စားစရာမ႐ွိလို႔ ငါးသြားဖမ္းရင္း ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ အမ်ိဳးသားႏွစ္ဦး(႐ုပ္သံ)

ျဖစ္စဥ္ကေတာ့ မေလး႐ွားႏိုင္ငံ Sungai Siput ၿမိဳ႕ေလးမွာေနထိုင္တဲ့ အမ်ိဳးသားႏွစ္ဦးဟာ ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈေတြေၾကာင့္ quarantine ေနထိုင္ခိုင္းတဲ့အေျခအေနမွာ အေတာ္ေလးကိုအခက္အခဲၾကံဳေတြ႔ခဲ့ရပါတယ္ ။ Chen အမည္႐ွိတဲ့ အသက္ 45 ႏွစ္အရြယ္အမ်ိဳးသား နဲ႔ Zhong အမည္႐ွိတဲ့ အသက္ 56 ႏွစ္အရြယ္အမ်ိဳးသားႏွစ္ဦးတို႔ဟာ ေဆာက္လုပ္ေရးလုပ္သားေတြျဖစ္တဲ့အျပင္ ၊ တစ္ေန႔လုပ္တစ္ေန႔စား အလုပ္သမားမ်ားျဖစ္ၾကကာ တစ္ရက္ကို RM 100 သာဝင္ေငြ႐ွိတဲ့သူမ်ားျဖစ္ၾကပါတယ္ ။ အခ်ိန္အေတာ္ၾကာ ဝင္ေငြမ႐ွိေတာ့တဲ့အဆံုး အစားအေသာက္မ႐ွိေတာ့၍ ႏွစ္ေယာက္သားငါးသြားဖမ္းဖို႔ဆံုးျဖတ္ခဲ့ၾကပါတယ္ ။

Aprilလ 2ရက္ေန႔ ၊ညေန 5နာရီခန္႔မွာေတာ့ ႏွစ္ေယာက္သားေရကန္အနား ငါးဖမ္းေနၾကတာကိုရဲအရာ႐ွိမ်ားကေတြ႔႐ွိခဲ့ၿပီး ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္ ။

Chen ႏွင့္ Zhong တို႔က ပိုက္ဆံမ႐ွိလို႔ စားေသာက္ဖို႔အတြက္ ငါးဖမ္းခဲ့တာျဖစ္ေၾကာင္း ႏွင့္ ဖမ္းမိထားေသာငါးမ်ားကိုလည္း စားသံုးဖို႔သာရည္ရြယ္ထားၿပီး ေရာင္းခ်ဖို႔မဟုတ္ေၾကာင္း တရားသူႀကီးထံ ဝန္ခံခဲ့ေပမဲ့လည္း ခ်မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းကိုမလိုက္နာခဲ့၍ ဒဏ္ေၾကးေငြ RM 1,000 မေပးႏိုင္တဲ့အဆံုး ႏွစ္ဦးလံုး ေထာင္ဒဏ္ 3လစီခ်မွတ္ျခင္း ခံခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖြစ်စဉ်ကတော့ မလေးရှားနိုင်ငံ Sungai Siput မြို့လေးမှာနေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ရောဂါကူးစက်ပျံ့နှံ့မှုတွေကြောင့် quarantine နေထိုင်ခိုင်းတဲ့အခြေအနေမှာ အတော်လေးကိုအခက်အခဲကြုံတွေ့ခဲ့ရပါတယ် ။ Chen အမည်ရှိတဲ့ အသက် 45 နှစ်အရွယ်အမျိုးသား နဲ့ Zhong အမည်ရှိတဲ့ အသက် 56 နှစ်အရွယ်အမျိုးသားနှစ်ဦးတို့ဟာ ဆောက်လုပ်ရေးလုပ်သားတွေဖြစ်တဲ့အပြင် ၊ တစ်နေ့လုပ်တစ်နေ့စား အလုပ်သမားများဖြစ်ကြကာ တစ်ရက်ကို RM 100 သာဝင်ငွေရှိတဲ့သူများဖြစ်ကြပါတယ် ။ အချိန်အတော်ကြာ ဝင်ငွေမရှိတော့တဲ့အဆုံး အစားအသောက်မရှိတော့၍ နှစ်ယောက်သားငါးသွားဖမ်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။

Aprilလ 2ရက်နေ့ ၊ညနေ 5နာရီခန့်မှာတော့ နှစ်ယောက်သားရေကန်အနား ငါးဖမ်းနေကြတာကိုရဲအရာရှိများကတွေ့ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ် ။

Chen နှင့် Zhong တို့က ပိုက်ဆံမရှိလို့ စားသောက်ဖို့အတွက် ငါးဖမ်းခဲ့တာဖြစ်ကြောင်း နှင့် ဖမ်းမိထားသောငါးများကိုလည်း စားသုံးဖို့သာရည်ရွယ်ထားပြီး ရောင်းချဖို့မဟုတ်ကြောင်း တရားသူကြီးထံ ဝန်ခံခဲ့ပေမဲ့လည်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းကိုမလိုက်နာခဲ့၍ ဒဏ်ကြေးငွေ RM 1,000 မပေးနိုင်တဲ့အဆုံး နှစ်ဦးလုံး ထောင်ဒဏ် 3လစီချမှတ်ခြင်း ခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment