ကမ္းေျခမွာ Hello Kitty ဝတ္စံုဝတ္ၿပီး ေနထိုင္စားေသာက္ႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ အဘြားအိုရဲ႕အျဖစ္ဆိုး

မေလး႐ွားႏိုင္ငံ ၊ Teluk Cempedak ကမ္းေျခမွာ ကာတြန္းဇာတ္႐ုပ္ဝတ္စံုေလးေတြဝတ္ၿပီး ေဖ်ာ္ေျဖတင္ဆက္မႈေပးေနတဲ့ Siti Endon အမည္႐ွိတဲ့ အသက္ 57 ႏွစ္အရြယ္အမ်ိဳးသမီးႀကီးတစ္ဦးဟာ ယခုလက္႐ွိ သြားလာမႈေတြကန္႔သတ္လိုက္ၿပီး ၊ ေနအိမ္တြင္းမွာသာေနထိုင္ခိုင္းတဲ့ Covid -19 ေရာဂါအေျခအေနေတြေၾကာင့္ အေတာ္ေလးစိတ္ထိခိုက္ေနလ်က္႐ွိပါတယ္ ။ သူမရဲ႕ Hello Kitty ဝတ္စံုနဲ႔ ေဖ်ာ္ေျဖတင္ဆက္မႈေတြဟာ အေတာ္ေလးကိုနာမည္ႀကီးလ်က္႐ွိေပမဲ့လို႔ ယခုလိုကပ္ဆိုးေရာဂါအေျခအေနေၾကာင့္ သူမဟာခရီးသြားရာသီျဖစ္ေပမဲ့လည္း ဝင္ေငြလံုးဝမ႐ွိေတာ့တဲ့အထိကို ဒုကၡေရာက္ေနလ်က္႐ွိပါတယ္ ။ သူမဟာ အျခားေသာ Doraemon ႏွင့္ Snow White စေသာ ဝတ္စံုမ်ားကိုဝတ္ၿပီး ေဖ်ာ္ေျဖတင္ဆက္မႈမ်ား ျပဳလုပ္ခဲ့ပါေသးတယ္ ။

” ဝမ္းနည္းဖို႔ေကာင္းတာက အခုလို virus ကူးစက္ပ်ံ့ႏွံ႔မႈေတြေၾကာင့္ ကမ္းေျခကိုလည္းပိတ္ထားၿပီး လူေတြကိုလည္း အိမ္အျပင္မေပးထြက္ေတာ့ပါဘူး ၊ အခုလိုေႏြရာသီေက်ာင္းပိတ္ရက္ဟာ ကြၽန္မအတြက္ေရႊမိုးရြာခ်သလို အပိုဝင္ေငြ႐ွာႏိုင္မဲ့အခြင့္အေရးဆိုေပမဲ့လည္း အခုေတာ့အိမ္မက္ဆိုးလိုပါပဲ ” ဆိုၿပီး အပိုဝင္ေငြမ႐ွာႏိုင္ေတာ့တဲ့သူမရဲ႕အျဖစ္ကိုေျပာျပခဲ့ပါတယ္ ။ Siti ဟာ ကမ္းေျခသို႔လာေရာက္လည္ပတ္သူေတြကို ပိုက္ဆံေတာင္းရမ္းျခင္းမ်ိဳးမျပဳလုပ္ပဲ ၊ သူမရဲ႕ တင္ဆက္မႈကိုစိတ္ဝင္စားၾကသူမ်ားကေတာ့ ေစတနာ႐ွိသေလာက္သူမကို ပိုက္ဆံမ်ားေပးကမ္းခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

သူမဟာ ေန႔စဥ္ေန႔တိုင္းကမ္းေျခမွာ အခ်ိန္အေတာ္ၾကာအလုပ္လုပ္ကိုင္ၿပီး သူမအတြက္ ႏွင့္ သူမေကြၽးေမြထားတဲ့ ေၾကာင္အေကာင္ 50 အတြက္ စားေသာက္စရိတ္ကိုႀကိဳးစားပမ္းစား ႐ွာေဖြေနရလ်က္႐ွိပါတယ္ ။သူမဟာ ကူညီကယ္ဆယ္ေရးအဖြဲ႔ကေန တစ္လကိုအိမ္ငွါးခ RM 300 ေထာက္ပံ့ေၾကးပံုမွန္ရေနေပမဲ့လည္း တစ္ရက္ကို သူမနဲ႔ေၾကာင္ေတြအတြက္ စားေသာက္စရိတ္မွာ RM 30 ခန္႔ကို ေခြၽတာစြာအသံုးျပဳေနရေၾကာင္း သိ႐ွိရပါတယ္ ။ သူမဟာ ယခုလိုဝတ္စံုဝတ္ဆင္ၿပီး ေဖ်ာ္ေျဖမႈမ်ားျပဳလုပ္ေနစဥ္ ကေလးငယ္ေတြကသူမအားစိတ္ဝင္စားစြာ ၾကည့္တဲ့အခ်ိန္မ်ိဳးဆိုသူမအေတာ္ေလး ေပ်ာ္ရႊင္ရၿပီး ၊ သူမျပန္လည္ ငယ္ရြယ္ႏုပ်ိဳသြားသလိုခံစားရေၾကာင္းလည္းေျပာဆိုသြားခဲ့ပါတယ္ ။ ထို႔အျပင္သူမနဲ႔ကမ္းေျခမွာ အတူတူအလုပ္လုပ္ကိုင္ေနၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြလည္း ယခုလက္႐ွိအေျခအေနေတြေၾကာင့္ အလုပ္ကေနထြက္ၿပီး အျခားအလုပ္ေတြေျပာင္းလုပ္ေနေလာက္ၿပီလား ဆိုၿပီးေတာ့ သူမကေတြးပူေနလ်က္႐ွိပါတယ္ ။ သူမကေတာ့ သူမရဲ႕ေန႔စဥ္ဘဝကိုျပန္လည္ေရာက္႐ွိႏိုင္ဖို႔ Covid -19 ေရာဂါေပ်ာက္ကင္းသြားဖို႔ ေမ်ွာ္လင့္ေနလ်က္႐ွိေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Teluk Cempedak ကမ်းခြေမှာ ကာတွန်းဇာတ်ရုပ်ဝတ်စုံလေးတွေဝတ်ပြီး ဖျော်ဖြေတင်ဆက်မှုပေးနေတဲ့ Siti Endon အမည်ရှိတဲ့ အသက် 57 နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးဟာ ယခုလက်ရှိ သွားလာမှုတွေကန့်သတ်လိုက်ပြီး ၊ နေအိမ်တွင်းမှာသာနေထိုင်ခိုင်းတဲ့ Covid -19 ရောဂါအခြေအနေတွေကြောင့် အတော်လေးစိတ်ထိခိုက်နေလျက်ရှိပါတယ် ။ သူမရဲ့ Hello Kitty ဝတ်စုံနဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ အတော်လေးကိုနာမည်ကြီးလျက်ရှိပေမဲ့လို့ ယခုလိုကပ်ဆိုးရောဂါအခြေအနေကြောင့် သူမဟာခရီးသွားရာသီဖြစ်ပေမဲ့လည်း ဝင်ငွေလုံးဝမရှိတော့တဲ့အထိကို ဒုက္ခရောက်နေလျက်ရှိပါတယ် ။ သူမဟာ အခြားသော Doraemon နှင့် Snow White စသော ဝတ်စုံများကိုဝတ်ပြီး ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပါသေးတယ် ။

” ဝမ်းနည်းဖို့ကောင်းတာက အခုလို virus ကူးစက်ပျံ့နှံ့မှုတွေကြောင့် ကမ်းခြေကိုလည်းပိတ်ထားပြီး လူတွေကိုလည်း အိမ်အပြင်မပေးထွက်တော့ပါဘူး ၊ အခုလိုနွေရာသီကျောင်းပိတ်ရက်ဟာ ကျွန်မအတွက်ရွှေမိုးရွာချသလို အပိုဝင်ငွေရှာနိုင်မဲ့အခွင့်အရေးဆိုပေမဲ့လည်း အခုတော့အိမ်မက်ဆိုးလိုပါပဲ ” ဆိုပြီး အပိုဝင်ငွေမရှာနိုင်တော့တဲ့သူမရဲ့အဖြစ်ကိုပြောပြခဲ့ပါတယ် ။ Siti ဟာ ကမ်းခြေသို့လာရောက်လည်ပတ်သူတွေကို ပိုက်ဆံတောင်းရမ်းခြင်းမျိုးမပြုလုပ်ပဲ ၊ သူမရဲ့ တင်ဆက်မှုကိုစိတ်ဝင်စားကြသူများကတော့ စေတနာရှိသလောက်သူမကို ပိုက်ဆံများပေးကမ်းခဲ့ကြတာပဲ ဖြစ်ပါတယ် ။

သူမဟာ နေ့စဉ်နေ့တိုင်းကမ်းခြေမှာ အချိန်အတော်ကြာအလုပ်လုပ်ကိုင်ပြီး သူမအတွက် နှင့် သူမကျွေးမွေထားတဲ့ ကြောင်အကောင် 50 အတွက် စားသောက်စရိတ်ကိုကြိုးစားပမ်းစား ရှာဖွေနေရလျက်ရှိပါတယ် ။သူမဟာ ကူညီကယ်ဆယ်ရေးအဖွဲ့ကနေ တစ်လကိုအိမ်ငှါးခ RM 300 ထောက်ပံ့ကြေးပုံမှန်ရနေပေမဲ့လည်း တစ်ရက်ကို သူမနဲ့ကြောင်တွေအတွက် စားသောက်စရိတ်မှာ RM 30 ခန့်ကို ချွေတာစွာအသုံးပြုနေရကြောင်း သိရှိရပါတယ် ။ သူမဟာ ယခုလိုဝတ်စုံဝတ်ဆင်ပြီး ဖျော်ဖြေမှုများပြုလုပ်နေစဉ် ကလေးငယ်တွေကသူမအားစိတ်ဝင်စားစွာ ကြည့်တဲ့အချိန်မျိုးဆိုသူမအတော်လေး ပျော်ရွှင်ရပြီး ၊ သူမပြန်လည် ငယ်ရွယ်နုပျိုသွားသလိုခံစားရကြောင်းလည်းပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင်သူမနဲ့ကမ်းခြေမှာ အတူတူအလုပ်လုပ်ကိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ယခုလက်ရှိအခြေအနေတွေကြောင့် အလုပ်ကနေထွက်ပြီး အခြားအလုပ်တွေပြောင်းလုပ်နေလောက်ပြီလား ဆိုပြီးတော့ သူမကတွေးပူနေလျက်ရှိပါတယ် ။ သူမကတော့ သူမရဲ့နေ့စဉ်ဘဝကိုပြန်လည်ရောက်ရှိနိုင်ဖို့ Covid -19 ရောဂါပျောက်ကင်းသွားဖို့ မျှော်လင့်နေလျက်ရှိကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment