“လူငယ္ေတြ အတြက္ထားလိုက္ ၊ ကြၽန္မဘဝ အေတာ္ေလးကိုလွပခဲ့ၿပီးၿပီ ” ဆိုၿပီး Ventilatorစက္ကိုျငင္းပယ္ကာေသဆံုးသြားခဲ့တဲ့ အဘြားအို

Belgium ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 90 အရြယ္ Suzanne Hoylaerts အမည္႐ွိတဲ့ အဘြားအိုဟာ Covid – 19 ကူးစက္ခံထားရေပမဲ့ သူမကိုေကာင္းမြန္စြာ အသက္႐ႈႏိုင္ဖို႔ ကူညီေထာက္ပံ့ေပးမဲ့ Ventilator အသက္႐ႈစက္ကိုျငင္းပယ္ခဲ့ၿပီး ေရာဂါကူးစက္ခံထားရတဲ့လူငယ္ေတြအတြက္သာ အသံုးျပဳေပးဖို႔ ေျပာဆိုခဲ့ပါတယ္ ။ သူမဟာ ၿပီးခဲ့တဲ့ မတ္လ 20 ရက္ေန႔ကတည္းက ေရာဂါလကၡဏာစတင္ခံစားခဲ့ရၿပီး သူမရဲ႕သမီးျဖစ္သူက ေဆးရံုသို႔ေခၚသြားခဲ့ၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ၿပီးခဲ့ခ်ိန္မွာေတာ့ virus ကူးစက္ခံထားရမွန္း အေျဖထြက္ေပၚလာခဲ့ပါတယ္ ။

သမီးျဖစ္သူက မိခင္ကိုေဆးရံုထဲအထိ သြားေရာက္ၿပီးျပဳစုေစာင့္ေ႐ွာက္မႈမ်ိဳးမေပးႏိုင္လို႔ ငိုေႂကြးခဲ့ခ်ိန္မွာေတာ့ အဘြားအိုက ” သမီးငိုေနဖို႔မလိုဘူး ၊ သမီးလုပ္ေပးႏိုင္သေလာက္ အေမ့ကိုျပဳစုေစာင့္ေ႐ွာက္ေပးၿပီးၿပီ ၊ အေမ အေတာ္ေလးေကာင္းမြန္တဲ့ ဘဝမ်ိဳးရ႐ွိခဲ့ရၿပီးၿပီ ” ဆိုၿပီး ေျပာဆိုကာ သမီးျဖစ္သူကို ႏွစ္သိမ့္ေပးခဲ့ပါတယ္ ။

သမီးျဖစ္သူမွာေတာ့ virus စၿပီး ပ်ံ့ႏွံ႔ခ်ိန္ကတည္းက မိခင္ျဖစ္သူကို lockdown ခ်ၿပီး စနစ္တက်သီးသန္႔ေနထိုင္ေစခဲ့ေပမဲ့လည္း မည္သည့္အေၾကာင္းေၾကာင့္ ကူးစက္သြားမွန္းကို သူမကိုယ္တိုင္သတိမထားမိလိုက္ပါဘူး ဆိုၿပီးေျပာျပခဲ့ပါတယ္ ။ ေဆးအကူသူနာျပဳေတြရဲ႕ေျပာၾကားခ်က္အရ အဘြားအိုဟာ အသက္႐ႈစက္ကိုျငင္းပယ္ခဲ့ၿပီး ” ဒါကို လူငယ္ေတြအတြက္ ထားလိုက္ပါ ၊ ငါတကယ့္ကိုေကာင္းမြန္တဲ့ ဘဝမ်ိဳးပိုင္ဆိုင္ခဲ့ရၿပီးၿပီ ” ဆိုၿပီးေျပာဆိုကာ လူငယ္ေတြအတြက္ ဦးစားေပးခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း မတ္လ 22 ရက္ေန႔မွာေတာ့ အဘြားအိုဟာ ကြယ္လြန္သြားခဲ့ၿပီး အဘြားအိုရဲ႕သမီးျဖစ္သူမွာေတာ့ မိခင္ရဲ႕ေနာက္ဆံုးအခ်ိန္မွာ အတူ႐ွိမေနေပးႏိုင္ခဲ့တဲ့အတြက္ ေနာင္တရေနခဲ့ၿပီး ၊ မိခင္ရဲ႕အသုဘပြဲကိုလည္း မျပင္ဆင္ေပးခဲ့ရတဲ့အတြက္ ဝမ္းနည္းေၾကကြဲလ်က္႐ွိေနပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Belgium နိုင်ငံမှာနေထိုင်တဲ့ အသက် 90 အရွယ် Suzanne Hoylaerts အမည်ရှိတဲ့ အဘွားအိုဟာ Covid – 19 ကူးစက်ခံထားရပေမဲ့ သူမကိုကောင်းမွန်စွာ အသက်ရှုနိုင်ဖို့ ကူညီထောက်ပံ့ပေးမဲ့ Ventilator အသက်ရှုစက်ကိုငြင်းပယ်ခဲ့ပြီး ရောဂါကူးစက်ခံထားရတဲ့လူငယ်တွေအတွက်သာ အသုံးပြုပေးဖို့ ပြောဆိုခဲ့ပါတယ် ။ သူမဟာ ပြီးခဲ့တဲ့ မတ်လ 20 ရက်နေ့ကတည်းက ရောဂါလက္ခဏာစတင်ခံစားခဲ့ရပြီး သူမရဲ့သမီးဖြစ်သူက ဆေးရုံသို့ခေါ်သွားခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ပြီးခဲ့ချိန်မှာတော့ virus ကူးစက်ခံထားရမှန်း အဖြေထွက်ပေါ်လာခဲ့ပါတယ် ။

သမီးဖြစ်သူက မိခင်ကိုဆေးရုံထဲအထိ သွားရောက်ပြီးပြုစုစောင့်ရှောက်မှုမျိုးမပေးနိုင်လို့ ငိုကြွေးခဲ့ချိန်မှာတော့ အဘွားအိုက ” သမီးငိုနေဖို့မလိုဘူး ၊ သမီးလုပ်ပေးနိုင်သလောက် အမေ့ကိုပြုစုစောင့်ရှောက်ပေးပြီးပြီ ၊ အမေ အတော်လေးကောင်းမွန်တဲ့ ဘဝမျိုးရရှိခဲ့ရပြီးပြီ ” ဆိုပြီး ပြောဆိုကာ သမီးဖြစ်သူကို နှစ်သိမ့်ပေးခဲ့ပါတယ် ။

သမီးဖြစ်သူမှာတော့ virus စပြီး ပျံ့နှံ့ချိန်ကတည်းက မိခင်ဖြစ်သူကို lockdown ချပြီး စနစ်တကျသီးသန့်နေထိုင်စေခဲ့ပေမဲ့လည်း မည်သည့်အကြောင်းကြောင့် ကူးစက်သွားမှန်းကို သူမကိုယ်တိုင်သတိမထားမိလိုက်ပါဘူး ဆိုပြီးပြောပြခဲ့ပါတယ် ။ ဆေးအကူသူနာပြုတွေရဲ့ပြောကြားချက်အရ အဘွားအိုဟာ အသက်ရှုစက်ကိုငြင်းပယ်ခဲ့ပြီး ” ဒါကို လူငယ်တွေအတွက် ထားလိုက်ပါ ၊ ငါတကယ့်ကိုကောင်းမွန်တဲ့ ဘဝမျိုးပိုင်ဆိုင်ခဲ့ရပြီးပြီ ” ဆိုပြီးပြောဆိုကာ လူငယ်တွေအတွက် ဦးစားပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း မတ်လ 22 ရက်နေ့မှာတော့ အဘွားအိုဟာ ကွယ်လွန်သွားခဲ့ပြီး အဘွားအိုရဲ့သမီးဖြစ်သူမှာတော့ မိခင်ရဲ့နောက်ဆုံးအချိန်မှာ အတူရှိမနေပေးနိုင်ခဲ့တဲ့အတွက် နောင်တရနေခဲ့ပြီး ၊ မိခင်ရဲ့အသုဘပွဲကိုလည်း မပြင်ဆင်ပေးခဲ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲလျက်ရှိနေပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment