ကုသမႈမခံယူခ်င္လို႔ဆိုၿပီး သူနာျပဳရဲ႕မ်က္ႏွာကို ထိုးၾကိတ္ပစ္ခဲ့တဲ့ လူနာ

ယခုလိုကမာၻ ့ကပ္ေရာဂါႀကီးျဖစ္ပြားေနတဲ့အခ်ိန္မွာ လူေတြကိုကယ္တင္ေပးေနတဲ့သူရဲေကာင္းေတြကေတာ့ အသက္စြန္႔ၿပီးလူနာေတြကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြပါပဲ ။ သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံ Guangzhou ၿမိဳ႕မွာ ေဆးကုသခံယူေနတဲ့ အသက္47ႏွစ္အရြယ္ Covid-19 လူနာ ကေတာ့ေရာဂါမကုသခ်င္ေတာ့ဘူးဆိုၿပီး ကုသမႈေပးေနတဲ့ သူနာျပဳမေလးကို ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ပစ္ခဲ့ပါတယ္ ။ အဆိုပါလူနာကေတာ့ မတ္လ 20 ရက္ေန႔က ႏိုင္ဂ်ီးရီးယားႏိုင္ငံကေန တ႐ုတ္ႏိုင္ငံ Guangzhou ၿမိဳ႕သို႔ဝင္ေရာက္လာတဲ့ Okonwonwoye Chika Patrick အမည္႐ွိတဲ့အမ်ိဳးသားျဖစ္ၿပီး စစ္ေဆးမႈမ်ားခံယူၿပီးတဲ့အခ်ိန္မွာေတာ့ Covid – 19 positive ဆိုၿပီး အေျဖထြက္ခဲ့ပါတယ္ ။ ထို႔ေနာက္ မတ္လ 23 ရက္ေန႔မွာေတာ့ ေဆးရံုတက္ၿပီးေရာဂါကုသမႈခံယူခဲ့ေပမဲ့လည္း ယခုခ်ိန္ထိေရာဂါသက္သာေပ်ာက္ကင္းသြားျခင္းမ႐ွိေသးပါဘူး ။

Aprilလ 1 ရက္ေန႔မွာေတာ့ အဆိုပါလူနာဟာ သီသန္႔ခြဲျခားေစာင့္ၾကည့္ခံထားရတဲ့လူနာေဆာင္ကေန ထြက္ေျပးဖို႔ႀကိဳးစားခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ သူနာျပဳမေလးက လူနာကိုထြက္မသြားဖို႔ ႏွင့္ ကုသမႈခံယူဖို႔ တားျမစ္ခဲ့ရင္းကေန လူနာျဖစ္သူမွ တာဝန္႐ွိသူ သူနာျပဳရဲ႕မ်က္ႏွာကို ထိုးႀကိတ္ပစ္ခဲ့ပါေတာ့တယ္ ။

သူနာျပဳမွာေတာ့ မ်က္ႏွာ ၊ လည္ပင္း ႏွင့္ ခါးတို႔တြင္း ထိခိုက္ဒဏ္ရာရ႐ွိခဲ့ေပမဲ့လည္း အေသးအဖြဲ႔ထိခိုက္နာက်င္မႈအျဖစ္သာ သတ္မွတ္ခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ အဆိုပါလူနာရဲ႕ ကိုယ္ထိလက္ေရာက္ျပဳမႈခဲ့ေသာ လုပ္ရပ္အတြက္ ရဲအရာ႐ွိမ်ားကအမႈဖြင့္အေရးယူထားခဲ့ၿပီး ၊ အဆိုပါလူနာ ေဆးကုသမႈခံယူၿပီး သက္သာေပ်ာက္ကင္းသြားတဲ့အခ်ိန္မွာေတာ့ ဥပေဒအရ အျပစ္ေပးအေရးယူသြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလိုကမ္ဘာ့ကပ်ရောဂါကြီးဖြစ်ပွားနေတဲ့အချိန်မှာ လူတွေကိုကယ်တင်ပေးနေတဲ့သူရဲကောင်းတွေကတော့ အသက်စွန့်ပြီးလူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါပဲ ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံ Guangzhou မြို့မှာ ဆေးကုသခံယူနေတဲ့ အသက်47နှစ်အရွယ် Covid-19 လူနာ ကတော့ရောဂါမကုသချင်တော့ဘူးဆိုပြီး ကုသမှုပေးနေတဲ့ သူနာပြုမလေးကို ကိုယ်ထိလက်ရောက်ရိုက်နှက်ပစ်ခဲ့ပါတယ် ။ အဆိုပါလူနာကတော့ မတ်လ 20 ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံကနေ တရုတ်နိုင်ငံ Guangzhou မြို့သို့ဝင်ရောက်လာတဲ့ Okonwonwoye Chika Patrick အမည်ရှိတဲ့အမျိုးသားဖြစ်ပြီး စစ်ဆေးမှုများခံယူပြီးတဲ့အချိန်မှာတော့ Covid – 19 positive ဆိုပြီး အဖြေထွက်ခဲ့ပါတယ် ။ ထို့နောက် မတ်လ 23 ရက်နေ့မှာတော့ ဆေးရုံတက်ပြီးရောဂါကုသမှုခံယူခဲ့ပေမဲ့လည်း ယခုချိန်ထိရောဂါသက်သာပျောက်ကင်းသွားခြင်းမရှိသေးပါဘူး ။

Aprilလ 1 ရက်နေ့မှာတော့ အဆိုပါလူနာဟာ သီသန့်ခွဲခြားစောင့်ကြည့်ခံထားရတဲ့လူနာဆောင်ကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သူနာပြုမလေးက လူနာကိုထွက်မသွားဖို့ နှင့် ကုသမှုခံယူဖို့ တားမြစ်ခဲ့ရင်းကနေ လူနာဖြစ်သူမှ တာဝန်ရှိသူ သူနာပြုရဲ့မျက်နှာကို ထိုးကြိတ်ပစ်ခဲ့ပါတော့တယ် ။

သူနာပြုမှာတော့ မျက်နှာ ၊ လည်ပင်း နှင့် ခါးတို့တွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့လည်း အသေးအဖွဲ့ထိခိုက်နာကျင်မှုအဖြစ်သာ သတ်မှတ်ခဲ့ပါတယ် ။ ယခုချိန်မှာတော့ အဆိုပါလူနာရဲ့ ကိုယ်ထိလက်ရောက်ပြုမှုခဲ့သော လုပ်ရပ်အတွက် ရဲအရာရှိများကအမှုဖွင့်အရေးယူထားခဲ့ပြီး ၊ အဆိုပါလူနာ ဆေးကုသမှုခံယူပြီး သက်သာပျောက်ကင်းသွားတဲ့အချိန်မှာတော့ ဥပဒေအရ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment