Quarantine ခ်ိဳးေဖာက္ၾကသူမ်ားကို ေခြးေလွာင္အိမ္ထဲမွာ ဖမ္းဆီးပိတ္ေလွာင္ထားခဲ့တဲ့အျဖစ္

Covid – 19 ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈျမင့္မားလာတာနဲ႔အမ်ွ ႏိုင္ငံအမ်ားစုမွာ ျပည္သူေတြကိုအသြားအလာကန္႔သတ္ပစ္ခဲ့ၿပီး ေနအိမ္မွာသာေနထိုင္ေစလ်က္႐ွိပါတယ္ ။ ခ်မွတ္ထားတဲ့စည္းကမ္းလိုက္နာမႈမ႐ွိသူမ်ားရဲ႕ အျပစ္ေပးခံရတဲ့အျဖစ္ေတြကိုလည္း social media ေပၚမွာေဝမ်ွၿပီး ျပည္သူမ်ားေနအိမ္အတြင္းမွာသာေနထိုင္ရန္ ႀကိဳးစားၿပီးေဆာင္ရြက္ေနၾကတာကိုလည္း ေတြ႔ျမင္ရမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖိလစ္ပိုင္ႏိုင္ငံ႐ွိ quarantine ခ်ိဳးေဖာက္သူမ်ားကိုေတာ့ တာဝန္႐ွိသူမ်ားက အၾကမ္းနည္းနဲ႔႐ိုက္ႏွက္အျပစ္ေပးတာမ်ိဳးျပဳလုပ္ခဲ့တဲ့အျပင္ ၊ အမ်ိဳးသား 5ဦးကို ေခြးေလွာင္အိမ္တစ္ခုမွာ စုၿပီးဖမ္းဆီးထားတာမ်ိဳးကိုလည္း ေတြ႔႐ွိခဲ့ရပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကေတာ့ ဖိလစ္ပိုင္ႏိုင္ငံမွာ႐ွိတဲ့ Luzon ကြၽန္းမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ အဆိုပါေဒသဟာ ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈမ႐ွိေအာင္ တစ္လခန္႔အထိအခ်ိန္ၾကာျမင့္စြာ lockdown ျပဳလုပ္ထားတဲ့ေနရာလည္းျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း စည္းကမ္းလိုက္နာမႈမ႐ွိတဲ့သူမ်ားကို ကင္းလွည့္လည္ေသာရဲအရာ႐ွိမ်ားက ဖမ္းမိတဲ့အခ်ိန္မွာေတာ့ ယခုလို ေခြးေလွာင္အိမ္ထဲမွာ ထည့္ၿပီးဖမ္းဆီးထားခဲ့တာျဖစ္ပါတယ္ ။

အဆိုပါလုပ္ရပ္မ်ိဳးဟာ social media ေပၚမွာအေတာ္ေလးမ်ားျပားလာခဲ့ခ်ိန္မွာေတာ့ လူအခြင့္အေရးအတြက္ေဆာင္ရြက္ေပးေနၾကတဲ့ အဖြဲ႔အစည္းမ်ားက ယခုလိုလုပ္ရပ္မ်ိဳးမျပဳလုပ္သင့္ေၾကာင္း ၊ စည္းကမ္းခ်ိဳးေဖာက္သူမ်ားကို က်န္းမာေရးအေျခအေနအရ က်ယ္ဝန္းတဲ့ေနရာမ်ားတြင္သာ ဖမ္းဆီးၿပီးအျပစ္ေပးသင့္ေၾကာင္း မ်ိဳးစံုေထာက္ျပေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Covid – 19 ရောဂါကူးစက်ပျံ့နှံ့မှုမြင့်မားလာတာနဲ့အမျှ နိုင်ငံအများစုမှာ ပြည်သူတွေကိုအသွားအလာကန့်သတ်ပစ်ခဲ့ပြီး နေအိမ်မှာသာနေထိုင်စေလျက်ရှိပါတယ် ။ ချမှတ်ထားတဲ့စည်းကမ်းလိုက်နာမှုမရှိသူများရဲ့ အပြစ်ပေးခံရတဲ့အဖြစ်တွေကိုလည်း social media ပေါ်မှာဝေမျှပြီး ပြည်သူများနေအိမ်အတွင်းမှာသာနေထိုင်ရန် ကြိုးစားပြီးဆောင်ရွက်နေကြတာကိုလည်း တွေ့မြင်ရမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံရှိ quarantine ချိုးဖောက်သူများကိုတော့ တာဝန်ရှိသူများက အကြမ်းနည်းနဲ့ရိုက်နှက်အပြစ်ပေးတာမျိုးပြုလုပ်ခဲ့တဲ့အပြင် ၊ အမျိုးသား 5ဦးကို ခွေးလှောင်အိမ်တစ်ခုမှာ စုပြီးဖမ်းဆီးထားတာမျိုးကိုလည်း တွေ့ရှိခဲ့ရပါတယ် ။

အဆိုပါအဖြစ်အပျက်ကတော့ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ Luzon ကျွန်းမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ အဆိုပါဒေသဟာ ရောဂါကူးစက်ပျံ့နှံ့မှုမရှိအောင် တစ်လခန့်အထိအချိန်ကြာမြင့်စွာ lockdown ပြုလုပ်ထားတဲ့နေရာလည်းဖြစ်ပါတယ် ။ သို့ပေမဲ့လည်း စည်းကမ်းလိုက်နာမှုမရှိတဲ့သူများကို ကင်းလှည့်လည်သောရဲအရာရှိများက ဖမ်းမိတဲ့အချိန်မှာတော့ ယခုလို ခွေးလှောင်အိမ်ထဲမှာ ထည့်ပြီးဖမ်းဆီးထားခဲ့တာဖြစ်ပါတယ် ။

အဆိုပါလုပ်ရပ်မျိုးဟာ social media ပေါ်မှာအတော်လေးများပြားလာခဲ့ချိန်မှာတော့ လူအခွင့်အရေးအတွက်ဆောင်ရွက်ပေးနေကြတဲ့ အဖွဲ့အစည်းများက ယခုလိုလုပ်ရပ်မျိုးမပြုလုပ်သင့်ကြောင်း ၊ စည်းကမ်းချိုးဖောက်သူများကို ကျန်းမာရေးအခြေအနေအရ ကျယ်ဝန်းတဲ့နေရာများတွင်သာ ဖမ်းဆီးပြီးအပြစ်ပေးသင့်ကြောင်း မျိုးစုံထောက်ပြဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment