တ႐ုတ္ႏိုင္ငံ ၊ Hubei ျပည္နယ္မွာ ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ လံုးဝမေတြ႔႐ွိရေတာ့လို႔ ဝမ္းသာမ်က္ရည္က်ခဲ့ရတဲ့ က်န္းမာေရးဝန္ထမ္းမ်ားရဲ႕အျဖစ္

တစ္ကမာၻလံုး ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ပ်ံ့ႏွံ႔မႈ ျမင့္မားေနခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံ ၊ Hubei ျပည္နယ္က ပထမဆံုးအႀကိမ္ ႏွစ္ရက္အတြင္း ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ လံုးဝမေတြ႔႐ွိရေတာ့တဲ့အတြက္ က်န္းမာေရးဝန္ထမ္းမ်ားဟာ အေတာ္ေလးကိုစိတ္သက္သာရာ ရခဲ့ၾကၿပီး အေပ်ာ္ႀကီးေပ်ာ္ေနလ်က္႐ွိၾကပါတယ္ ။ Hubei ျပည္နယ္ဟာ ႏွစ္ရက္ဆက္တိုက္ သံသယလူနာအေရအတြက္မွာ သုည သာ႐ွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္ ။ အဆိုပါ သံသယလူနာမ႐ွိေတာ့တာကို ၿပီးခဲ့တဲ့ အဂၤါေန႔ မတ္လ 17 ရက္ေန႔ကတည္းက သိ႐ွိခဲ့တာျဖစ္ၿပီး လူနာမ်ားလည္း သိသိသာသာေလ်ာ့က်သြားခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ အဂၤါေန႔က အဆိုပါျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ 11ဦးခန္႔႐ွိခဲ့ၿပီး ဗိုင္းရပ္စ္ေၾကာင့္ေသဆံုးသူမွာ တ႐ုတ္ႏိုင္ငံတြင္ 67800 အထိ႐ွိခဲ့ၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ယခုလိုေရာဂါကူးစက္ပ်ံ့ႏွံမႈ က်ဆင္းခဲ့ရတာလည္း တ႐ုတ္အစိုးရက ျပည္သူေတြကို သီးသန္႔ခြဲၿပီး ေနအိမ္အတြင္းမွာသာေနထိုင္းခဲ့ေစတဲ့ အမိန္႔ေၾကာင့္ ယခုလိုေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္ခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ က်န္းမာေရးဝန္ထမ္းအေယာက္ေပါင္း 50000 ေက်ာ္က အဆိုပါျပည္နယ္မွာ အႏၱရာယ္မ်ားလြန္းတဲ့ထဲမွ အသက္ကိုေလာင္းေၾကးထပ္ၿပီး ႀကိဳးစားခဲ့ၾကတဲ့ တန္ဖိုးမဖ်က္ႏိုင္တဲ့ လုပ္ရပ္ေတြေၾကာင့္ ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှု မြင့်မားနေချိန်မှာတော့ တရုတ်နိုင်ငံ ၊ Hubei ပြည်နယ်က ပထမဆုံးအကြိမ် နှစ်ရက်အတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ လုံးဝမတွေ့ရှိရတော့တဲ့အတွက် ကျန်းမာရေးဝန်ထမ်းများဟာ အတော်လေးကိုစိတ်သက်သာရာ ရခဲ့ကြပြီး အပျော်ကြီးပျော်နေလျက်ရှိကြပါတယ် ။ Hubei ပြည်နယ်ဟာ နှစ်ရက်ဆက်တိုက် သံသယလူနာအရေအတွက်မှာ သုည သာရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ အဆိုပါ သံသယလူနာမရှိတော့တာကို ပြီးခဲ့တဲ့ အင်္ဂါနေ့ မတ်လ 17 ရက်နေ့ကတည်းက သိရှိခဲ့တာဖြစ်ပြီး လူနာများလည်း သိသိသာသာလျော့ကျသွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အဆိုပါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ 11ဦးခန့်ရှိခဲ့ပြီး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူမှာ တရုတ်နိုင်ငံတွင် 67800 အထိရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ် ။

ယခုလိုရောဂါကူးစက်ပျံ့နှံမှု ကျဆင်းခဲ့ရတာလည်း တရုတ်အစိုးရက ပြည်သူတွေကို သီးသန့်ခွဲပြီး နေအိမ်အတွင်းမှာသာနေထိုင်းခဲ့စေတဲ့ အမိန့်ကြောင့် ယခုလိုအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် ကျန်းမာရေးဝန်ထမ်းအယောက်ပေါင်း 50000 ကျော်က အဆိုပါပြည်နယ်မှာ အန္တရာယ်များလွန်းတဲ့ထဲမှ အသက်ကိုလောင်းကြေးထပ်ပြီး ကြိုးစားခဲ့ကြတဲ့ တန်ဖိုးမဖျက်နိုင်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment