မေမ်ွာ္လင့္ထားတဲ့ Customer ဆီက တံု႔ျပန္မႈေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့ Delivery အမ်ိဳးသား (႐ုပ္သံ)

အခုလို Covid – 19 ကူးစက္ေရာဂါအေျခအေနေတြေၾကာင့္ လူေတြဟာ လည္ပတ္သြားလာမႈေတြ သိပ္ၿပီးမလုပ္ေဆာင္ေတာ့ဘဲ ေနအိမ္အတြင္း၌သာ ေနထိုင္က်လ်က္႐ွိပါတယ္ ။ ထို႔အျပင္ စားေသာက္ဆိုင္မွ အစားအစာမ်ားကိုလည္း Food Delivery ျဖင့္ဝန္ေဆာင္မႈေပးၿပီး ပို႔ေဆာင္ေနလ်က္႐ွိလို႔ လူအေတာ္အမ်ားက ေနအိမ္အတြင္း၌သာ အဆင္ေျပစြာေနထိုင္ေနၾကလ်က္႐ွိပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕မွ Food deliveryman တစ္ဦးဟာ လူအေတာ္အမ်ားက အိမ္ျပင္မထြက္ၾကဘဲ ေနအိမ္မွသာ အစားအေသာက္မ်ားမွာယူေနၾကေသာေၾကာင့္ အေတာ္ေလးကို မအားမလပ္ႏိုင္ေအာင္ အလုပ္႐ႈပ္ေနလ်က္႐ွိၿပီး ၊ သူ၏ေမြးေန႔ကိုေတာင္ ေမ့ေနခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အစားအေသာက္မွာယူခဲ့တဲ့ Customer တစ္ဦးဟာ ေက်းဇူးတင္ၿပီးအသိအမွတ္ျပဳတဲ့အေနနဲ႔ Delivery သမားအတြက္ ကိတ္မုန္႔တစ္ခုမွာယူေပးခဲ့ပါတယ္ ။ Delivery သမားဟာ အဆိုပါကိတ္မုန္႔ကို ဆိုင္အတြင္းသို႔သြားေရာက္ယူေဆာင္ခဲ့ခ်ိန္မွာေတာ့ ဝန္ထမ္းမိန္းကေလးက” Customer တစ္ဦးက ႐ွင့္အတြက္ လက္ေဆာင္အေနနဲ႔ ဝယ္ထားေပးတာပါ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ Delivery သမားဟာ မယံုၾကည္ႏိုင္ေအာင္ျဖစ္ခဲ့ၿပီး ေသခ်ာရဲ႕လားဆိုၿပီး ဆိုင္ဝန္ထမ္းကို အႀကိမ္ႀကိမ္ျပန္ေမးခဲ့ပါေတာ့တယ္ ။

Customer ခ်န္ထားခဲ့တဲ့ စာတိုေလးတစ္ခုမွာလည္း ” ကြၽန္ေတာ္ခင္ဗ်ားအတြက္ ကိတ္တစ္ခုပိုမွာ ေပးခဲ့ပါတယ္ ၊ အခ်ိန္မီစားဖို႔ သတိရပါ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။ Customer က အဆိုပါ Delivery အမ်ိဳးသားရဲ႕ ေမြးေန႔မွန္းသိ႐ွိျခင္းမ႐ွိဘဲ ကိတ္မုန္႔မွာယူေပးခဲ့ျခင္းျဖစ္ေပမဲ့လည္း ၊ Delivery သမားကေတာ့ ဆိုင္အျပင္ဖက္မွာ ကိတ္မုန္႔ေပၚဖေယာင္တိုင္ေလးထြန္းၿပီး မ်က္ရည္မ်ားလည္းစီးက်လာခဲ့ကာ သူ၏ေမြးေန႔ကိတ္မွ ဖေယာင္တိုင္ကို မီးမႈတ္ခဲ့တာကို video ထဲမွာ အထင္းသားႀကီးျမင္ေတြ႔ရမွာပါ ။ ဒီလို ခက္ခဲတဲ့အခ်ိန္မ်ိဳးမွာ အခ်င္းခ်င္းအသိအမွတ္ျပဳၿပီး ႐ိုင္ပင္းကူညီတဲ့စိတ္မ်ိဳးဟာ အေတာ္ေလးကို ေလးစားအားက်ဖြယ္ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အခုလို Covid – 19 ကူးစက်ရောဂါအခြေအနေတွေကြောင့် လူတွေဟာ လည်ပတ်သွားလာမှုတွေ သိပ်ပြီးမလုပ်ဆောင်တော့ဘဲ နေအိမ်အတွင်း၌သာ နေထိုင်ကျလျက်ရှိပါတယ် ။ ထို့အပြင် စားသောက်ဆိုင်မှ အစားအစာများကိုလည်း Food Delivery ဖြင့်ဝန်ဆောင်မှုပေးပြီး ပို့ဆောင်နေလျက်ရှိလို့ လူအတော်အများက နေအိမ်အတွင်း၌သာ အဆင်ပြေစွာနေထိုင်နေကြလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှ Food deliveryman တစ်ဦးဟာ လူအတော်အများက အိမ်ပြင်မထွက်ကြဘဲ နေအိမ်မှသာ အစားအသောက်များမှာယူနေကြသောကြောင့် အတော်လေးကို မအားမလပ်နိုင်အောင် အလုပ်ရှုပ်နေလျက်ရှိပြီး ၊ သူ၏မွေးနေ့ကိုတောင် မေ့နေခဲ့ပါတယ် ။

သို့ပေမဲ့လည်း အစားအသောက်မှာယူခဲ့တဲ့ Customer တစ်ဦးဟာ ကျေးဇူးတင်ပြီးအသိအမှတ်ပြုတဲ့အနေနဲ့ Delivery သမားအတွက် ကိတ်မုန့်တစ်ခုမှာယူပေးခဲ့ပါတယ် ။ Delivery သမားဟာ အဆိုပါကိတ်မုန့်ကို ဆိုင်အတွင်းသို့သွားရောက်ယူဆောင်ခဲ့ချိန်မှာတော့ ဝန်ထမ်းမိန်းကလေးက” Customer တစ်ဦးက ရှင့်အတွက် လက်ဆောင်အနေနဲ့ ဝယ်ထားပေးတာပါ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Delivery သမားဟာ မယုံကြည်နိုင်အောင်ဖြစ်ခဲ့ပြီး သေချာရဲ့လားဆိုပြီး ဆိုင်ဝန်ထမ်းကို အကြိမ်ကြိမ်ပြန်မေးခဲ့ပါတော့တယ် ။

Customer ချန်ထားခဲ့တဲ့ စာတိုလေးတစ်ခုမှာလည်း ” ကျွန်တော်ခင်ဗျားအတွက် ကိတ်တစ်ခုပိုမှာ ပေးခဲ့ပါတယ် ၊ အချိန်မီစားဖို့ သတိရပါ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။ Customer က အဆိုပါ Delivery အမျိုးသားရဲ့ မွေးနေ့မှန်းသိရှိခြင်းမရှိဘဲ ကိတ်မုန့်မှာယူပေးခဲ့ခြင်းဖြစ်ပေမဲ့လည်း ၊ Delivery သမားကတော့ ဆိုင်အပြင်ဖက်မှာ ကိတ်မုန့်ပေါ်ဖယောင်တိုင်လေးထွန်းပြီး မျက်ရည်များလည်းစီးကျလာခဲ့ကာ သူ၏မွေးနေ့ကိတ်မှ ဖယောင်တိုင်ကို မီးမှုတ်ခဲ့တာကို video ထဲမှာ အထင်းသားကြီးမြင်တွေ့ရမှာပါ ။ ဒီလို ခက်ခဲတဲ့အချိန်မျိုးမှာ အချင်းချင်းအသိအမှတ်ပြုပြီး ရိုင်ပင်းကူညီတဲ့စိတ်မျိုးဟာ အတော်လေးကို လေးစားအားကျဖွယ်ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment