Covid – 19 ကူးစက္ေရာဂါေၾကာင့္ ခင္ပြန္းျဖစ္သူႏွင့္ video call ေခၚရင္းနဲ႔သာ ႏႈတ္ဆက္ခဲ့ရတဲ့အျဖစ္ကို ရင္ဖြင့္ခဲ့တဲ့အမ်ိဳးသမီး

လူေတြဟာ ေန႔စဥ္ေန႔တိုင္း မလိုအပ္ရင္ အျပင္မထြက္ေတာ့ေလာက္ေအာင္ ဂ႐ုတစိုက္ေနထိုင္လာၾကပါတယ္ ။ ေနအိမ္အတြင္းမွာသာ ေနထိုင္ေနရလို႔ ၿငီးေငြ႔ေနၾကသူအေတာ္မ်ားမ်ား႐ွိေပမဲ့လည္း ေရာဂါကူးစက္ခံထားရလို႔ သီးသန္႔ခြဲထားတဲ့ေဆးရံုခန္းထဲမွာ စက္ပစၥည္းအျပည့္အစံုနဲ႔အသက္လုေနရတဲ့ Covid -19 ကူးစက္ခံထားရတဲ့ လူနာေတြနဲ႔စာရင္ေတာ့ ဒါကအေသးအဖြဲ႔တစ္ခုပါပဲ ။ ဒီတစ္ေခါက္မွာလည္း Maura Lewinger အမည္႐ွိတဲ့အမ်ိဳးသမီးဟာ သူမခင္ပြန္းရဲ႕ေနာက္ဆံုးအခ်ိန္ကို မ်က္ႏွာခ်င္းဆိုင္ ဖုန္းျဖင့္ video call ေခၚရင္းကေန ႏႈတ္ဆက္ခဲ့ရေၾကာင္း ဝမ္းနည္ေၾကကြဲစြာ CNN သတင္းအစီအစဥ္မွာ ေျပာျပသြားခဲ့ပါတယ္ ။ သူမရဲ႕ေျပာျပခ်က္မွာေတာ့ သူမရဲ႕ခင္ပြန္းဟာ အစပိုင္းမွာ ကိုး႐ိုနာဗိုင္းရပ္စ္စစ္ေဆးမႈကို ျငင္းပယ္ခဲ့ၿပီးေနာက္ပိုင္း က်န္းမာေရးပိုမိုဆိုးဝါးလာတဲ့အခ်ိန္မွ သီးသန္႔လူနာကုေဆာင္မွာ ေဆးကုသမႈခံယူခဲ့ပါတယ္ ။

ေနာက္ပိုင္း သူမရဲ႕ခင္ပြန္းကိုဆံုး႐ႈံးရဖို႔ ပိုမိုသိသာလာခဲ့တဲ့အခ်ိန္မွာေတာ့ ခင္ပြန္းရဲ႕ေနာက္ဆံုးအခ်ိန္ကို ႏႈတ္ဆက္ဖို႔ သူမအခြင့္အေရးရခဲ့ပါတယ္ ။ ခင္ပြန္းျဖစ္သူနဲ႔ video call ေျပာခြင့္ရတဲ့အခ်ိန္မွာေတာ့ သူမက သူနာျပဳကို ခင္ပြန္းအတြက္သီခ်င္းဖြင့္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။ သူနာျပဳကလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ေသခ်ာေပါက္သီးခ်င္းဖြင့္ေပးပါ့မယ္ ဆိုၿပီးသူမကို ေျပာဆိုခ့ ဲပါတယ္ ။ ခင္ပြန္းနဲ႔ video call ေျပာခြင့္ရတဲ့အခ်ိန္မွာေတာ့ သူမဟာ ခင္ပြန္းကိုထြက္မသြားဖို႔ နွင့္ သူမတို႔အားလံုးက သူ႔ကိုလိုအပ္ေနေၾကာင္း ေတာင္းပန္ခဲ့ပါတယ္ ၊ အခ်ိန္သိပ္မရေတာ့ဘူးဆိုတာကို သူမတို႔သိလိုက္ရခ်ိန္မွာေတာ့ သူမအတြက္ ျပည္စံုေကာင္းမြန္တဲ့ခင္ပြန္းတစ္ေယာက္ျဖစ္ေပးခဲ့လို႔ ေက်းဇူးတင္ေၾကာင္း ၊ သူမကိုေန႔စဥ္ခ်စ္ျမတ္ႏိုးၿပီး တန္ဖိုးထားျမတ္ႏိုးမႈမ်ိဳး ခံစားေစခဲ့တဲ့အတြက္ ေပ်ာ္ရႊင္ေၾကာင္း ႏွင့္ သူမရဲ႕ေန႔လယ္စာဘူးေလးထဲမွာ ေန႔စဥ္ လွပၾကည္ႏူးဖို႔ေကာင္းတဲ့စာေလးေတြ အျမဲေရးထည့္ေပးခဲ့လို႔ ေက်းဇူးတင္ေၾကာင္း ခင္ပြန္းျဖစ္သူကို ေျပာဆိုခဲ့ပါတယ္ ။

ထိုအခ်ိန္မွာပဲ ဆရာဝန္ကဖုန္းလာကိုင္ၿပီးေနာက္ ” ေတာင္းပန္ပါတယ္ ၊ သူ႔မွာေသြးခုန္ႏႈန္းမ႐ွိေတာ့ပါဘူး ” ဆိုၿပီး သူမကိုအသိေပးခဲ့ပါတယ္ ။ ထိုအခ်ိန္မွာ သူမအေတာ္ေလးေၾကာက္လန္႔တုန္လႈပ္သြားၿပီး ဝမ္းနည္ေၾကကြဲခဲ့ရတဲ့အျပင္ ၊ အဆိုပါအျဖစ္အပ်က္မ်ိဳး ဘယ္သူမွ မၾကံဳေတြ႔ေစလိုေၾကာင္း သူမရဲ႕အျဖစ္အပ်က္ကို CNN သတင္းအစီအစဥ္မွာ ရင္ဖြင့္သြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတွေဟာ နေ့စဉ်နေ့တိုင်း မလိုအပ်ရင် အပြင်မထွက်တော့လောက်အောင် ဂရုတစိုက်နေထိုင်လာကြပါတယ် ။ နေအိမ်အတွင်းမှာသာ နေထိုင်နေရလို့ ငြီးငွေ့နေကြသူအတော်များများရှိပေမဲ့လည်း ရောဂါကူးစက်ခံထားရလို့ သီးသန့်ခွဲထားတဲ့ဆေးရုံခန်းထဲမှာ စက်ပစ္စည်းအပြည့်အစုံနဲ့အသက်လုနေရတဲ့ Covid -19 ကူးစက်ခံထားရတဲ့ လူနာတွေနဲ့စာရင်တော့ ဒါကအသေးအဖွဲ့တစ်ခုပါပဲ ။ ဒီတစ်ခေါက်မှာလည်း Maura Lewinger အမည်ရှိတဲ့အမျိုးသမီးဟာ သူမခင်ပွန်းရဲ့နောက်ဆုံးအချိန်ကို မျက်နှာချင်းဆိုင် ဖုန်းဖြင့် video call ခေါ်ရင်းကနေ နှုတ်ဆက်ခဲ့ရကြောင်း ဝမ်းနည်ကြေကွဲစွာ CNN သတင်းအစီအစဉ်မှာ ပြောပြသွားခဲ့ပါတယ် ။ သူမရဲ့ပြောပြချက်မှာတော့ သူမရဲ့ခင်ပွန်းဟာ အစပိုင်းမှာ ကိုးရိုနာဗိုင်းရပ်စ်စစ်ဆေးမှုကို ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးပိုမိုဆိုးဝါးလာတဲ့အချိန်မှ သီးသန့်လူနာကုဆောင်မှာ ဆေးကုသမှုခံယူခဲ့ပါတယ် ။

နောက်ပိုင်း သူမရဲ့ခင်ပွန်းကိုဆုံးရှုံးရဖို့ ပိုမိုသိသာလာခဲ့တဲ့အချိန်မှာတော့ ခင်ပွန်းရဲ့နောက်ဆုံးအချိန်ကို နှုတ်ဆက်ဖို့ သူမအခွင့်အရေးရခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူနဲ့ video call ပြောခွင့်ရတဲ့အချိန်မှာတော့ သူမက သူနာပြုကို ခင်ပွန်းအတွက်သီချင်းဖွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ သူနာပြုကလည်း တည်တည်ငြိမ်ငြိမ်နဲ့ သေချာပေါက်သီးချင်းဖွင့်ပေးပါ့မယ် ဆိုပြီးသူမကို ပြောဆိုခ့ ဲပါတယ် ။ ခင်ပွန်းနဲ့ video call ပြောခွင့်ရတဲ့အချိန်မှာတော့ သူမဟာ ခင်ပွန်းကိုထွက်မသွားဖို့ နှင့် သူမတို့အားလုံးက သူ့ကိုလိုအပ်နေကြောင်း တောင်းပန်ခဲ့ပါတယ် ၊ အချိန်သိပ်မရတော့ဘူးဆိုတာကို သူမတို့သိလိုက်ရချိန်မှာတော့ သူမအတွက် ပြည်စုံကောင်းမွန်တဲ့ခင်ပွန်းတစ်ယောက်ဖြစ်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ၊ သူမကိုနေ့စဉ်ချစ်မြတ်နိုးပြီး တန်ဖိုးထားမြတ်နိုးမှုမျိုး ခံစားစေခဲ့တဲ့အတွက် ပျော်ရွှင်ကြောင်း နှင့် သူမရဲ့နေ့လယ်စာဘူးလေးထဲမှာ နေ့စဉ် လှပကြည်နူးဖို့ကောင်းတဲ့စာလေးတွေ အမြဲရေးထည့်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ခင်ပွန်းဖြစ်သူကို ပြောဆိုခဲ့ပါတယ် ။

ထိုအချိန်မှာပဲ ဆရာဝန်ကဖုန်းလာကိုင်ပြီးနောက် ” တောင်းပန်ပါတယ် ၊ သူ့မှာသွေးခုန်နှုန်းမရှိတော့ပါဘူး ” ဆိုပြီး သူမကိုအသိပေးခဲ့ပါတယ် ။ ထိုအချိန်မှာ သူမအတော်လေးကြောက်လန့်တုန်လှုပ်သွားပြီး ဝမ်းနည်ကြေကွဲခဲ့ရတဲ့အပြင် ၊ အဆိုပါအဖြစ်အပျက်မျိုး ဘယ်သူမှ မကြုံတွေ့စေလိုကြောင်း သူမရဲ့အဖြစ်အပျက်ကို CNN သတင်းအစီအစဉ်မှာ ရင်ဖွင့်သွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Covid – 19 ကူးစက္ေရာဂါေၾကာင့္ ခင္ပြန္းျဖစ္သူႏွင့္ video call ေခၚရင္းနဲ႔သာ ႏႈတ္ဆက္ခဲ့ရတဲ့အျဖစ္ကို ရင္ဖြင့္ခဲ့တဲ့အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*