အစားအေသာက္မ႐ွိေတာ့လို႔ ေပါင္မုန္႔ကိုေရနဲ႔ေဖ်ာ္ၿပီး စားေနခဲ့ရတဲ့အဘိုးအိုရဲ႕အျဖစ္

မေလး႐ွားႏိုင္ငံ Perak ျပည္နယ္မွာေနထိုင္တဲ့ Saat Tapah အမည္႐ွိတဲ့ အသက္ 69 ႏွစ္အရြယ္အဘိုးအိုဟာ ငါးဖမ္းအလုပ္လုပ္ကိုင္ေနေပမဲ့ ယခုလက္႐ွိျဖစ္ပြားေနတဲ့ေရာဂါအေျခအေနေတြေၾကာင့္ အိမ္ျပင္ထြက္ၿပီး ငါးဖမ္းမထြက္ႏိုင္ေတာ့တဲ့အဆံုး ၊ အိမ္မွာ႐ွိေနတဲ့ အစားအေသာက္အနည္းငယ္သာ ဆက္ၿပီး႐ွင္သန္ေနရပါတယ္ ။ ထို႔အျပင္ အဘိုးအိုက ” ကြၽန္ေတာ္ ပင္လယ္ထဲသြားမရေတာ့တဲ့အဆံုး ၊ ႐ွိတာနဲ႔ပဲစားေနရတာ ၊ ဆန္ေလးတစ္ထုပ္ကေတာ့ တစ္လေလာက္ေတာ့ စားရအံုးမွာပါ ၊ ဟင္းေတြမ႐ွိတဲ့အဆံုး ထမင္းနဲ႔ဆား သာစားေနရပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါေသးတယ္ ။ Saat ဟာ လက္ထဲပိုက္ဆံမ႐ွိေတာ့လို႔ သူငယ္ခ်င္းထံကေနပိုက္ဆံ RM 5 ေခ်ငွါးၿပီး ေပါင္းမုန္႔ဝယ္ခဲ့ပါတယ္ ။ ေပါင္မုန္႔ 3ခ်ပ္ကို ေရနဲ႔ေဖ်ာ္ၿပီးေနာက္ မနက္စာ ၊ ေန႔လယ္စာ ၊ ညစာ ဆိုၿပီး 3နပ္အထိ စားခဲ့ရပါတယ္ ။

Saat ဟာ ဇနီး ႏွင့္ သားတစ္ဦး႐ွိခဲ့ေပမဲ့လည္း ဇနီးနဲ႔ကြာ႐ွင္းထားခဲ့ၿပီးျဖစ္ကာ ၊ သားျဖစ္သူမွာလည္း အသက္ 16 ႏွစ္ကတည္းက ေနအိမ္ကေနထြက္သြားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ယခုလက္႐ွိ Saat ရဲ႕အေျခအေနကို အကူအညီေပးႏိုင္ဖို႔ သူ၏ေဆြးမ်ိဳးေတာ္စပ္သူတစ္ဦးက ကူညီကယ္ဆယ္မႈေပးေနတဲ့ ေစတနာဝန္ထမ္းမ်ားကိုဆက္သြယ္ၿပီး အကူအညီေတာင္းဆိုခဲ့ပါတယ္ ။

အဆိုပါေစတနာ့ဝန္ထမ္းအဖြဲ႔က Satt ကို ေနအိမ္အထိလာေရာက္ကူညီေပးခဲ့ၿပီး လိုအပ္သည့္အစားအေသာက္မ်ား ႏွင့္ ေငြေၾကးတို႔ကိုပါ ေထာက္ပံ့ေပးခဲ့ပါတယ္ ။ ထို႔အျပင္ Saat ရဲ႕ ေနထိုင္စားေသာက္ေနရမႈအေျခအေနဟာ ျမင္ေတြ႔ရသူတိုင္းကို စိတ္ထိခိုက္ဝမ္းနည္းေစတဲ့အထိျဖစ္ေစခဲ့ေၾကာင္း ေစတနာ့ဝန္ထမ္းမ်ားကေျပာဆိုခဲ့တဲ့အျပင္ Saat ကဲ့သို႔အခက္အခဲ႐ွိေနသူမ်ားကို ကူညီေပးဖို႔ အသင့္ျဖစ္ေနေၾကာင္းလည္းေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ Perak ပြည်နယ်မှာနေထိုင်တဲ့ Saat Tapah အမည်ရှိတဲ့ အသက် 69 နှစ်အရွယ်အဘိုးအိုဟာ ငါးဖမ်းအလုပ်လုပ်ကိုင်နေပေမဲ့ ယခုလက်ရှိဖြစ်ပွားနေတဲ့ရောဂါအခြေအနေတွေကြောင့် အိမ်ပြင်ထွက်ပြီး ငါးဖမ်းမထွက်နိုင်တော့တဲ့အဆုံး ၊ အိမ်မှာရှိနေတဲ့ အစားအသောက်အနည်းငယ်သာ ဆက်ပြီးရှင်သန်နေရပါတယ် ။ ထို့အပြင် အဘိုးအိုက ” ကျွန်တော် ပင်လယ်ထဲသွားမရတော့တဲ့အဆုံး ၊ ရှိတာနဲ့ပဲစားနေရတာ ၊ ဆန်လေးတစ်ထုပ်ကတော့ တစ်လလောက်တော့ စားရအုံးမှာပါ ၊ ဟင်းတွေမရှိတဲ့အဆုံး ထမင်းနဲ့ဆား သာစားနေရပါတယ် ” ဆိုပြီး ပြောပြခဲ့ပါသေးတယ် ။ Saat ဟာ လက်ထဲပိုက်ဆံမရှိတော့လို့ သူငယ်ချင်းထံကနေပိုက်ဆံ RM 5 ချေငှါးပြီး ပေါင်းမုန့်ဝယ်ခဲ့ပါတယ် ။ ပေါင်မုန့် 3ချပ်ကို ရေနဲ့ဖျော်ပြီးနောက် မနက်စာ ၊ နေ့လယ်စာ ၊ ညစာ ဆိုပြီး 3နပ်အထိ စားခဲ့ရပါတယ် ။

Saat ဟာ ဇနီး နှင့် သားတစ်ဦးရှိခဲ့ပေမဲ့လည်း ဇနီးနဲ့ကွာရှင်းထားခဲ့ပြီးဖြစ်ကာ ၊ သားဖြစ်သူမှာလည်း အသက် 16 နှစ်ကတည်းက နေအိမ်ကနေထွက်သွားခဲ့ကြောင်း သိရှိရပါတယ် ။ ယခုလက်ရှိ Saat ရဲ့အခြေအနေကို အကူအညီပေးနိုင်ဖို့ သူ၏ဆွေးမျိုးတော်စပ်သူတစ်ဦးက ကူညီကယ်ဆယ်မှုပေးနေတဲ့ စေတနာဝန်ထမ်းများကိုဆက်သွယ်ပြီး အကူအညီတောင်းဆိုခဲ့ပါတယ် ။

အဆိုပါစေတနာ့ဝန်ထမ်းအဖွဲ့က Satt ကို နေအိမ်အထိလာရောက်ကူညီပေးခဲ့ပြီး လိုအပ်သည့်အစားအသောက်များ နှင့် ငွေကြေးတို့ကိုပါ ထောက်ပံ့ပေးခဲ့ပါတယ် ။ ထို့အပြင် Saat ရဲ့ နေထိုင်စားသောက်နေရမှုအခြေအနေဟာ မြင်တွေ့ရသူတိုင်းကို စိတ်ထိခိုက်ဝမ်းနည်းစေတဲ့အထိဖြစ်စေခဲ့ကြောင်း စေတနာ့ဝန်ထမ်းများကပြောဆိုခဲ့တဲ့အပြင် Saat ကဲ့သို့အခက်အခဲရှိနေသူများကို ကူညီပေးဖို့ အသင့်ဖြစ်နေကြောင်းလည်းပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment