အသီးအရြက္ေတြ နဲ႔ ငါးေတြကို ျခံစည္း႐ိုးမွာခ်ိတ္ဆြဲထားၿပီး လိုိအပ္သူမ်ားကိုအခ်င္းခ်င္းေဝမ်ွေပးေနၾကတဲ့ ရြာေလးတစ္ရြာ

ယခုအခ်ိန္မွာ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ လူတိုင္းလိုလိုအခက္အခဲေတြၾကံဳေတြ႔ေနရလ်က္႐ွိပါတယ္ ။ အထူးသျဖင့္ ေရာဂါကူးစက္မႈျမင့္ေနတဲ့ႏိုင္ငံေတြမွာဆိုရင္ အသြားအလာကန္႔သတ္လိုက္မႈေၾကာင့္ အစားအေသာက္ေတြျပက္လပ္မႈေတြေၾကာင့္ ဒုကၡေရာက္ေနလ်က္႐ွိပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ မေလး႐ွားႏိုင္ငံ ၊ Sabah ျပည္နယ္မွာ႐ွိတဲ့ ရြာေလးတစ္ရြာကေတာ့ ၎တို႔၏ျခံထြက္ အသီးအရြက္မ်ား ႏွင့္ လတ္ဆတ္တဲ့ငါးေတြကို ျခံစည္း႐ိုးမွာခ်ိတ္ဆြဲထားၿပီး လိုအပ္ေနသူမည္သူမဆို အခမဲ့ယူေဆာင္ႏိုင္ဖို႔လုပ္ေဆာင္ထားၾကၿပီး အခ်င္းခ်င္းကူညီ႐ိုင္းပင္မႈမ်ား ျပဳလုပ္ေနလ်က္႐ွိပါတယ္ ။ အဆိုပါ႐ိုး႐ွင္းလြန္းတဲ့နည္းလမ္းနဲ႔ ေရာဂါကူးစက္မႈေလ်ာ့နဲေအာင္ အခ်င္းခ်င္းကူညီေဖးမၾကတဲ့လုပ္ရပ္ဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကိုေတာ့ Bosku Orang Sabah အမည္႐ွိတဲ့ Facebook စာမ်က္ႏွာတစ္ခုက April 3 ရက္ေန႔က ေဝမ်ွထားခဲ့တာျဖစ္ၿပီး ၊ အသီးအရြက္ေတြကို အိတ္ေလးေတြနဲ႔ထုပ္ၿပီးခ်ိတ္ဆြဲထားကာ ၊ မိသားစုတစ္ခုမွ တစ္ထုပ္သာယူၾကဖို႔ ကပ္ထူျပားေပၚ စားမ်ားေရးသားၿပီး ျခံစည္း႐ိုးမွာ ခ်ိတ္ဆြဲထားပါေသးတယ္ ။

ယခုလို ေရြ႔လ်ားကန္႔သတ္မႈေတြ ျပဳလုပ္ေနတဲ့အခ်ိန္မ်ိဳးမွာ အခ်င္းခ်င္းကူညီ႐ိုင္းပင္းတဲ့လုပ္ရပ္မ်ိဳးဟာ အေတာ္ေလးကိုေလးစားအားက်ဖြယ္ လုပ္ရပ္ျဖစ္ၿပီး ယခု Covid – 19 ကူးစက္မႈကို အခ်င္းခ်င္းပူးေပါင္းၿပီး ခုခံကာကြယ္ႏိုင္သြားမယ္လို႔ လူအမ်ားကေမ်ွာ္လင့္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုအချိန်မှာ ကပ်ရောဂါအခြေအနေတွေကြောင့် လူတိုင်းလိုလိုအခက်အခဲတွေကြုံတွေ့နေရလျက်ရှိပါတယ် ။ အထူးသဖြင့် ရောဂါကူးစက်မှုမြင့်နေတဲ့နိုင်ငံတွေမှာဆိုရင် အသွားအလာကန့်သတ်လိုက်မှုကြောင့် အစားအသောက်တွေပြက်လပ်မှုတွေကြောင့် ဒုက္ခရောက်နေလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံ ၊ Sabah ပြည်နယ်မှာရှိတဲ့ ရွာလေးတစ်ရွာကတော့ ၎င်းတို့၏ခြံထွက် အသီးအရွက်များ နှင့် လတ်ဆတ်တဲ့ငါးတွေကို ခြံစည်းရိုးမှာချိတ်ဆွဲထားပြီး လိုအပ်နေသူမည်သူမဆို အခမဲ့ယူဆောင်နိုင်ဖို့လုပ်ဆောင်ထားကြပြီး အချင်းချင်းကူညီရိုင်းပင်မှုများ ပြုလုပ်နေလျက်ရှိပါတယ် ။ အဆိုပါရိုးရှင်းလွန်းတဲ့နည်းလမ်းနဲ့ ရောဂါကူးစက်မှုလျော့နဲအောင် အချင်းချင်းကူညီဖေးမကြတဲ့လုပ်ရပ်ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။

အဆိုပါအဖြစ်အပျက်ကိုတော့ Bosku Orang Sabah အမည်ရှိတဲ့ Facebook စာမျက်နှာတစ်ခုက April 3 ရက်နေ့က ဝေမျှထားခဲ့တာဖြစ်ပြီး ၊ အသီးအရွက်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီးချိတ်ဆွဲထားကာ ၊ မိသားစုတစ်ခုမှ တစ်ထုပ်သာယူကြဖို့ ကပ်ထူပြားပေါ် စားများရေးသားပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားပါသေးတယ် ။

ယခုလို ရွေ့လျားကန့်သတ်မှုတွေ ပြုလုပ်နေတဲ့အချိန်မျိုးမှာ အချင်းချင်းကူညီရိုင်းပင်းတဲ့လုပ်ရပ်မျိုးဟာ အတော်လေးကိုလေးစားအားကျဖွယ် လုပ်ရပ်ဖြစ်ပြီး ယခု Covid – 19 ကူးစက်မှုကို အချင်းချင်းပူးပေါင်းပြီး ခုခံကာကွယ်နိုင်သွားမယ်လို့ လူအများကမျှော်လင့်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment