လူအသြားအလာမ႐ွိေတာ့လို႔ ေန႔ခင္ေၾကာင္ေတာင္ ေနအိမ္ထဲထိ gasအိုးဝင္ခိုးခဲ့တဲ့ သူခိုး

မေလး႐ွားႏိုင္ငံဟာ ေရာဂါအေျခအေနေၾကာင့္ ယခုအခ်ိန္ထိ ျပည္သူေတြကိုေနအိမ္မွာသာ သီးသန္႔ေနထိုင္ခိုင္းလ်က္ရွိေနလို့ ရပ္ကြက္အေတာ္မ်ားမ်ားဟာ တိတ္ဆိတ္ၿငိမ္သက္ေနလ်က္႐ွိပါတယ္ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာ မသမာသူေတြကအဆိုပါတိတ္ဆိတ္ၿငိမ္သက္ေနမႈကိုအခြင့္ေကာင္းယူၿပီး ခိုးယူလုယက္မႈမ်ားကို မေၾကာက္မလန္႔ေတာ့ပဲ ေန႔ခင္ေၾကာင္ေတာင္ေပၚတင္လုပ္ေဆာင္လာၾကပါေတာ့တယ္ ။ မတ္လ 30 ရက္ေန႔က ေဖာ္ျပထားတဲ့ CCTV ႐ုပ္သံတစ္ခုမွာဆိုရင္ မေလး႐ွားႏိုင္ငံ ၊ Rawang ၿမိဳ႕ရဲ႕ ေနအိမ္တစ္ခုမွာ ဆိုင္ကယ္တစ္စီးနဲ႔အမ်ိဳးသားတစ္ေယာက္ဟာ ေနအိမ္ရဲ႕အုတ္နံရံေပၚအထိတက္ၿပီး အိမ္ထဲမွ gas အိုးႀကီးကို မေၾကာက္မလန္႔ပဲေပၚတင္ခိုးယူခဲ့ပါတယ္ ။

ထို႔ေနာက္ အဆိုပါသူခိုးဟာ gas အိုးႀကီးကို အုတ္နံရံေပၚတင္ထားၿပီး ၊ ဆိုင္ကယ္ဆီသို႔ေျပးသြားၿပီး သယ္ယူသြားဖို႔လုပ္ေနတုန္း gas အိုးႀကီးဟာေအာက္ဖက္ ေရေျမာင္းရဲ႕အဖံုးေပၚသို႔ျပဳတ္က်သြားခဲ့ပါတယ္ ။ အသံက်ယ္ေလာင္စြာထြက္ခဲ့ၿပီး ေရေျမာင္းဖံုးမွာ ကြဲထြက္သြားခဲ့ေပမဲ့လည္း သူခိုးမွာေတာ့ လံုးဝတုန္လႈပ္သြားပံုမရဘဲ ေအးေဆးတည္ၿငိမ္စြာ gas အိုးႀကီးကိုဆိုင္ကယ္ေပၚတင္ၿပီး ထြက္ခြာသြားခဲ့ပါတယ္ ။

အဆိုပါ video ကိုျမင္ၿပီး လူအမ်ားစုက ဝါရင့္ေနၿပီျဖစ္တဲ့သူခိုးျဖစ္ေနလို႔ ေၾကာက္ရြံ႔မႈမ႐ွိေတာ့ဘဲ လက္ရဲလြန္းတဲ့သူခိုးဆိုၿပီး ေျပာဆိုေနၾကေပမဲ့လည္း ၊ အခ်ိဳ႕ကေတာ့ လူေတြက ေနအိမ္အျပင္ထြက္ျခင္းမ်ိဳးမ႐ွိေတာ့ဘဲ တိတ္ဆိတ္ၿငိမ္သက္ေနလြန္းလို႔ သူခိုးေတြကေၾကာက္ရြံမႈမ႐ွိေတာ့တာျဖစ္ေၾကာင္း မ်ိဳးစံုသံုးသပ္ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံဟာ ရောဂါအခြေအနေကြောင့် ယခုအချိန်ထိ ပြည်သူတွေကိုနေအိမ်မှာသာ သီးသန့်နေထိုင်ခိုင်းလျက်ရှိနေလို့ ရပ်ကွက်အတော်များများဟာ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း အချို့သော မသမာသူတွေကအဆိုပါတိတ်ဆိတ်ငြိမ်သက်နေမှုကိုအခွင့်ကောင်းယူပြီး ခိုးယူလုယက်မှုများကို မကြောက်မလန့်တော့ပဲ နေ့ခင်ကြောင်တောင်ပေါ်တင်လုပ်ဆောင်လာကြပါတော့တယ် ။ မတ်လ 30 ရက်နေ့က ဖော်ပြထားတဲ့ CCTV ရုပ်သံတစ်ခုမှာဆိုရင် မလေးရှားနိုင်ငံ ၊ Rawang မြို့ရဲ့ နေအိမ်တစ်ခုမှာ ဆိုင်ကယ်တစ်စီးနဲ့အမျိုးသားတစ်ယောက်ဟာ နေအိမ်ရဲ့အုတ်နံရံပေါ်အထိတက်ပြီး အိမ်ထဲမှ gas အိုးကြီးကို မကြောက်မလန့်ပဲပေါ်တင်ခိုးယူခဲ့ပါတယ် ။

ထို့နောက် အဆိုပါသူခိုးဟာ gas အိုးကြီးကို အုတ်နံရံပေါ်တင်ထားပြီး ၊ ဆိုင်ကယ်ဆီသို့ပြေးသွားပြီး သယ်ယူသွားဖို့လုပ်နေတုန်း gas အိုးကြီးဟာအောက်ဖက် ရေမြောင်းရဲ့အဖုံးပေါ်သို့ပြုတ်ကျသွားခဲ့ပါတယ် ။ အသံကျယ်လောင်စွာထွက်ခဲ့ပြီး ရေမြောင်းဖုံးမှာ ကွဲထွက်သွားခဲ့ပေမဲ့လည်း သူခိုးမှာတော့ လုံးဝတုန်လှုပ်သွားပုံမရဘဲ အေးဆေးတည်ငြိမ်စွာ gas အိုးကြီးကိုဆိုင်ကယ်ပေါ်တင်ပြီး ထွက်ခွာသွားခဲ့ပါတယ် ။

အဆိုပါ video ကိုမြင်ပြီး လူအများစုက ဝါရင့်နေပြီဖြစ်တဲ့သူခိုးဖြစ်နေလို့ ကြောက်ရွံ့မှုမရှိတော့ဘဲ လက်ရဲလွန်းတဲ့သူခိုးဆိုပြီး ပြောဆိုနေကြပေမဲ့လည်း ၊ အချို့ကတော့ လူတွေက နေအိမ်အပြင်ထွက်ခြင်းမျိုးမရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေလွန်းလို့ သူခိုးတွေကကြောက်ရွံမှုမရှိတော့တာဖြစ်ကြောင်း မျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment