Stay Home ကာလအတွင်း အိမ်ပြင်မှာရပ်နားထားတဲ့ ကားမှတာယာတွေ ခိုးယူခြင်းခံခဲ့ရတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီလိုအချိန်တွေမှာဆိုရင် မြို့ကြီးများမှ တိုက်ခန်း ဒါမှမဟုတ် အိမ်ခန်းကျဉ်းလေးထဲမှာ နေထိုင်ကြသူအများစုဟာ ၎င်းတို့ရဲ့ကားအတွက် ရပ်နားထားရာနေရာမရှိကြတဲ့အတွက် အိမ်အပြင်ဖက် လမ်းဘေးဖက်တွေမှာ ကားကိုတစ်နေကုန်ရပ်နားထားကြပြီး အိမ်ထဲမှာနေထိုင်နေကြသူ အတော်များများရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အသွားအလာကန့်သတ်မှုတွေပြုလုပ်ထားတဲ့ မလေးရှားနိုင်ငံ ၊ Penang ပြည်နယ်မှာရှိတဲ့ အိမ်တွေရှေ့မှာ ရပ်နားထားတဲ့ကားတွေဟာဆိုရင် ကားဘီးတာယာဖြုတ်ခိုးခြင်းခံခဲ့ရပါတယ် ။

ယခုလို အိမ်ထဲအိမ်ပြင် သိပ်မထွက်ကြတဲ့ အချိန်ကာလတွေမှာ သူခိုးတွေဟာ ပိုပြီးအခွင့်ကောင်းရနေကြပြီး ခိုးယူမှုများကို မကြောက်မလန့်တိုးပြီး ပြုလုပ်လာကြပါတယ် ။ အဆိုပါအဖြစ်အပျက်ကို အိမ်ရှင်တွေက ပြီးခဲ့တဲ့ April 28 ရက်နေ့က ရဲအရာရှိတွေထံ တိုင်ကြားထားလျက်ရှိကြောင်း သိရှိရပါတယ် ။

အဆိုပါ ခိုးယူမှုဖြစ်ပွားခဲ့တဲ့ အိမ်တွေဟာ ကားရပ်နားထားတဲ့ဖက်ကို မူတည်ပြီး CCTV တပ်ထားခဲ့ပေမဲ့လည်း CCTV ရုပ်သံထဲမှာတော့ သူခိုးတွေရဲ့ မျက်နှာကို ထင်ထင်ရှားရှားတွေ့မြင်ရခြင်းမျိုးမရှိသောကြောင့် ဖမ်းဆီးအရေးယူနိုင်ဖို့ ခက်ခဲနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment