သေဘာၤသီးေထာင္းစားၿပီးေနာက္ အဆိပ္သင့္ကာ ႐ုတ္တရက္ေသဆံုးသြားခဲ့ရတဲ့ ေကာင္မေလး

စားစရာေတြကိုဘယ္ေနရာမွာပဲ ဝယ္ဝယ္ ၊ သန္႔႐ွင္းတဲ့အစားအစာျဖစ္ဖို႔ အျမဲဂ႐ုတစိုက္ေလ့လာၿပီးမွ ဝယ္ယူသင့္ပါတယ္ ။ အခုတစ္ခါမွာလည္း Nong Fon အမည္႐ွိတဲ့ ထိုင္းႏိုင္ငံက 16ႏွစ္အရြယ္ေကာင္မေလးဟာ ဆားရည္စိမ္ထားတဲ့ ငါးေတြ ၊ ဂဏန္းေတြနဲ႔ေရာၿပီး ေထာင္းထားတဲ့ သေဘာၤသီးေထာင္းကိုစားၿပီးေနာက္ အႀကိမ္ေပါင္းမ်ားစြာ ဝမ္းေလ်ွာကာ ေသဆံုးသြားခဲ့ရပါတယ္ ။ျဖစ္စဥ္မွာေတာ့ August 24 ရက္ေန႔မွာ ေကာင္မေလး၏မိခင္ျဖစ္သူမွ သမီးေလးအတြက္ သေဘာၤသီးေထာင္းဝယ္လာေပးခဲ့ၿပီး ၊ အဆိုပါ သေဘာၤသီးေထာင္းကို Nong Fon စားၿပီးေနာက္မွာေတာ့ ဗိုက္မွာ တစစ္စစ္ကိုက္ေနခဲ့ၿပီး ေနာက္တစ္ရက္မွာေတာ့ စျပီးဝမ္းေလ်ွာသြားခဲ့ပါေတာ့တယ္ ။

August 26ရက္ေန႔မွာေတာ့ Nong Fon ၏က်န္းမာေရးအေျခအေနမွာ ပိုမိုဆိုးဝါးလာခဲ့ေသာေၾကာင့္ အေရးေပၚလူနာတင္ကားေခၚယူကာ ေဆးရံုသို႔အျမန္ပို႔ေဆာင္ေပးခဲ့ရပါတယ္ ။ Nong Fon ၏ဖခင္ျဖစ္သူေျပာျပခ်က္အရ ” August 26 ရက္ေန႔မနက္ ေနမထြက္ခင္မွာ ကြၽန္ေတာ့္သမီးဟာအႀကိမ္ေပါင္းမ်ားစြာ ဝမ္းေလ်ွာခဲ့ပါတယ္ ။ မြန္းတဲ့ခ်ိန္မွာေတာ့ သူမရဲ႕အေျခအေနကပိုမိုဆိုးဝါးသြားခဲ့ပါတယ္ ။အဲ့ေတာ့ ကြၽန္ေတာ္တို႔လူနာတင္ကားေခၚၿပီး သူ႔ကိုေဆးရံုကိုပို႔ေပးခဲ့ေပမဲ့ သူရဲ႕အသက္ကိုကြၽန္ေတာ္တို႔မကယ္ခဲ့ႏိုင္ပါဘူး ” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

Nong Fon ဟာေဆးရံုသို႔သြားေရာက္ခဲ့တဲ့ လမ္းတစ္ဝက္မွာပဲေသဆံုးသြားခဲ့ရပါတယ္ ။ သူမဟာ လံုးဝကိုျဖဴ ဖပ္ျဖဴ ေရာ္ျဖစ္ေနၿပီး တုန္လႈပ္ေခ်ာက္ခ်ားၿပီးသတိလစ္ေနခဲ့တဲ့ အေျခအေနမ်ိဳးကိုလည္းခံစားခဲ့ရပါတယ္ ။ကံဆိုးစြာနဲ႔ပဲ Nong Fon မွာေဆးရံုသို႔ေရာက္႐ွိခ်ိန္မွာ အသက္ေသဆံုးခဲ့ၿပီျဖစ္ၿပီး အစာအိမ္အူလမ္းေၾကာင္း ေရာဂါကူးစက္ျခင္းခံရၿပီး ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ဆရာဝန္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သူမ၏မိသားစုဝင္မ်ားက ၿပီးခဲ့တဲ့2ရက္က သူမစားေသာက္ခဲ့တဲ့ သေဘာၤသီးေထာင္းေၾကာင့္ ျဖစ္ေၾကာင္းယံုၾကည္ခဲ့ၾကပါတယ္ ။

အဆိုပါ သူမ႐ုတ္တရက္ေသဆံုးသြားခဲ့တဲ့သတင္းကို ၾကားသိခဲ့ၾကၿပီးေနာက္ သူမ၏သူငယ္ခ်င္းမ်ားဟာ သူမ၏အသုဘသို႔လာေရာက္ၿပီး သူမကိုႏႈတ္ဆက္ကာဆုေတာင္းေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စားစရာတွေကိုဘယ်နေရာမှာပဲ ဝယ်ဝယ် ၊ သန့်ရှင်းတဲ့အစားအစာဖြစ်ဖို့ အမြဲဂရုတစိုက်လေ့လာပြီးမှ ဝယ်ယူသင့်ပါတယ် ။ အခုတစ်ခါမှာလည်း Nong Fon အမည်ရှိတဲ့ ထိုင်းနိုင်ငံက 16နှစ်အရွယ်ကောင်မလေးဟာ ဆားရည်စိမ်ထားတဲ့ ငါးတွေ ၊ ဂဏန်းတွေနဲ့ရောပြီး ထောင်းထားတဲ့ သဘောၤသီးထောင်းကိုစားပြီးနောက် အကြိမ်ပေါင်းများစွာ ဝမ်းလျှောကာ သေဆုံးသွားခဲ့ရပါတယ် ။ဖြစ်စဉ်မှာတော့ August 24 ရက်နေ့မှာ ကောင်မလေး၏မိခင်ဖြစ်သူမှ သမီးလေးအတွက် သဘောၤသီးထောင်းဝယ်လာပေးခဲ့ပြီး ၊ အဆိုပါ သဘောၤသီးထောင်းကို Nong Fon စားပြီးနောက်မှာတော့ ဗိုက်မှာ တစစ်စစ်ကိုက်နေခဲ့ပြီး နောက်တစ်ရက်မှာတော့ စပြီးဝမ်းလျှောသွားခဲ့ပါတော့တယ် ။

August 26ရက်နေ့မှာတော့ Nong Fon ၏ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးဝါးလာခဲ့သောကြောင့် အရေးပေါ်လူနာတင်ကားခေါ်ယူကာ ဆေးရုံသို့အမြန်ပို့ဆောင်ပေးခဲ့ရပါတယ် ။ Nong Fon ၏ဖခင်ဖြစ်သူပြောပြချက်အရ ” August 26 ရက်နေ့မနက် နေမထွက်ခင်မှာ ကျွန်တော့်သမီးဟာအကြိမ်ပေါင်းများစွာ ဝမ်းလျှောခဲ့ပါတယ် ။ မွန်းတဲ့ချိန်မှာတော့ သူမရဲ့အခြေအနေကပိုမိုဆိုးဝါးသွားခဲ့ပါတယ် ။အဲ့တော့ ကျွန်တော်တို့လူနာတင်ကားခေါ်ပြီး သူ့ကိုဆေးရုံကိုပို့ပေးခဲ့ပေမဲ့ သူရဲ့အသက်ကိုကျွန်တော်တို့မကယ်ခဲ့နိုင်ပါဘူး ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Nong Fon ဟာဆေးရုံသို့သွားရောက်ခဲ့တဲ့ လမ်းတစ်ဝက်မှာပဲသေဆုံးသွားခဲ့ရပါတယ် ။ သူမဟာ လုံးဝကိုဖြူ ဖပ်ဖြူ ရော်ဖြစ်နေပြီး တုန်လှုပ်ချောက်ချားပြီးသတိလစ်နေခဲ့တဲ့ အခြေအနေမျိုးကိုလည်းခံစားခဲ့ရပါတယ် ။ကံဆိုးစွာနဲ့ပဲ Nong Fon မှာဆေးရုံသို့ရောက်ရှိချိန်မှာ အသက်သေဆုံးခဲ့ပြီဖြစ်ပြီး အစာအိမ်အူလမ်းကြောင်း ရောဂါကူးစက်ခြင်းခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဆရာဝန်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် ။ ထို့ကြောင့် သူမ၏မိသားစုဝင်များက ပြီးခဲ့တဲ့2ရက်က သူမစားသောက်ခဲ့တဲ့ သဘောၤသီးထောင်းကြောင့် ဖြစ်ကြောင်းယုံကြည်ခဲ့ကြပါတယ် ။

အဆိုပါ သူမရုတ်တရက်သေဆုံးသွားခဲ့တဲ့သတင်းကို ကြားသိခဲ့ကြပြီးနောက် သူမ၏သူငယ်ချင်းများဟာ သူမ၏အသုဘသို့လာရောက်ပြီး သူမကိုနှုတ်ဆက်ကာဆုတောင်းပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သေဘာၤသီးေထာင္းစားၿပီးေနာက္ အဆိပ္သင့္ကာ ႐ုတ္တရက္ေသဆံုးသြားခဲ့ရတဲ့ ေကာင္မေလး"

Leave a comment

Your email address will not be published.


*