ျပည္တြင္း၊ျပည္ပအဝင္အထြက္ ပိတ္ပစ္ခဲ့လို႔ ေနစရာမ႐ွိေတာ့ဘဲ ဒုကၡေရာက္ေနခဲ့တဲ့ အလုပ္သမားေတြရဲ႕အျဖစ္

စင္ကာပူႏိုင္ငံမွာ သြားေရာက္အလုပ္လုက္ကိုင္ေနလ်က္႐ွိတဲ့ အသက္ 31ႏွစ္အရြယ္ မေလး႐ွားႏိုင္ငံသားတစ္ဦးဟာ စင္ကာပူႏိုင္ငံကေန မေလးရွားနိုင္ငံသို႔ အေလာတႀကီးျပန္လာဖို႔ လုပ္ရင္းကေန မေလး႐ွားႏိုင္ငံက ျပည္တြင္းျပည္ပ အဝင္အထြက္ ပိတ္ပစ္ခဲ့တဲ့အတြက္ေနစရာ ေနရာမ႐ွိျဖစ္သြားခဲ့ၿပီး စင္ကာပူမွာ႐ွိတဲ့ MRT ဘူတာရံုမွာသာ အိပ္စက္ခဲ့ရပါတယ္ ။ Armel Sharil အမည္႐ွိတဲ့ အဆိုပါအမ်ိဳးသား နဲ႔ အျခားအလုပ္သမား 20 ဦးတို႔ဟာ အဆိုပါဘူတာရံုမွာ ယာယီေနထိုင္ခဲ့ရပါတယ္ ။ အဆိုပါ ဘူတာရံုပိတ္တဲ့ ည 1နာရီအခ်ိန္မွာမွ ဖ်ာေလးနဲ႔ခင္းၿပီးအိပ္စက္အနာယူခြင့္ရခဲ့ၿပီး ၊ ဘူတာရံုမဖြင့္ခင္ မနက္ 5နာရီမွာေတာ့ ျပန္ထခဲ့ၾကရပါတယ္ ။

Armel ဟာ မေလး႐ွားသို႔ အေလာတႀကီးျပန္ဖို႔ လုပ္ခဲ့ရင္း ပိုက္ဆံအိတ္ ၊ အင္တာနက္လိုင္းမ႐ွိေတာ့တဲ့ ဖုန္း ၊ အားသြင္း charger ၊ ပလုတ္က်င္းတဲ့ေဆးဘူး တို႔သာ ပါ႐ွိခဲ့ပါတယ္ ။ အျခားပစၥည္း တစ္စံုတစ္ခုမွ ယူေဆာင္လာမိခဲ့ျခင္းမ်ိဳး မ႐ွိခဲ့ပါဘူး ။

သို႔ေပမဲ့လည္း Armel ကေတာ့ မိသားစုကို ေထာက္ပံ့ေကြၽးေမြးႏိုင္ဖို႔အတြက္ စင္ကာပူမွာသာ ေနထိုင္ၿပီး အလုပ္လုပ္ကိုင္ရမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ယခုအခ်ိန္မွာေတာ့ ေနစရာေနရာမ႐ွိဘဲ အေတာ္ေလးပင္ပန္းေနၿပီး မိသားစုဝင္ေတြကိုလည္း အေတာ္ေလး လြမ္းမိေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စင်ကာပူနိုင်ငံမှာ သွားရောက်အလုပ်လုက်ကိုင်နေလျက်ရှိတဲ့ အသက် 31နှစ်အရွယ် မလေးရှားနိုင်ငံသားတစ်ဦးဟာ စင်ကာပူနိုင်ငံကနေ မလေးရှားနိုင်ငံသို့ အလောတကြီးပြန်လာဖို့ လုပ်ရင်းကနေ မလေးရှားနိုင်ငံက ပြည်တွင်းပြည်ပ အဝင်အထွက် ပိတ်ပစ်ခဲ့တဲ့အတွက်နေစရာ နေရာမရှိဖြစ်သွားခဲ့ပြီး စင်ကာပူမှာရှိတဲ့ MRT ဘူတာရုံမှာသာ အိပ်စက်ခဲ့ရပါတယ် ။ Armel Sharil အမည်ရှိတဲ့ အဆိုပါအမျိုးသား နဲ့ အခြားအလုပ်သမား 20 ဦးတို့ဟာ အဆိုပါဘူတာရုံမှာ ယာယီနေထိုင်ခဲ့ရပါတယ် ။ အဆိုပါ ဘူတာရုံပိတ်တဲ့ ည 1နာရီအချိန်မှာမှ ဖျာလေးနဲ့ခင်းပြီးအိပ်စက်အနာယူခွင့်ရခဲ့ပြီး ၊ ဘူတာရုံမဖွင့်ခင် မနက် 5နာရီမှာတော့ ပြန်ထခဲ့ကြရပါတယ် ။

Armel ဟာ မလေးရှားသို့ အလောတကြီးပြန်ဖို့ လုပ်ခဲ့ရင်း ပိုက်ဆံအိတ် ၊ အင်တာနက်လိုင်းမရှိတော့တဲ့ ဖုန်း ၊ အားသွင်း charger ၊ ပလုတ်ကျင်းတဲ့ဆေးဘူး တို့သာ ပါရှိခဲ့ပါတယ် ။ အခြားပစ္စည်း တစ်စုံတစ်ခုမှ ယူဆောင်လာမိခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။

သို့ပေမဲ့လည်း Armel ကတော့ မိသားစုကို ထောက်ပံ့ကျွေးမွေးနိုင်ဖို့အတွက် စင်ကာပူမှာသာ နေထိုင်ပြီး အလုပ်လုပ်ကိုင်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ယခုအချိန်မှာတော့ နေစရာနေရာမရှိဘဲ အတော်လေးပင်ပန်းနေပြီး မိသားစုဝင်တွေကိုလည်း အတော်လေး လွမ်းမိကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment