ခ်စ္သူဆရာဝန္မေလးဆီကေန virus ကူးစက္ခံရတယ္ဆိုၿပီးထင္ျမင္ကာ ခ်စ္သူကိုလည္ပင္းညစ္သတ္ခဲ့တဲ့ အမ်ိဳးသား

Antonio De Pace အမည္႐ွိတဲ့ အသက္ 28 ႏွစ္အရြယ္ သူနာျပဳဝန္ထမ္းအမ်ိဳးသားဟာ သူ၏ခ်စ္သူျဖစ္တဲ့ Lorena Quaranta အမည္႐ွိတဲ့ အသက္ 27 ႏွစ္အရြယ္ ဆရာဝန္မေလးကို လည္ပင္းညစ္သတ္မိခဲ့ေၾကာင့္ ကိုယ္တိုင္ရဲစခန္းသို႔တိုင္ၾကားၿပီ ဝန္ခံခဲ့ပါတယ္ ။ ၎တို႔စံုတြဲႏွစ္ေယာက္လံုးဟာ အီတလီႏိုင္ငံ ၊ Messina ၿမိဳ႕႐ွိ ေဆးရံုမွာတာဝန္ထမ္းေဆာင္ေနလ်က္႐ွိၿပီး ၊ Covid -19 ေရာဂါကူးစက္ခံေနရတဲ့ လူနာေတြကို ကုသမႈမ်ားျပဳလုပ္ေပးေနခဲ့ၾကတာပါ ။ ရဲအရာ႐ွိမ်ားက ၎တို႔ရဲ႕တိုက္ခန္းအတြင္းသို႔ေရာက္႐ွိခဲ့ခ်ိန္မွာေတာ့ De Pace ဟာ Lorena ကို လည္ပင္းညစ္သတ္ၿပီးခဲ့ၿပီျဖစ္ပါတယ္ ။ De Pace ကိုယ္တိုင္မွာလည္း သူ႔ရဲ႕လက္ေကာက္ဝတ္ကို ဓားျဖင့္လွီးျဖတ္ၿပီး ၾကမ္းျပင္ေပၚမွာလဲက်ေနခဲ့တာကို ရဲအရာ႐ွိမ်ားကေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း Lorena ရဲ႕ေဆးရံုမွလုပ္ေဖာ္ကိုင္ဖက္ဆရာဝန္မ်ားကပဲ သူမရဲ႕ခ်စ္သူအသက္ကို ျပန္လည္ကယ္တင္ၿပီးကုသေပးခဲ့ၾကရပါတယ္ ။

De Pace ရဲ႕ထြက္ဆိုခ်က္မွာေတာ့ ” သူကြၽန္ေတာ္ကို Coronavirus ကူးစက္ေအာင္လုပ္ခဲ့လို႔ သူမကိုသတ္ပစ္ခဲ့တာပါ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ားကေတာ့ သူမဟာ အျခားသူေတြရဲ႕ အသက္ကိုကယ္တင္ေပးေနရတဲ့ ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး ဒါကေတာ့အေတာ့္ကို ဆိုးဝါးလြန္းတဲ့အျဖစ္ပါပဲ ဆိုၿပီးေျပာဆိုခဲ့ပါေသးတယ္ ။ အေစာပိုင္းစစ္ေဆးမႈေတြမွာ ၎တို႔စံုတြဲဟာ virus ပိုးကူးစက္ခံထားရမႈမ႐ွိခဲ့ေပမဲ့လည္း အခင္းမျဖစ္ပြားခင္ေ႐ွ႕ညမွာေတာ့ ႏွစ္ဦးလံုးေရာဂါကူးစက္ခံထားရေၾကာင္း အေျဖထြက္ခဲ့တာျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ လကမွ De Pace ဟာ သူ႔ရဲ႕ခ်စ္သူ ဆရာဝန္အျဖစ္ဘြဲ႔လတ္မွတ္ရ႐ွိခဲ့တဲ့ ခ်ီးက်ဴ းဂုဏ္ယူေၾကာင္း အားေပးစကားမ်ားေျပာခဲ့ပါေသးတယ္ ။ လူအမ်ားစုကေတာ့ De Pace ရဲ႕လုပ္ရပ္အတြက္ ” ေျဖးေျဖးခ်င္း ေအာ္ဟစ္ရေလာက္တဲ့အထိ ေရာဂါေဝဒနာခံစားရၿပီးမွ ေသပါေစ…” ဆိုၿပီး မ်ိဳးစံုက်ိန္ဆဲခဲ့ၾကပါေသးတယ္ ။ Lorena ရဲ႕မိဘေတြကေတာ့ ယခုလိုေရာဂါအေျခအေနေတြေၾကာင့္ သမီးျဖစ္သူရဲ႕အသုဘ အခမ္းအနားကိုတိတ္တဆိတ္သာ က်င္းပသြားမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။ သူမရဲ႕မိဘေတြကေတာ့ သူမကိုဆံုး႐ႈံးလိုက္ရတဲ့အတြက္ ယူက်ံဳးမရျဖစ္ေနခဲ့တဲ့အျပင္ ၊ သူမရဲ႕ေနာက္ဆံုးအခ်ိန္ကိုပါ ႏႈတ္ဆက္ခြင့္မရခဲ့တဲ့အတြက္ စိတ္ထိခိုက္နာက်င္စြာခံစားေနရတာျဖစ္ေၾကာင္းလည္း မ်က္ျမင္မ်ားကေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: The Sun

Unicode

Antonio De Pace အမည်ရှိတဲ့ အသက် 28 နှစ်အရွယ် သူနာပြုဝန်ထမ်းအမျိုးသားဟာ သူ၏ချစ်သူဖြစ်တဲ့ Lorena Quaranta အမည်ရှိတဲ့ အသက် 27 နှစ်အရွယ် ဆရာဝန်မလေးကို လည်ပင်းညစ်သတ်မိခဲ့ကြောင့် ကိုယ်တိုင်ရဲစခန်းသို့တိုင်ကြားပြီ ဝန်ခံခဲ့ပါတယ် ။ ၎င်းတို့စုံတွဲနှစ်ယောက်လုံးဟာ အီတလီနိုင်ငံ ၊ Messina မြို့ရှိ ဆေးရုံမှာတာဝန်ထမ်းဆောင်နေလျက်ရှိပြီး ၊ Covid -19 ရောဂါကူးစက်ခံနေရတဲ့ လူနာတွေကို ကုသမှုများပြုလုပ်ပေးနေခဲ့ကြတာပါ ။ ရဲအရာရှိများက ၎င်းတို့ရဲ့တိုက်ခန်းအတွင်းသို့ရောက်ရှိခဲ့ချိန်မှာတော့ De Pace ဟာ Lorena ကို လည်ပင်းညစ်သတ်ပြီးခဲ့ပြီဖြစ်ပါတယ် ။ De Pace ကိုယ်တိုင်မှာလည်း သူ့ရဲ့လက်ကောက်ဝတ်ကို ဓားဖြင့်လှီးဖြတ်ပြီး ကြမ်းပြင်ပေါ်မှာလဲကျနေခဲ့တာကို ရဲအရာရှိများကတွေ့ရှိခဲ့တာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း Lorena ရဲ့ဆေးရုံမှလုပ်ဖော်ကိုင်ဖက်ဆရာဝန်များကပဲ သူမရဲ့ချစ်သူအသက်ကို ပြန်လည်ကယ်တင်ပြီးကုသပေးခဲ့ကြရပါတယ် ။

De Pace ရဲ့ထွက်ဆိုချက်မှာတော့ ” သူကျွန်တော်ကို Coronavirus ကူးစက်အောင်လုပ်ခဲ့လို့ သူမကိုသတ်ပစ်ခဲ့တာပါ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ရဲအရာရှိများကတော့ သူမဟာ အခြားသူတွေရဲ့ အသက်ကိုကယ်တင်ပေးနေရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဒါကတော့အတော့်ကို ဆိုးဝါးလွန်းတဲ့အဖြစ်ပါပဲ ဆိုပြီးပြောဆိုခဲ့ပါသေးတယ် ။ အစောပိုင်းစစ်ဆေးမှုတွေမှာ ၎င်းတို့စုံတွဲဟာ virus ပိုးကူးစက်ခံထားရမှုမရှိခဲ့ပေမဲ့လည်း အခင်းမဖြစ်ပွားခင်ရှေ့ညမှာတော့ နှစ်ဦးလုံးရောဂါကူးစက်ခံထားရကြောင်း အဖြေထွက်ခဲ့တာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ လကမှ De Pace ဟာ သူ့ရဲ့ချစ်သူ ဆရာဝန်အဖြစ်ဘွဲ့လတ်မှတ်ရရှိခဲ့တဲ့ ချီးကျူ းဂုဏ်ယူကြောင်း အားပေးစကားများပြောခဲ့ပါသေးတယ် ။ လူအများစုကတော့ De Pace ရဲ့လုပ်ရပ်အတွက် ” ဖြေးဖြေးချင်း အော်ဟစ်ရလောက်တဲ့အထိ ရောဂါဝေဒနာခံစားရပြီးမှ သေပါစေ…” ဆိုပြီး မျိုးစုံကျိန်ဆဲခဲ့ကြပါသေးတယ် ။ Lorena ရဲ့မိဘတွေကတော့ ယခုလိုရောဂါအခြေအနေတွေကြောင့် သမီးဖြစ်သူရဲ့အသုဘ အခမ်းအနားကိုတိတ်တဆိတ်သာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။ သူမရဲ့မိဘတွေကတော့ သူမကိုဆုံးရှုံးလိုက်ရတဲ့အတွက် ယူကျုံးမရဖြစ်နေခဲ့တဲ့အပြင် ၊ သူမရဲ့နောက်ဆုံးအချိန်ကိုပါ နှုတ်ဆက်ခွင့်မရခဲ့တဲ့အတွက် စိတ်ထိခိုက်နာကျင်စွာခံစားနေရတာဖြစ်ကြောင်းလည်း မျက်မြင်များကပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment