လူငယ္ေတြညဖက္ အျပင္မထြက္ေအာင္ သရဲဝတ္စံုဝတ္ၿပီး ၿခိမ္းေျခာက္ခဲ့တဲ့အမ်ိဳးသား

Covid -19 ကူးစက္ပ်ံ့ႏွံ႔မႈျမင့္မားေနတဲ့ ႏိုင္ငံအခ်ိဳ႕က ေနအိမ္အျပင္မထြက္ရတဲ့စည္းကမ္းကို လိုက္နာေနသူအေတာ္မ်ားမ်ား႐ွိေနၿပီျဖစ္ေပမဲ့လည္း လူတစ္ခ်ိဳ႕ကေတာ့လိုက္နာျခင္းမ်ိဳးမ႐ွိေသးပါဘူး ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ Muhammad Urabil Alias အမည္႐ွိတဲ့အမ်ိဳးသားဟာ စည္းကမ္းလိုက္နာမႈမ႐ွိတဲ့ သူ၏အိမ္နီးခ်င္းလူငယ္ေတြကို ညဖက္အိမ္ျပင္မထြက္ေအာင္ ကိုယ္တိုင္အၾကံထုတ္ၿပီးေျဖ႐ွင္းခဲ့ပါတယ္ ။ အဲတာေတာ့ Urabil ဟာသရဲဝတ္စံုဝတ္ဆင္ၿပီး ကားေပၚမွာတက္ေနကာ သူ၏႐ုပ္ပံုကို ဇနီးသည္ဟာ ဖုန္းျဖင့္ဓာတ္ပံု႐ိုက္ယူခိုင္းခဲ့ပါတယ္ ။ ထို႔ေနာက္ အဆိုပါဓာတ္ပံုကို Facebook စာမ်က္ႏွာမွာ အမွန္တကယ္သရဲျမင္ေတြ႔ရသလို ေရးသားေျခာက္လန္႔ၿပီး ေဝမ်ွခဲ့ပါတယ္ ။

Urabil ၏ေျပာဆိုခ်က္အရ ၎တို႔၏ေနအိမ္ပတ္ဝန္းက်င္မွာ တာဝန္႐ွိသူမ်ားကအျမဲကင္းလွည့္လည္ေစာင့္ၾကပ္ၾကည့္႐ႈေနေပမဲ့ အခ်ိဳ႕ေသာသူမ်ားကေတာ့ ေခါင္းမာလြန္းၿပီး အျမဲအျပင္ထြက္ေနဆဲပါပဲတဲ့ ။ ဒါေၾကာင့္ အခုလိုအၾကံဥာဏ္မ်ိဳးနဲ႔ သူ၏အိမ္နီးခ်င္းေတြညဖက္အျပင္မထြက္ရဲေအာင္ ေျခာက္လန္႔ပစ္ခဲ့ရတာျဖစ္ပါတယ္ ။ အဆိုပါဓာတ္ပံုမ်ားကို လူအမ်ားစုက အမွန္တကယ္ေတြးထင္ခဲ့ၿပီး ၎တို႔၏ပတ္ဝန္းက်င္မွာ ညဖက္အျပင္ထြက္သူ သိသိသာသာ ေလ်ာ့က်သြားခဲ့ေၾကာင္းလည္း ေျပာျပခဲ့ပါေသးတယ္ ။

သို႔ေပမဲ့လည္း Urabil က သူ၏ေျခာက္လန္႔မႈမွာ အေတာ္ေလးလြန္ကဲသြားခဲ့ရင္လည္း အႏူးအၫြတ္ေတာင္းပန္ေၾကာင္း ႏွင့္ ညဖက္လူငယ္မ်ားအျပင္မထြက္ေအာင္ ရည္ရြယ္ၿပီးျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Covid -19 ကူးစက်ပျံ့နှံ့မှုမြင့်မားနေတဲ့ နိုင်ငံအချို့က နေအိမ်အပြင်မထွက်ရတဲ့စည်းကမ်းကို လိုက်နာနေသူအတော်များများရှိနေပြီဖြစ်ပေမဲ့လည်း လူတစ်ချို့ကတော့လိုက်နာခြင်းမျိုးမရှိသေးပါဘူး ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာနေထိုင်တဲ့ Muhammad Urabil Alias အမည်ရှိတဲ့အမျိုးသားဟာ စည်းကမ်းလိုက်နာမှုမရှိတဲ့ သူ၏အိမ်နီးချင်းလူငယ်တွေကို ညဖက်အိမ်ပြင်မထွက်အောင် ကိုယ်တိုင်အကြံထုတ်ပြီးဖြေရှင်းခဲ့ပါတယ် ။ အဲတာတော့ Urabil ဟာသရဲဝတ်စုံဝတ်ဆင်ပြီး ကားပေါ်မှာတက်နေကာ သူ၏ရုပ်ပုံကို ဇနီးသည်ဟာ ဖုန်းဖြင့်ဓာတ်ပုံရိုက်ယူခိုင်းခဲ့ပါတယ် ။ ထို့နောက် အဆိုပါဓာတ်ပုံကို Facebook စာမျက်နှာမှာ အမှန်တကယ်သရဲမြင်တွေ့ရသလို ရေးသားခြောက်လန့်ပြီး ဝေမျှခဲ့ပါတယ် ။

Urabil ၏ပြောဆိုချက်အရ ၎င်းတို့၏နေအိမ်ပတ်ဝန်းကျင်မှာ တာဝန်ရှိသူများကအမြဲကင်းလှည့်လည်စောင့်ကြပ်ကြည့်ရှုနေပေမဲ့ အချို့သောသူများကတော့ ခေါင်းမာလွန်းပြီး အမြဲအပြင်ထွက်နေဆဲပါပဲတဲ့ ။ ဒါကြောင့် အခုလိုအကြံဉာဏ်မျိုးနဲ့ သူ၏အိမ်နီးချင်းတွေညဖက်အပြင်မထွက်ရဲအောင် ခြောက်လန့်ပစ်ခဲ့ရတာဖြစ်ပါတယ် ။ အဆိုပါဓာတ်ပုံများကို လူအများစုက အမှန်တကယ်တွေးထင်ခဲ့ပြီး ၎င်းတို့၏ပတ်ဝန်းကျင်မှာ ညဖက်အပြင်ထွက်သူ သိသိသာသာ လျော့ကျသွားခဲ့ကြောင်းလည်း ပြောပြခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း Urabil က သူ၏ခြောက်လန့်မှုမှာ အတော်လေးလွန်ကဲသွားခဲ့ရင်လည်း အနူးအညွတ်တောင်းပန်ကြောင်း နှင့် ညဖက်လူငယ်များအပြင်မထွက်အောင် ရည်ရွယ်ပြီးပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လူငယ္ေတြညဖက္ အျပင္မထြက္ေအာင္ သရဲဝတ္စံုဝတ္ၿပီး ၿခိမ္းေျခာက္ခဲ့တဲ့အမ်ိဳးသား"

Leave a comment

Your email address will not be published.


*