ခႏၶာကိုယ္တစ္ခုလံုး မီးေလာင္ကြၽမ္းေနသလိုခံစားေနရေၾကာင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့လူနာ ဖြင့္ဟ

အဂၤလန္ႏိုင္ငံ ၊ Newcastle ၿမိဳ႕မွာ ေနထိုင္တဲ့ ကေလး3ေယာက္အေမ Mandy Charlton အမည္႐ွိတဲ့ အမ်ိဳးသမီးဟာ သူမရဲ႕ကိုယ္အပူခ်ိန္ 38’C ထက္ပိုေနခဲ့လို႔ အေရးေပၚလူနာတင္ကားနဲ႔ ေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ျခင္းခံခဲ့ရပါတယ္ ။ ယခုဆိုရင္ သူမဟာ ေနအိမ္မွာပဲ တစ္ပတ္လံုးလံုး သီးသန္႔ခြဲၿပီးေနထိုင္ေနရလ်က္႐ွိတဲ့အျပင္ ၊ တစ္ရက္ကို နာရီ 20 ခန္႔ အိပ္စက္ေနရကာ Paracetamol ေသာက္ၿပီး ျပန္လည္ေနေကာင္းေအာင္ ကုသေနရလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ Mandy ရဲ႕ေျပာျပခ်က္အရ ” ကြၽန္မရဲ႕ ကိုယ္အပူခ်ိန္က 37.9 ကေန 39 အထိ ေက်ာ္တက္သြားပါတယ္ ၊ ကြၽန္မရဲ႕လည္ေခ်ာင္းေတြကလည္း ထူးဆန္းစြာေျခာက္ကပ္ေနၿပီး အေတာ္ေလးနာက်င္ေနခဲ့ပါတယ္ ။ ကြၽန္မရဲ႕ ခႏၶာကိုယ္တစ္ခုလံုးမီးေလာင္ေနသလို ျဖစ္ေနၿပီး ေခြၽးေတြကလည္းခြၽဲခြၽဲစိုေနခဲ့ပါတယ္ ၊ ကြၽန္မအရင္ကလည္း တုပ္ေကြးျဖစ္ဖူးခဲ့ေပမဲ့ ဒီတစ္ေခါက္ကေတာ့ အေတာ္ေလးကြဲျပားေနခဲ့တာပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

ထို႔အျပင္ ” ကြၽန္မေဆးရံုကို ေရာက္သြားေတာ့ သူတို႔က အိမ္ျပန္လို႔ရတယ္ ၿပီးေတာ့ သီးသန္႔ခြဲေနရမယ္ဆိုၿပီး ေျပာေတာ့ ကြၽန္မကိုအိမ္ဘယ္လိုျပန္ရမလဲဆိုေတာ့ သူတို႔က 9နာရီေလာက္ေစာင့္ေပးႏိုင္ရင္ ဝန္ထမ္းေတြကအိမ္ျပန္ပို႔ေပးပါ့မယ္ ဒါမွမဟုတ္ သူငယ္ခ်င္းေတြကို ဆက္သြယ္ၿပီး လာႀကိဳခိုင္းလို႔ရတယ္ဆိုၿပီး ေျပာခဲ့ပါတယ္ ။ ကြၽန္မေၾကာက္စိတ္ေတြမြန္းေနခဲ့ေပမဲ့ အသက္နဲ႔ရင္းၿပီး ကြၽန္မကို အိမ္ျပန္ပို႔ေပးတဲ့ သူငယ္ခ်င္းကို ေက်းဇူးတင္မိပါတယ္ ၊ ဆရာဝန္နဲ႔ သူနာျပဳေတြကို အျပစ္မျမင္ေပမဲ့ ကြၽန္မတို႔ရဲ႕အစိုးရကိုေတာ့ စိတ္ဆိုးေဒါသထြက္မိတယ္ ” ဆိုၿပီေျဖၾကားခဲ့ပါတယ္ ။

သူမရဲ႕ သမီးျဖစ္သူက ေက်ာင္းကေန ဖ်ားနာလာခဲ့ၿပီးေနာက္ သူမထံသို႔ေရာဂါကူးစက္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ သူမဟာ ေဆးရံုမွာ 12 နာရီခန္႔ေနခဲ့ရၿပီးေနာက္မွာမွ ေဆးရံုဆင္းခြင့္ရခဲ့ၿပီး ေနအိမ္မွာသီးသန္႔ေနထိုင္ခဲ့ရတာ ျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: Metro

Unicode

အင်္ဂလန်နိုင်ငံ ၊ Newcastle မြို့မှာ နေထိုင်တဲ့ ကလေး3ယောက်အမေ Mandy Charlton အမည်ရှိတဲ့ အမျိုးသမီးဟာ သူမရဲ့ကိုယ်အပူချိန် 38’C ထက်ပိုနေခဲ့လို့ အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ခြင်းခံခဲ့ရပါတယ် ။ ယခုဆိုရင် သူမဟာ နေအိမ်မှာပဲ တစ်ပတ်လုံးလုံး သီးသန့်ခွဲပြီးနေထိုင်နေရလျက်ရှိတဲ့အပြင် ၊ တစ်ရက်ကို နာရီ 20 ခန့် အိပ်စက်နေရကာ Paracetamol သောက်ပြီး ပြန်လည်နေကောင်းအောင် ကုသနေရလျက်ရှိကြောင်း သိရှိရပါတယ် ။ Mandy ရဲ့ပြောပြချက်အရ ” ကျွန်မရဲ့ ကိုယ်အပူချိန်က 37.9 ကနေ 39 အထိ ကျော်တက်သွားပါတယ် ၊ ကျွန်မရဲ့လည်ချောင်းတွေကလည်း ထူးဆန်းစွာခြောက်ကပ်နေပြီး အတော်လေးနာကျင်နေခဲ့ပါတယ် ။ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်နေသလို ဖြစ်နေပြီး ချွေးတွေကလည်းချွဲချွဲစိုနေခဲ့ပါတယ် ၊ ကျွန်မအရင်ကလည်း တုပ်ကွေးဖြစ်ဖူးခဲ့ပေမဲ့ ဒီတစ်ခေါက်ကတော့ အတော်လေးကွဲပြားနေခဲ့တာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

ထို့အပြင် ” ကျွန်မဆေးရုံကို ရောက်သွားတော့ သူတို့က အိမ်ပြန်လို့ရတယ် ပြီးတော့ သီးသန့်ခွဲနေရမယ်ဆိုပြီး ပြောတော့ ကျွန်မကိုအိမ်ဘယ်လိုပြန်ရမလဲဆိုတော့ သူတို့က 9နာရီလောက်စောင့်ပေးနိုင်ရင် ဝန်ထမ်းတွေကအိမ်ပြန်ပို့ပေးပါ့မယ် ဒါမှမဟုတ် သူငယ်ချင်းတွေကို ဆက်သွယ်ပြီး လာကြိုခိုင်းလို့ရတယ်ဆိုပြီး ပြောခဲ့ပါတယ် ။ ကျွန်မကြောက်စိတ်တွေမွန်းနေခဲ့ပေမဲ့ အသက်နဲ့ရင်းပြီး ကျွန်မကို အိမ်ပြန်ပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်မိပါတယ် ၊ ဆရာဝန်နဲ့ သူနာပြုတွေကို အပြစ်မမြင်ပေမဲ့ ကျွန်မတို့ရဲ့အစိုးရကိုတော့ စိတ်ဆိုးဒေါသထွက်မိတယ် ” ဆိုပြီဖြေကြားခဲ့ပါတယ် ။

သူမရဲ့ သမီးဖြစ်သူက ကျောင်းကနေ ဖျားနာလာခဲ့ပြီးနောက် သူမထံသို့ရောဂါကူးစက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမဟာ ဆေးရုံမှာ 12 နာရီခန့်နေခဲ့ရပြီးနောက်မှာမှ ဆေးရုံဆင်းခွင့်ရခဲ့ပြီး နေအိမ်မှာသီးသန့်နေထိုင်ခဲ့ရတာ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment