” စားလို႔ရပါေသးတယ္ ” ဆိုၿပီး လမ္းေပၚမွာျပန္႔က်ဲေနတဲ့ ဆန္ေတြကိုျပန္ေကာက္ေနခဲ့တဲ့ အလုပ္သမားတစ္ဦး

ယခုလို အသြားအလာကန္႔သတ္ထိန္းခ်ဳပ္ထားတဲ့အခ်ိန္မ်ိဳးမွာ လူအေတာ္မ်ားမ်ားက ေနအိမ္အတြင္း၌သာေနထိုင္ၿပီး အနားယူေနၾကေပမဲ့လည္း ၊ အခ်ိဳ႕ေသာ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့လူေတြကေတာ့ အခ်ိန္ၾကာလာတာနဲ႔အမ်ွ အလုပ္လက္မဲ့ျဖစ္ေနခဲ့လို႔ အဆင္မေျပမႈေတြ တစ္ရက္ထက္တစ္ရက္တိုးလာခဲ့ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ ႏိုင္ငံျခားအလုပ္သမားတစ္ဦးဟာ ဆန္ထည္႔ထားေသာ ကြၽတ္ကြၽတ္အိတ္ေပါက္ျပဲသြားခဲ့လို႔ လမ္းေပၚျပန္႔က်ဲသြားခဲ့တဲ့ ဆန္ေတြကို ျပန္ေကာက္ထည့္ေနခဲ့တဲ့ ဓာတ္ပံုဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလး ၾကည့္႐ႈသူမ်ားေနခဲ့ပါတယ္ ။

အဆိုပါ အမ်ိဳးသားဟာ သူ႔ရဲ႕အျဖစ္ကို အေတာ္ေလးစိတ္မေကာင္းျဖစ္ေနပံုရၿပီး သူ၏ႏႈတ္ကေန ” အဆင္ေျပပါတယ္ ၊ ငါဒါေတြ ေရျပန္ေဆးလို႔ရတယ္ ၊ ဒီဆန္ေတြက စားလို႔ရပါေသးတယ္ ” ဆိုၿပီးေတာ့လည္း ေရရြတ္ေနခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္ ။ ထို႔ေၾကာင့္ အခ်ိဳ႕ေသာသူမ်ားက “လူေတြက ဆင္းရဲေနပါေစ ၊ ခ်မ္းသာေနပါေစ ဆာေလာင္ေနရင္ အကုန္လံုးက အတူတူပါပဲ ” ဆိုၿပီးေတာ့လည္း ေဝဖန္သံုးသပ္ခ်က္မ်ားေရးသားခဲ့ၾကပါတယ္ ။

ထို႔ေၾကာင့္ ယခုလိုအခ်ိန္ေတြမွာ ႏိုင္ငံျခားအလုပ္သမားေတြသာမက ၊ ျပည္တြင္း႐ွိ ဆင္းရဲလြန္းလွတဲ့ ျပည္သူမ်ားဟာလည္း အလုပ္လက္မဲ့ျဖစ္ေနခဲ့လို႔ ယခုလိုအခက္အခဲမ်ိဳးၾကံဳေတြ႔ေနရသူ မ်ားျပားစြာ႐ွိေနေၾကာင္း မေလးရွားနိုင္ငံရွိလူအမ်ားစုက မ်ိဳးစံုသံုးသပ္ေရးသားခဲ့ၾကပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလို အသွားအလာကန့်သတ်ထိန်းချုပ်ထားတဲ့အချိန်မျိုးမှာ လူအတော်များများက နေအိမ်အတွင်း၌သာနေထိုင်ပြီး အနားယူနေကြပေမဲ့လည်း ၊ အချို့သော တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူတွေကတော့ အချိန်ကြာလာတာနဲ့အမျှ အလုပ်လက်မဲ့ဖြစ်နေခဲ့လို့ အဆင်မပြေမှုတွေ တစ်ရက်ထက်တစ်ရက်တိုးလာခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားအလုပ်သမားတစ်ဦးဟာ ဆန်ထည့်ထားသော ကျွတ်ကျွတ်အိတ်ပေါက်ပြဲသွားခဲ့လို့ လမ်းပေါ်ပြန့်ကျဲသွားခဲ့တဲ့ ဆန်တွေကို ပြန်ကောက်ထည့်နေခဲ့တဲ့ ဓာတ်ပုံဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေး ကြည့်ရှုသူများနေခဲ့ပါတယ် ။

အဆိုပါ အမျိုးသားဟာ သူ့ရဲ့အဖြစ်ကို အတော်လေးစိတ်မကောင်းဖြစ်နေပုံရပြီး သူ၏နှုတ်ကနေ ” အဆင်ပြေပါတယ် ၊ ငါဒါတွေ ရေပြန်ဆေးလို့ရတယ် ၊ ဒီဆန်တွေက စားလို့ရပါသေးတယ် ” ဆိုပြီးတော့လည်း ရေရွတ်နေခဲ့ကြောင်း ဖော်ပြထားပါတယ် ။ ထို့ကြောင့် အချို့သောသူများက “လူတွေက ဆင်းရဲနေပါစေ ၊ ချမ်းသာနေပါစေ ဆာလောင်နေရင် အကုန်လုံးက အတူတူပါပဲ ” ဆိုပြီးတော့လည်း ဝေဖန်သုံးသပ်ချက်များရေးသားခဲ့ကြပါတယ် ။

ထို့ကြောင့် ယခုလိုအချိန်တွေမှာ နိုင်ငံခြားအလုပ်သမားတွေသာမက ၊ ပြည်တွင်းရှိ ဆင်းရဲလွန်းလှတဲ့ ပြည်သူများဟာလည်း အလုပ်လက်မဲ့ဖြစ်နေခဲ့လို့ ယခုလိုအခက်အခဲမျိုးကြုံတွေ့နေရသူ များပြားစွာရှိနေကြောင်း မလေးရှားနိုင်ငံရှိလူအများစုက မျိုးစုံသုံးသပ်ရေးသားခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment