Covid – 19 ကာလအတြင္း အလုပ္လက္မဲ့ျဖစ္ခဲ့လို႔ ဆန္တစ္အိတ္ခိုးခဲ့မိတဲ့ အမ်ိဳးသားရဲ႕အျဖစ္

ယခုအခ်ိန္ကာလဟာ လူေတြအတြက္ အဆိုးဝါးဆံုးအခ်ိန္ကာလ လို႔ေျပာႏိုင္သလို ၊ အလုပ္လက္မဲ့ျဖစ္ေနၾကတဲ့ လူအေတာ္အမ်ားဟာလည္း ဝင္ေငြမ႐ွိေတာ့တဲ့အတြက္ အေျခခံစားေသာက္ကုန္ေတြကိုေတာင္ မဝယ္ႏိုင္ေတာ့တဲ့အထိ ခက္ခဲၾကပ္တည္းေနတဲ့ အခ်ိန္ကာလပါ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံ ၊ Medan ၿမိဳ႕မွာေနထိုင္တဲ့ အမ်ိဳးသားတစ္ဦးဟာ ကုန္စံုဆိုင္တစ္ခုကေန 5kg အေလးခ်ိန္႐ွိတဲ့ဆန္တစ္အိတ္ကို ခိုးယူခဲ့မိလို႔ ေဒသခံေတြရဲ႕ ေသြးထြက္ဒဏ္ရာရ႐ွိခဲ့တဲ့အထိ ႐ိုက္ႏွက္ျခင္းမ်ိဳးခံခဲ့ရပါတယ္ ။ စံုစမ္းစစ္ေဆးမႈအရ အဆိုပါအမ်ိဳးသားဟာ Covid – 19 စၿပီး ပ်ံ့ႏွံ႔လာခ်ိန္ကတည္းက အလုပ္မ်ားရပ္နားထားရၿပီး ဝင္ေငြမ်ားမ႐ွိေတာ့တဲ့အတြက္ ဆာေလာင္လြန္းလို႔ ယခုလိုခိုးယူခဲ့ရတာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။

ထိုေၾကာင့္ ရဲအရာ႐ွိမ်ားကလည္း ခ်က္ခ်င္းပဲအဆိုပါအမ်ိဳးသား၏ ေနအိမ္သို႔သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ၎အမ်ိဳးသား၏ ဘဝျဖစ္ရပ္မွန္အေၾကာင္းကို သိ႐ွိခဲ့ရပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ အသက္ 40 အရြယ္ ႐ွိေနၿပီျဖစ္ၿပီး ၊ ဇနီး ႏွင့္ သားသမီး 3ဦးတို႔မွာေတာ့ ေယာကၡမအိမ္မွာ သြားေရာက္ေနထိုင္လ်က္႐ွိေသာေၾကာင့္ သူ၏ဝါးထရံအိမ္ေလးမွာ တစ္ေယာက္တည္းေနထိုင္ေနရလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

ဇနီး ႏွင့္ သားသမီးမ်ား ေနအိမ္တြင္မ႐ွိေပမဲ့လည္း ၎တို႔အတြက္ အေျခခံလိုအပ္ခ်က္မ်ားကို အျမဲသြားေရာက္ပို႔ေဆာင္ေပးၿပီး ျဖည့္ဆည္းေပးလ်က္႐ွိေၾကာင္း ႏွင့္ ယခုတစ္ႀကိမ္မွာလည္း အစားအေသာက္လံုးဝမ႐ွိေတာ့တဲ့အထိ ဆာေလာင္ေနခဲ့လို႔ ခိုးယူခဲ့မိတာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသား၏ အေျခအေနေတြကို ရဲအရာ႐ွိမ်ားက သိ႐ွိနားလည္ၿပီးသြားတဲ့ေနာက္မွာေတာ့ ေနာက္ထပ္ဆာေလာင္မႈေၾကာင့္ ခိုးယူမႈမ်ားထပ္ၿပီးမျဖစ္ပြားေအာင္ အဆိုပါအမ်ိဳးသားအတြက္ ဆန္ ၊ ၾကက္ဥ ႏွင့္ ပိုက္ဆံအနည္းငယ္ကို ေထာက္ပံ့ေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုအချိန်ကာလဟာ လူတွေအတွက် အဆိုးဝါးဆုံးအချိန်ကာလ လို့ပြောနိုင်သလို ၊ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ လူအတော်အများဟာလည်း ဝင်ငွေမရှိတော့တဲ့အတွက် အခြေခံစားသောက်ကုန်တွေကိုတောင် မဝယ်နိုင်တော့တဲ့အထိ ခက်ခဲကြပ်တည်းနေတဲ့ အချိန်ကာလပါ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ၊ Medan မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ကုန်စုံဆိုင်တစ်ခုကနေ 5kg အလေးချိန်ရှိတဲ့ဆန်တစ်အိတ်ကို ခိုးယူခဲ့မိလို့ ဒေသခံတွေရဲ့ သွေးထွက်ဒဏ်ရာရရှိခဲ့တဲ့အထိ ရိုက်နှက်ခြင်းမျိုးခံခဲ့ရပါတယ် ။ စုံစမ်းစစ်ဆေးမှုအရ အဆိုပါအမျိုးသားဟာ Covid – 19 စပြီး ပျံ့နှံ့လာချိန်ကတည်းက အလုပ်များရပ်နားထားရပြီး ဝင်ငွေများမရှိတော့တဲ့အတွက် ဆာလောင်လွန်းလို့ ယခုလိုခိုးယူခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။

ထိုကြောင့် ရဲအရာရှိများကလည်း ချက်ချင်းပဲအဆိုပါအမျိုးသား၏ နေအိမ်သို့သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ ၎င်းအမျိုးသား၏ ဘဝဖြစ်ရပ်မှန်အကြောင်းကို သိရှိခဲ့ရပါတယ် ။ အဆိုပါအမျိုးသားဟာ အသက် 40 အရွယ် ရှိနေပြီဖြစ်ပြီး ၊ ဇနီး နှင့် သားသမီး 3ဦးတို့မှာတော့ ယောက္ခမအိမ်မှာ သွားရောက်နေထိုင်လျက်ရှိသောကြောင့် သူ၏ဝါးထရံအိမ်လေးမှာ တစ်ယောက်တည်းနေထိုင်နေရလျက်ရှိကြောင်း သိရှိရပါတယ် ။

ဇနီး နှင့် သားသမီးများ နေအိမ်တွင်မရှိပေမဲ့လည်း ၎င်းတို့အတွက် အခြေခံလိုအပ်ချက်များကို အမြဲသွားရောက်ပို့ဆောင်ပေးပြီး ဖြည့်ဆည်းပေးလျက်ရှိကြောင်း နှင့် ယခုတစ်ကြိမ်မှာလည်း အစားအသောက်လုံးဝမရှိတော့တဲ့အထိ ဆာလောင်နေခဲ့လို့ ခိုးယူခဲ့မိတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ် ။ အဆိုပါအမျိုးသား၏ အခြေအနေတွေကို ရဲအရာရှိများက သိရှိနားလည်ပြီးသွားတဲ့နောက်မှာတော့ နောက်ထပ်ဆာလောင်မှုကြောင့် ခိုးယူမှုများထပ်ပြီးမဖြစ်ပွားအောင် အဆိုပါအမျိုးသားအတွက် ဆန် ၊ ကြက်ဥ နှင့် ပိုက်ဆံအနည်းငယ်ကို ထောက်ပံ့ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment