ေလ့လာေတြ႔႐ွိမႈအရ ေသြးအုပ္စု A ေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ပိုမိုလြယ္ကူေန

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ႐ွိတဲ့ ေဆးရံုႀကီး 2ခုမွ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ လူနာေပါင္း 2000 ဦးကို ေလ့လာစစ္ေဆးခဲ့ခ်ိန္မွာေတာ့ A ေသြးအမ်ိဳးအစားပိုင္႐ွင္ေတြဟာ O ေသြးအမ်ိဳးအစားပိုင္႐ွင္ေတြထက္ ကို႐ိုနာဗိုင္းရပ္စ္ပိုမိုကူးစက္ခံခဲ့ရေၾကာင္း ေလ့လာေတြ႔႐ွိခဲ့ရပါတယ္ ။ ဒါေၾကာင့္တာဝန္႐ွိသူေတြက လူနာေတြကို ကုသတဲ့အခ်ိန္မွာ ေသြးအုပ္စုကိုခြဲျခားၿပီးကုသျခင္းက ေရာဂါကူးစက္ပ်ံ့ႏွံမႈကို ထိန္းခ်ဳပ္ႏိုင္လိမ့္မည္ျဖစ္ေၾကာင္း သံုးသပ္ေနေလ့႐ွိပါတယ္ ။

ဝူဟန္ၿမိဳ႕႐ွိ Zhongnan ေဆးရံုမွ သုေတသနပညာ႐ွင္ Wang Xinghuan ရဲ႕ ႐ွာေဖြေတြ႔႐ွိမႈအရ တ႐ုတ္ႏိုင္ငံ႐ွိလူမ်ားဟာ O ေသြးအုပ္စုက ပိုမိုမ်ားျပားေပမဲ့လည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈမွာ Aေသြးအုပ္စုေတြက 41% အထိ႐ွိၿပီး ၊ O ေသြးအုပ္စုမွာေတာ့ 25%သာ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ လက္႐ွိေသဆံုးခဲ့တဲ့ လူနာ 206 ဦးမွာေတာ့ Aေသြးအုပ္စုဟာ 85 ေယာက္႐ွိေနခဲ့ၿပီး ေသဆံုးမႈရဲ႕ 41% ႏွင့္ ညီမ်ွေနေၾကာင္း သိ႐ွိရပါတယ္ ။

သို႔ေပမဲ့လည္း ပညာ႐ွင္မ်ားကေတာ့ ယခုလိုေလ့လာေတြ႐ွိမႈအတြက္ ျပည္သူမ်ားအေနျဖင့္ အလန္႔တၾကားမျဖစ္သြားဖို႔လည္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ” ကိုယ္က ေသြးအုပ္စု A ဆိုၿပီး ေၾကာက္စိတ္မႊန္သြားတာမ်ိဳး မျဖစ္ပါနဲ႔ ၊ အဲ့တာက 100 % လံုးဝကူးစက္ခံရမွာလို႔ မဆိုလိုထားပါဘူး ။ ကိုယ္က O ေသြးအုပ္စု ျဖစ္ေနခဲ့မယ္ဆိုရင္လည္း လံုးဝလံုျခံဳစိတ္ခ်ရၿပီလို႔ မထင္ပါနဲ႔ ၊ လက္ေတြကို အျမဲေဆးေၾကာသင့္ၿပီး အစိုးရကခ်မွတ္ထားတဲ့ က်န္းမာေရးနည္းလမ္းအတိုင္း ေနထိုင္ရပါမယ္ ။ “ဆိုၿပီး တ႐ုတ္ႏိုင္ငံမွ သုေတသနပညာ႐ွင္ Gao Yingdai က႐ွင္းလင္းေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source:Metro

Unicode

တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိတဲ့ ဆေးရုံကြီး 2ခုမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာပေါင်း 2000 ဦးကို လေ့လာစစ်ဆေးခဲ့ချိန်မှာတော့ A သွေးအမျိုးအစားပိုင်ရှင်တွေဟာ O သွေးအမျိုးအစားပိုင်ရှင်တွေထက် ကိုရိုနာဗိုင်းရပ်စ်ပိုမိုကူးစက်ခံခဲ့ရကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့်တာဝန်ရှိသူတွေက လူနာတွေကို ကုသတဲ့အချိန်မှာ သွေးအုပ်စုကိုခွဲခြားပြီးကုသခြင်းက ရောဂါကူးစက်ပျံ့နှံမှုကို ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်နေလေ့ရှိပါတယ် ။

ဝူဟန်မြို့ရှိ Zhongnan ဆေးရုံမှ သုတေသနပညာရှင် Wang Xinghuan ရဲ့ ရှာဖွေတွေ့ရှိမှုအရ တရုတ်နိုင်ငံရှိလူများဟာ O သွေးအုပ်စုက ပိုမိုများပြားပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ Aသွေးအုပ်စုတွေက 41% အထိရှိပြီး ၊ O သွေးအုပ်စုမှာတော့ 25%သာရှိကြောင်း သိရှိရပါတယ် ။ လက်ရှိသေဆုံးခဲ့တဲ့ လူနာ 206 ဦးမှာတော့ Aသွေးအုပ်စုဟာ 85 ယောက်ရှိနေခဲ့ပြီး သေဆုံးမှုရဲ့ 41% နှင့် ညီမျှနေကြောင်း သိရှိရပါတယ် ။

သို့ပေမဲ့လည်း ပညာရှင်များကတော့ ယခုလိုလေ့လာတွေရှိမှုအတွက် ပြည်သူများအနေဖြင့် အလန့်တကြားမဖြစ်သွားဖို့လည်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ” ကိုယ်က သွေးအုပ်စု A ဆိုပြီး ကြောက်စိတ်မွှန်သွားတာမျိုး မဖြစ်ပါနဲ့ ၊ အဲ့တာက 100 % လုံးဝကူးစက်ခံရမှာလို့ မဆိုလိုထားပါဘူး ။ ကိုယ်က O သွေးအုပ်စု ဖြစ်နေခဲ့မယ်ဆိုရင်လည်း လုံးဝလုံခြုံစိတ်ချရပြီလို့ မထင်ပါနဲ့ ၊ လက်တွေကို အမြဲဆေးကြောသင့်ပြီး အစိုးရကချမှတ်ထားတဲ့ ကျန်းမာရေးနည်းလမ်းအတိုင်း နေထိုင်ရပါမယ် ။ “ဆိုပြီး တရုတ်နိုင်ငံမှ သုတေသနပညာရှင် Gao Yingdai ကရှင်းလင်းပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment