အသက္ 53ႏွစ္အရြယ္မွာ ကြယ္လြန္သြားခဲ့တဲ့ ေဘာလိဝုဒ္မင္းသားႀကီး Irrfan Khan

ေဘာလိဝုဒ္ ႏွင့္ ေဟာလိဝုဒ္ ႐ုပ္႐ွင္ေလာကရဲ႕ မင္းသားႀကီးတစ္ေယာက္ျဖစ္တဲ့ Irrfan Khan ဟာ ၿပီးခဲ့တဲ့ April 29 ရက္ေန႔က မြန္ဘိုင္းၿမိဳ႕႐ွိ Kokilaben Dhirubhai Ambani ေဆးရံုမွာ ကြယ္လြန္သြားခဲ့ပါတယ္ ။ မင္းသားႀကီးဟာ ကင္ဆာေရာဂါကို 2018 ခုႏွစ္ကတည္းက စတင္ခံစားေနခဲ့ရတာျဖစ္ၿပီး ၊ က်န္းမာေရးအေျခအေနဆိုးဝါးလာခဲ့လို႔ April 28 ရက္ေန႔မွာ အေရးေပၚေစာင့္ၾကပ္လူနာခန္းမွာ ကုသမႈခံယူခဲ့ရေပမဲ့လည္း April 29 ရက္ေန႔မွာေတာ့ ကြယ္လြန္သြားခဲ့ပါတယ္ ။

ေျပာေရးဆိုခြင့္႐ွိသူတစ္ဦးကေတာ့ မင္းသားႀကီးဟာ ေနာက္ဆံုးထြက္သက္အခ်ိန္ထိ အ႐ႈံးမေပးဘဲ ၊ ျပန္လည္ေကာင္းမြန္လာဖို႔ အစြမ္းကုန္ႀကိဳးစားအားထုတ္ခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ မင္းသားႀကီးဟာ အေျပာအဆို စကားနည္းၿပီး ၊ သူ၏နက္နဲတဲ့ အၾကည့္ေတြ တိတ္ဆိတ္တဲ့ မ်က္ႏွာထားအမႈအရာေတြနဲ႔ သ႐ုပ္ေဆာင္မႈေတြဟာ ႐ုပ္႐ွင္ပိတ္ကားထပ္ေပၚက မေမ့ေဖ်ာက္ႏိုင္တဲ့ သ႐ုပ္ေဆာင္မႈေတြပါပဲ ။

မင္းသားႀကီး Irrfan Khan ဟာ ႐ုပ္႐ွင္ေလာကထဲသို႔ ဝင္ေရာက္လာခဲ့စဥ္က လုပ္ကြက္မ႐ွိတဲ့ အရာမေရာက္တဲ့ ဇာတ္ေဆာင္ေတြမွာ သ႐ုပ္ေဆာင္ခဲ့ရေပမဲ့လည္း ၊ ေနာက္ပိုင္းမွာေတာ့ ေဟာလိဝုဒ္႐ုပ္႐ွင္ေလာကအထိေအာင္ျမင္စြာ ထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့ကာ The Amazing Spiderman, Jurassic World ႏွင့္ Life Of Pi စတဲ့႐ုပ္႐ွင္ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္ ။ ယခုခ်ိန္မွာမင္းသားႀကီး Irrfan Khan ဟာ ဇနီးျဖစ္သူ ႏွင့္ သား ႏွစ္ဦးတို႔ကို ခ်န္ထားခဲ့ၿပီး လူ႔ေလာက ကေနအၿပီးထြက္ခြာသြားခဲ့ၿပီျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘောလိဝုဒ် နှင့် ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ Irrfan Khan ဟာ ပြီးခဲ့တဲ့ April 29 ရက်နေ့က မွန်ဘိုင်းမြို့ရှိ Kokilaben Dhirubhai Ambani ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ် ။ မင်းသားကြီးဟာ ကင်ဆာရောဂါကို 2018 ခုနှစ်ကတည်းက စတင်ခံစားနေခဲ့ရတာဖြစ်ပြီး ၊ ကျန်းမာရေးအခြေအနေဆိုးဝါးလာခဲ့လို့ April 28 ရက်နေ့မှာ အရေးပေါ်စောင့်ကြပ်လူနာခန်းမှာ ကုသမှုခံယူခဲ့ရပေမဲ့လည်း April 29 ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့ပါတယ် ။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မင်းသားကြီးဟာ နောက်ဆုံးထွက်သက်အချိန်ထိ အရှုံးမပေးဘဲ ၊ ပြန်လည်ကောင်းမွန်လာဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ မင်းသားကြီးဟာ အပြောအဆို စကားနည်းပြီး ၊ သူ၏နက်နဲတဲ့ အကြည့်တွေ တိတ်ဆိတ်တဲ့ မျက်နှာထားအမှုအရာတွေနဲ့ သရုပ်ဆောင်မှုတွေဟာ ရုပ်ရှင်ပိတ်ကားထပ်ပေါ်က မမေ့ဖျောက်နိုင်တဲ့ သရုပ်ဆောင်မှုတွေပါပဲ ။

မင်းသားကြီး Irrfan Khan ဟာ ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာခဲ့စဉ်က လုပ်ကွက်မရှိတဲ့ အရာမရောက်တဲ့ ဇာတ်ဆောင်တွေမှာ သရုပ်ဆောင်ခဲ့ရပေမဲ့လည်း ၊ နောက်ပိုင်းမှာတော့ ဟောလိဝုဒ်ရုပ်ရှင်လောကအထိအောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကာ The Amazing Spiderman, Jurassic World နှင့် Life Of Pi စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ် ။ ယခုချိန်မှာမင်းသားကြီး Irrfan Khan ဟာ ဇနီးဖြစ်သူ နှင့် သား နှစ်ဦးတို့ကို ချန်ထားခဲ့ပြီး လူ့လောက ကနေအပြီးထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment