Lockdown ချထားတဲ့အချိန်မှာ မွေးဖွားခဲ့တဲ့အမြွှာလေးတွေကို Corona နဲ့ Covid ဆိုပြီး အမည်ပေးခဲ့တဲ့ မိဘ




Jasmine (Mckzone Daily)

Source:DailyMail

Unicode

အိန္ဒိယနိုင်ငံ Lockdown ချထားတဲ့အချိန်မှာ မွေးဖွားခဲ့တဲ့အမြွှာကလေးငယ်လေးတွေကို သူ၏မိဘများက Corona နှင့် Covid ဆိုပြီး အမည်ပေးခဲ့ကြပါတယ် ။ ကလေးငယ်တွေရဲ့ မိဘတွေဖြစ်တဲ့ Preeti နှင့် Vinay Verma တို့ရဲ့ပြောပြချက်အရ ခက်ခဲလွန်းတဲ့အချိန်အခါမှာအောင်မြင်စွာမွေးဖွာလာခဲ့လို့ သင်္ကေတအနေနဲ့ ကလေးငယ်တွေရဲ့နာမည်ကိုအခုလို ပေးခဲ့ရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ် ။ မိခင်ဖြစ်သူရဲ့ပြောပြချက်အရ ” ကလေးတွေမွေးတဲ့အချိန်တုန်းက အခက်အခဲများစွာရင်ဆိုင်ခဲ့ရပါတယ် အဲတာတွေကို အမှတ်ရနေဖို့ အခုလိုကလေးတွေရဲ့နာမည်ပေးဖြစ်ခဲ့တာပါ ။ ဒီရဲ့ virus ဟာအတော်လေးကိုအန္တရာယ်များရဲ့ လူတွေရဲ့အသက်ကိုခြိမ်းခြောက်နေတဲ့အတွက် လူတွေဟာအမြဲတမ်း လက်ဆေးကြတယ် ၊ ရောဂါမဖြစ်အောင် သန့်ရှင်းအောင်နေကြတဲ့ စတဲ့အပြုအမှုကောင်းတွေဖြစ်စေခဲ့လို့လည်း အခုလိုနာမည်ပေးခဲ့ရတာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

ထို့အပြင် Verma ဟာ မတ်လ 27 ရက်နေ့မှာတော့ ဗိုက်အတော်လေးနာကျင်နေပြီး ကလေးမွေးဖွားတော့မဲ့အချိန်မှာ ခင်ပွန်းဖြစ်သူက အရေးပေါ်လူနာတင်ကားကို စီစဉ်ပေးခဲ့ပါတယ် ။ Lockdown ချထားတဲ့အချိန်မှာ လမ်းမကြီးပေါ်မှာ ကားအသွားအလာတွေမရှိတဲ့အတွက် တာဝန်ရှိသူရဲအရာရှိများက မကြာခဏကားရပ်ခိုင်းပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့အခြေအနေကိုသတိထားမိတာနဲ့ ချက်ချင်း သူမကို သွားခွင့်ပြုခဲ့ကြောင်း နှင့် ဆေးရုံသို့ရောက်သွားချိန်မှာလည်း ဆရာဝန် နှင့် ဝန်ထမ်းများက ဂရုတစိုက်ဆောင်ရွက်ပေးခဲ့လို့ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရှိရပါတယ် ။ ဆေးရုံရှိဝန်ထမ်းများက စပြီး သူမရဲ့သားလေးကို Corona ၊ သူမရဲ့သမီးကို Covid ဆိုပြီး စခေါ်ခဲ့လို့ ယခုလိုနာမည်မျိုးပေးဖို့ စဉ်းစားမိခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါသေးတယ် ။

လက်ရှိမှာတော့ မိခင်ရော ကလေးတွေပါ ဆေးရုံဆင်းခွင့်ရရှိသွားခဲ့ပြီဖြစ်ပြီး ၊ ကလေးတွေရဲ့ နာမည်ကိုတော့ နောက်ပိုင်းကြရင် ပြန်ပြောင်းပြီး မှည့်ခေါ်ဖို့ ဖြစ်နိုင်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment