ခရီးသြားလာမႈေတြကန္႔သတ္လိုက္လို႔ ဘဝမွာပထမဆံုးအႀကိမ္ အနားယူခြင့္ရခဲ့ၾကတဲ့ ဆင္အုပ္ႀကီး

Civid – 19 ကူးစက္ပ်ံ့ႏွံ႔မႈေတြေၾကာင့္ ႏိုင္ငံအေတာ္မ်ားမ်ားဟာ သြားလာမႈေတြကိုကန္႔သတ္တားျမစ္လိုက္လို႔ ခရီးသြားေတြလာေရာက္လည္ပတ္မႈမ်ားတဲ့ေနရာအေတာ္မ်ားမ်ားကို ယာယီပိတ္သိမ္းထားလ်က္႐ွိပါတယ္ ။ ဒီလို သြားလာမႈေတြကိုကန္႔သတ္တားျမစ္လိုက္လို႔ ထိုင္းႏိုင္ငံေျမာက္ဖက္ ၊ Chiang Mai မွာ႐ွိေနတဲ့ ဆင္စခန္းမွ ဆင္မ်ားမွာလည္း ခရီးသြားေတြကိုသယ္ယူပို႔ေဆာင္မႈေတြ မျပဳလုပ္ရေတာ့ပဲ ပထမဆံုးအႀကိမ္အနားယူခြင့္ရ႐ွိခဲ့ၾကပါတယ္ ။ အဆိုပါဆင္ေလးေတြဟာ ေက်ာကုန္းေပၚမွာ ခရီးသည္ေတြစီးနင္ဖို႔ သစ္သားထိုင္ခံုႀကီးမ်ားကိုအျမဲသယ္ေဆာင္ထားရၿပီး ၊ နားေနခ်ိန္မွာလည္း သံႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္ထားျခင္းမ်ိဳးခံခဲ့ရတာပါ ။

အဆိုပါဆင္စခန္းရဲ႕ ဒါ႐ိုက္တာျဖစ္သူ Anchalee Kalampichit ရဲ႕ေျပာျပခ်က္အရ 44ႏွစ္အတြင္း ပထမဦးဆံုးအႀကိမ္ဆင္ေတြဟာ သစ္သားထိုင္ခံုေတြမသယ္ရေတာ့တဲ့အျပင္ ၊ ေဖ်ာ္ေျဖတင္ဆက္မႈတို႔ကိုပါ မျပဳလုပ္ရေတာ့ပဲ လြတ္လပ္စြာသြားလာလည္ပတ္ခြင့္ရ႐ွိခဲ့တာပါပဲ ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။ အဆိုပါ ဆင္စခန္းမွ ဆင္ 78 ေကာင္ဟာ သစ္သားထိုင္ခံုေတြ လံုးဝမသယ္ရေတာ့ပဲ အနားယူခြင့္ရ႐ွိခဲ့ၾကတာပါ ။

ဒါေၾကာင့္မို႔ လူအမ်ားစုက တိရစာၦန္ေတြေၾကာင့္ ခရီးသြားလာလည္ပတ္မႈျမင့္မားတဲ့ အာ႐ွႏိုင္ငံမ်ားမွ ေနရာအေတာ္မ်ားမ်ားမွာ ယခုလိုသြားလာခြင့္ ကန္႔သတ္ထားခံရမႈျဖစ္ေနစဥ္အတြင္း တိရစာၦန္ေလးေတြကို အျပည့္အဝအနားယူေစၿပီး ၊ လြတ္လပ္သြားလာခြင့္ေပးၾကဖို႔ ေတာင္းဆိုေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Civid – 19 ကူးစက်ပျံ့နှံ့မှုတွေကြောင့် နိုင်ငံအတော်များများဟာ သွားလာမှုတွေကိုကန့်သတ်တားမြစ်လိုက်လို့ ခရီးသွားတွေလာရောက်လည်ပတ်မှုများတဲ့နေရာအတော်များများကို ယာယီပိတ်သိမ်းထားလျက်ရှိပါတယ် ။ ဒီလို သွားလာမှုတွေကိုကန့်သတ်တားမြစ်လိုက်လို့ ထိုင်းနိုင်ငံမြောက်ဖက် ၊ Chiang Mai မှာရှိနေတဲ့ ဆင်စခန်းမှ ဆင်များမှာလည်း ခရီးသွားတွေကိုသယ်ယူပို့ဆောင်မှုတွေ မပြုလုပ်ရတော့ပဲ ပထမဆုံးအကြိမ်အနားယူခွင့်ရရှိခဲ့ကြပါတယ် ။ အဆိုပါဆင်လေးတွေဟာ ကျောကုန်းပေါ်မှာ ခရီးသည်တွေစီးနင်ဖို့ သစ်သားထိုင်ခုံကြီးများကိုအမြဲသယ်ဆောင်ထားရပြီး ၊ နားနေချိန်မှာလည်း သံကြိုးတွေနဲ့ ချည်နှောင်ထားခြင်းမျိုးခံခဲ့ရတာပါ ။

အဆိုပါဆင်စခန်းရဲ့ ဒါရိုက်တာဖြစ်သူ Anchalee Kalampichit ရဲ့ပြောပြချက်အရ 44နှစ်အတွင်း ပထမဦးဆုံးအကြိမ်ဆင်တွေဟာ သစ်သားထိုင်ခုံတွေမသယ်ရတော့တဲ့အပြင် ၊ ဖျော်ဖြေတင်ဆက်မှုတို့ကိုပါ မပြုလုပ်ရတော့ပဲ လွတ်လပ်စွာသွားလာလည်ပတ်ခွင့်ရရှိခဲ့တာပါပဲ ဆိုပြီးပြောပြသွားခဲ့ပါတယ် ။ အဆိုပါ ဆင်စခန်းမှ ဆင် 78 ကောင်ဟာ သစ်သားထိုင်ခုံတွေ လုံးဝမသယ်ရတော့ပဲ အနားယူခွင့်ရရှိခဲ့ကြတာပါ ။

ဒါကြောင့်မို့ လူအများစုက တိရစ္ဆာန်တွေကြောင့် ခရီးသွားလာလည်ပတ်မှုမြင့်မားတဲ့ အာရှနိုင်ငံများမှ နေရာအတော်များများမှာ ယခုလိုသွားလာခွင့် ကန့်သတ်ထားခံရမှုဖြစ်နေစဉ်အတွင်း တိရစ္ဆာန်လေးတွေကို အပြည့်အဝအနားယူစေပြီး ၊ လွတ်လပ်သွားလာခွင့်ပေးကြဖို့ တောင်းဆိုနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment