အိမ္မွာေနခိုင္းတဲ့စည္းကမ္းကိုမလိုက္နာပဲ ေလ်ွာက္သြားေနခဲ့လို႔ ထိုင္ထလုပ္ၿပီးအျပစ္ေပးခံခဲ့ရတဲ့ အမ်ိဳးသားအုပ္စု (႐ုပ္သံ)

မေလး႐ွားႏိုင္ငံဟာ ျပည္သူေတြကို ယခုအခ်ိန္ထိေရႊ႔လ်ားသြားလာမႈကို ကန္႔သတ္ထားခဲ့ၿပီး ေနအိမ္အတြင္းသာေနထိုင္ေစခိုင္းလ်က္႐ွိပါတယ္ ။စည္းကမ္းလိုက္နာမႈမ႐ွိပါက ေထာင္ဒဏ္အျပင္ ၊ ဒဏ္ေၾကးေငြအျဖစ္ RM 1000 ေပးေခ်ဖို႔ ထုတ္ျပန္ေၾကညာထားပါေသးတယ္ ။ သို႔ေပမဲ့လည္း ယခုခ်ိန္ထိစည္းကမ္းလိုက္နာမႈမ႐ွိေသးတဲ့ သူေတြလည္း႐ွိေနခဲ့လို႔ ပိုၿပီးအျပစ္ေပးေနရတာမ်ိဳးလည္း ႐ွိေနခဲ့ပါတယ္ ။ မၾကာေသးခင္ကမွ ႏိုင္ငံျခားမွလာေရာက္အေျခခ်ၿပီး အလုပ္လုပ္ကိုင္ေနလ်က္႐ွိတဲ့အမ်ိဳးသားအုပ္စုဟာ စည္းကမ္းလိုက္နာမႈမ႐ွိဘဲ လူျမင္ကြင္မွာလမ္းေလ်ွာက္သြားလာေနခဲ့တာပါ ။ ကင္းလွည့္ေနတဲ့ ရဲအရာ႐ွိမ်ားက အဆိုပါလူအုပ္စုကိုေတြ႔႐ွိခဲ့ၿပီး စစ္ေဆးေမးျမန္းခဲ့ခ်ိန္မွာ ခိုင္လံုတဲ့အေၾကာင္းျပခ်က္မ်ိဳးမေပးႏိုင္ခဲ့တဲ့အတြက္ ရဲအရာ႐ွိမ်ားက အုပ္စုလိုက္တန္းစီးခိုင္းခဲ့ၿပီးေနာက္ နားရြက္ကိုဆြဲကာ ထိုင္ထလုပ္ခိုင္းခဲ့ပါတယ္ ။

ခ်မွတ္ထားတဲ့စည္းကမ္းေတြလိုက္နာမႈမ႐ွိခဲ့တဲ့ အဆိုပါအမ်ိဳးသားအုပ္စုမွာ အသက္အရြယ္အေတာ္ႀကီးေနၿပီျဖစ္တဲ့သူမ်ားလည္း ပါ႐ွိခဲ့ပါေသးတယ္ ။ ထို႔ေၾကာင့္ အျခားသူေတြပါစည္းကမ္းလိုက္နာေအာင္ အဆိုပါ video ကိုအျခားရဲအရာ႐ွိတစ္ဦးက ႐ိုက္ယူထားၿပီး ၊ အ႐ွက္ကြဲတဲ့လုပ္ရပ္မ်ိဳးမျဖစ္ေအာင္ အမ်ားျပည္သူေတြပါလိုက္နာေအာင္ social media မွာ အဆိုပါ video ကိုေဝမ်ွခဲ့ပါတယ္ ။

အဆိုပါတည္ေနရာကို အတိအက်ေဖာ္ျပထားျခင္းမ႐ွိေပမဲ့လည္း လူအမ်ားစုကေတာ့ Kuala Lumpur ၿမိဳ႕တြင္း၌သာျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္ ။ ထို႔အျပင္ အဆိုပါလုပ္ရပ္မ်ိဳးနဲ႔ အျပစ္ေပးျခင္းကို လူအေတာ္မ်ားမ်ား သေဘာတူၿပီးအားရေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံဟာ ပြည်သူတွေကို ယခုအချိန်ထိရွှေ့လျားသွားလာမှုကို ကန့်သတ်ထားခဲ့ပြီး နေအိမ်အတွင်းသာနေထိုင်စေခိုင်းလျက်ရှိပါတယ် ။စည်းကမ်းလိုက်နာမှုမရှိပါက ထောင်ဒဏ်အပြင် ၊ ဒဏ်ကြေးငွေအဖြစ် RM 1000 ပေးချေဖို့ ထုတ်ပြန်ကြေညာထားပါသေးတယ် ။ သို့ပေမဲ့လည်း ယခုချိန်ထိစည်းကမ်းလိုက်နာမှုမရှိသေးတဲ့ သူတွေလည်းရှိနေခဲ့လို့ ပိုပြီးအပြစ်ပေးနေရတာမျိုးလည်း ရှိနေခဲ့ပါတယ် ။ မကြာသေးခင်ကမှ နိုင်ငံခြားမှလာရောက်အခြေချပြီး အလုပ်လုပ်ကိုင်နေလျက်ရှိတဲ့အမျိုးသားအုပ်စုဟာ စည်းကမ်းလိုက်နာမှုမရှိဘဲ လူမြင်ကွင်မှာလမ်းလျှောက်သွားလာနေခဲ့တာပါ ။ ကင်းလှည့်နေတဲ့ ရဲအရာရှိများက အဆိုပါလူအုပ်စုကိုတွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ချိန်မှာ ခိုင်လုံတဲ့အကြောင်းပြချက်မျိုးမပေးနိုင်ခဲ့တဲ့အတွက် ရဲအရာရှိများက အုပ်စုလိုက်တန်းစီးခိုင်းခဲ့ပြီးနောက် နားရွက်ကိုဆွဲကာ ထိုင်ထလုပ်ခိုင်းခဲ့ပါတယ် ။

ချမှတ်ထားတဲ့စည်းကမ်းတွေလိုက်နာမှုမရှိခဲ့တဲ့ အဆိုပါအမျိုးသားအုပ်စုမှာ အသက်အရွယ်အတော်ကြီးနေပြီဖြစ်တဲ့သူများလည်း ပါရှိခဲ့ပါသေးတယ် ။ ထို့ကြောင့် အခြားသူတွေပါစည်းကမ်းလိုက်နာအောင် အဆိုပါ video ကိုအခြားရဲအရာရှိတစ်ဦးက ရိုက်ယူထားပြီး ၊ အရှက်ကွဲတဲ့လုပ်ရပ်မျိုးမဖြစ်အောင် အများပြည်သူတွေပါလိုက်နာအောင် social media မှာ အဆိုပါ video ကိုဝေမျှခဲ့ပါတယ် ။

အဆိုပါတည်နေရာကို အတိအကျဖော်ပြထားခြင်းမရှိပေမဲ့လည်း လူအများစုကတော့ Kuala Lumpur မြို့တွင်း၌သာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ် ။ ထို့အပြင် အဆိုပါလုပ်ရပ်မျိုးနဲ့ အပြစ်ပေးခြင်းကို လူအတော်များများ သဘောတူပြီးအားရနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment