ။

Zhu ဟာအဆိုပါရေခဲသေတ္တာကိုသူ၏ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ မြွေ၊ဖား၊ဖွတ်တို့အတွက် အသားသိုလှောင်ရန် စက်တင်ဘာလ22ရက် 2016 ခုနှစ်က onlineမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပေမဲ့ ၊ ဇနီးသည်၏မိသားစုဝင်များကတော့ လူသတ်ရန်ကြိုတင်ကြံစည်ထားပြီး ဇနီးသည်၏ရုပ်အလောင်ကိုဖွတ်ထားရန်ရည်ရွယ်ပြီး ဝယ်ထားခြင်းဖြစ်သည်ဟု ကောက်ချက်ချကြပါတယ် ။ပြီးခဲ့တဲ့ ဂျူလိုင်လ 5 ရက်နေ့ 2019 မှာ ရှန်ဟိုင်အထက်ပြည်သူ့တရားရုံးမှ Zhu ကိုသေဒဏ်ချမှတ်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment