Mask ဝယ္ဖို႔တန္းစီေစာင့္ေနစဥ္ ၾကမ္းတမ္းစြာလုယက္မႈခံခဲ့ရတဲ့ အမ်ိဳးသမီးရဲ႕အျဖစ္

Covid – 19 ကူးစက္ခံရမႈတိုးပြားလာတာနဲ႔အမ်ွ အခ်ိဳ႕ေနရာမွာလည္း ခိုးယူလုယက္မႈေတြ တိုးပြားလာေနလ်က္႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက အသက္ 44 ႏွစ္အရြယ္အမ်ိဳးသမီးဟာ mask ဝယ္ဖို႔ ေဆးဆိုင္ရဲ႕အျပင္ဖက္မွာတန္းစီေစာင့္ေနစဥ္ ေန႔ခင္ေၾကာင္ေတာင္ၾကမ္းတမ္းစြာ လုယက္မႈမ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရပါတယ္ ။ CCTV မွာေဖာ္ျပထားခ်က္အရ သူမဟာေဆးဆိုင္အျပင္ဖက္မွာနံပါတ္အစဥ္လိုက္တိုင္း ရပ္ေစာင့္ေနၿပီး ၊ ေဆးဆိုင္ထဲ႐ွိ ဝန္ထမ္းမ်ားကလည္း နံပါတ္အစဥ္လိုက္အတိုင္း mask မ်ားကိုေရာင္းခ်ေပးေနခဲ့ၾကတာပါ ။ ထိုအခ်ိန္မွာပဲ သူမရဲ႕အေနာက္ဖက္ကို အမ်ိဳးသားႏွစ္ေယာက္စီးနင္လာခဲ့တဲ့ဆိုင္ကယ္တစ္စီးက ျဖတ္ေမာင္းသြားခဲ့ပါတယ္ ။

အဆိုပါဆိုင္ကယ္ေပၚမွ အမ်ိဳးသားတစ္ေယာက္ဟာ ဆိုင္ကယ္ေပၚကေန ဆင္းလာခဲ့ၿပီး သူမသတိမထားမိလိုက္ခ်ိန္မွာဘဲ သူမရဲ႕အေနာက္ဖက္ကေန သူမရဲ႕အိတ္ကိုအားျပင္းစြာနဲ႔ ေစာင့္ဆြဲကာလုယုခဲ့လို႔ သူမဟာေျမျပင္ေပၚလဲက်ၿပီး တရြတ္တိုက္ဆြဲပါသြားတဲ့အထိပါပဲ ။ အဆိုပါအမ်ိဳးသမီးမွာေတာ့ ဦးေခါင္း ၊ လက္ေမာင္း ႏွင့္ ေျခေထာက္တို႔မွာ ထိခိုက္ဒဏ္ရာရ႐ွိခဲ့တဲ့အျပင္ ၊ သူမရဲ႕ ပိုက္ဆံ ၊ ႏိုင္ငံသားစီစစ္ေရးကပ္ျပား ႏွင့္ credit card မ်ားလည္း အဆိုပါအိတ္ထဲတြင္ ပါသြားခဲ့ေသးေၾကာင္းသိ႐ွိရပါတယ္ ။

လက္႐ွိမွာေတာ့ အဆိုပါအမႈကိုရဲအရာ႐ွိမ်ားက စံုစမ္းစစ္ေဆးေနလ်က္႐ွိၿပီး ၊ ၎လုယက္သူမ်ားစီးနင္လာခဲ့တဲ့ ဆိုင္ကယ္နံပါတ္ျပားမွာလည္း နံပါတ္အတုမ်ားျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ယခုလိုလူအမ်ားစု ကပ္ေရာဂါေၾကာင့္စားဝတ္ေနေရးခက္ခဲေနခ်ိန္မွာ လုယက္မႈ ၊ ဒုစ႐ိုက္မႈေတြ ပိုၿပီးတိုးပြားလာမွာကိုလည္း လူအမ်ားကစိုးရိမ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Covid – 19 ကူးစက်ခံရမှုတိုးပွားလာတာနဲ့အမျှ အချို့နေရာမှာလည်း ခိုးယူလုယက်မှုတွေ တိုးပွားလာနေလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အသက် 44 နှစ်အရွယ်အမျိုးသမီးဟာ mask ဝယ်ဖို့ ဆေးဆိုင်ရဲ့အပြင်ဖက်မှာတန်းစီစောင့်နေစဉ် နေ့ခင်ကြောင်တောင်ကြမ်းတမ်းစွာ လုယက်မှုမျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ CCTV မှာဖော်ပြထားချက်အရ သူမဟာဆေးဆိုင်အပြင်ဖက်မှာနံပါတ်အစဉ်လိုက်တိုင်း ရပ်စောင့်နေပြီး ၊ ဆေးဆိုင်ထဲရှိ ဝန်ထမ်းများကလည်း နံပါတ်အစဉ်လိုက်အတိုင်း mask များကိုရောင်းချပေးနေခဲ့ကြတာပါ ။ ထိုအချိန်မှာပဲ သူမရဲ့အနောက်ဖက်ကို အမျိုးသားနှစ်ယောက်စီးနင်လာခဲ့တဲ့ဆိုင်ကယ်တစ်စီးက ဖြတ်မောင်းသွားခဲ့ပါတယ် ။

အဆိုပါဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ယောက်ဟာ ဆိုင်ကယ်ပေါ်ကနေ ဆင်းလာခဲ့ပြီး သူမသတိမထားမိလိုက်ချိန်မှာဘဲ သူမရဲ့အနောက်ဖက်ကနေ သူမရဲ့အိတ်ကိုအားပြင်းစွာနဲ့ စောင့်ဆွဲကာလုယုခဲ့လို့ သူမဟာမြေပြင်ပေါ်လဲကျပြီး တရွတ်တိုက်ဆွဲပါသွားတဲ့အထိပါပဲ ။ အဆိုပါအမျိုးသမီးမှာတော့ ဦးခေါင်း ၊ လက်မောင်း နှင့် ခြေထောက်တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ၊ သူမရဲ့ ပိုက်ဆံ ၊ နိုင်ငံသားစီစစ်ရေးကပ်ပြား နှင့် credit card များလည်း အဆိုပါအိတ်ထဲတွင် ပါသွားခဲ့သေးကြောင်းသိရှိရပါတယ် ။

လက်ရှိမှာတော့ အဆိုပါအမှုကိုရဲအရာရှိများက စုံစမ်းစစ်ဆေးနေလျက်ရှိပြီး ၊ ၎င်းလုယက်သူများစီးနင်လာခဲ့တဲ့ ဆိုင်ကယ်နံပါတ်ပြားမှာလည်း နံပါတ်အတုများဖြစ်ကြောင်း သိရှိရပါတယ် ။ ယခုလိုလူအများစု ကပ်ရောဂါကြောင့်စားဝတ်နေရေးခက်ခဲနေချိန်မှာ လုယက်မှု ၊ ဒုစရိုက်မှုတွေ ပိုပြီးတိုးပွားလာမှာကိုလည်း လူအများကစိုးရိမ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment