မနက္ 4:30 အခ်ိန္ခန္႔မွာ ကားမီးထိုးၿပီး လမ္းမႀကီးေဘး မနက္စာစားေနခဲ့ရတဲ့ သန္႔႐ွင္းေရးဝန္ထမ္းေတြရဲ႕အျဖစ္

အခုလို Covid – 19 ျဖစ္ပြားေနတဲ့အခ်ိန္ကာလမွာ လူေတြရဲ႕ေနစဥ္ဘဝလႈပ္႐ွားသြားလာမႈ ၊ လုပ္ကိုင္စားေသာက္ေနမႈေတြဟာ ခက္ခဲလာခဲ့ပါတယ္ ။ ဒါအျပင္ ယခုလိုအခ်ိန္ကာလေတြမွာ လူေတြသတိမထားမိၾကတဲ့ ၊ အသိအမွတ္မျပဳမိတဲ့ သူေတြ႐ွိၾကပါတယ္ ။ Asri Ahmad အမည္နဲ႔ Facebook အသံုးျပဳသူတစ္ေယာက္က မေလး႐ွားႏိုင္ငံ Ampang ၿမိဳ႕ရဲ႕လမ္းမႀကီးေဘးတစ္ေနရာမွာ အမႈိက္ေကာက္ေပးတဲ့သန္႔႐ွင္းေရးဝန္ထမ္းေတြဟာ လုပ္ငန္းမစခင္ မနက္ 4:30 အခ်ိန္ခန္႔ စုၿပီးလမ္းမႀကီးေဘးတြင္ထိုင္ကာ ကားမီးထိုးၿပီး မနက္စာစားေနခဲ့ရတာပါ။

ထို႔အျပင္ အဆိုပါသန္႔႐ွင္းေရးဝန္ထမ္းမ်ားဟာ မနက္ 4:30 အခ်ိန္တိုင္း အဆိုပါေနရာသို႔ ေရာက္႐ွိလာေလ့႐ွိၿပီး သူတို႔ရဲ႕လုပ္ငန္းတာဝန္ကို ေက် ႁပြန္စြာေဆာင္ရြက္ၾကတဲ့အျပင္ ယခုလိုအခ်ိန္မွာထိေတြ႔မႈမ်ိဳးကိုေတာင္ မျပဳလုပ္ခ်င္တဲ့ လူအမ်ားရဲ႕အမႈိက္သ႐ိုက္ေတြကို သိမ္းဆည္းၿပီး ၿမိဳ႕အႏွံ႔ ညစ္ပတ္ေပေရေနမႈေတြမ႐ွိေအာင္ ေဆာင္ရြက္ေပးေနၾကလို႔ပါပဲ ။

ယခုလို အသြားအလာကန္႔သတ္ထားတဲ့အခ်ိန္မွာ ေနပူပူ ၊ မိုးရြာရြာ ၎တို႔ရဲ႕တာဝန္ကိုၿပီးဆံုးေအာင္ ေဆာင္ရြက္ၾကၿပီး ၊ လူအမ်ားရဲ႕ေန႔စဥ္ဘဝ ေအးခ်မ္းစြာျဖတ္သန္းႏိုင္ေအာင္ ညစ္ပတ္ေပေရေနတဲ့အမႈိက္ေတြကို သိမ္းဆည္းေပးေနၾကတာဟာ အေတာ္ေလးကို ေလးစားမိေၾကာင္း Asri Ahmad ကေရးသားထားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အခုလို Covid – 19 ဖြစ်ပွားနေတဲ့အချိန်ကာလမှာ လူတွေရဲ့နေစဉ်ဘဝလှုပ်ရှားသွားလာမှု ၊ လုပ်ကိုင်စားသောက်နေမှုတွေဟာ ခက်ခဲလာခဲ့ပါတယ် ။ ဒါအပြင် ယခုလိုအချိန်ကာလတွေမှာ လူတွေသတိမထားမိကြတဲ့ ၊ အသိအမှတ်မပြုမိတဲ့ သူတွေရှိကြပါတယ် ။ Asri Ahmad အမည်နဲ့ Facebook အသုံးပြုသူတစ်ယောက်က မလေးရှားနိုင်ငံ Ampang မြို့ရဲ့လမ်းမကြီးဘေးတစ်နေရာမှာ အမှိုက်ကောက်ပေးတဲ့သန့်ရှင်းရေးဝန်ထမ်းတွေဟာ လုပ်ငန်းမစခင် မနက် 4:30 အချိန်ခန့် စုပြီးလမ်းမကြီးဘေးတွင်ထိုင်ကာ ကားမီးထိုးပြီး မနက်စာစားနေခဲ့ရတာပါ ။

ထို့အပြင် အဆိုပါသန့်ရှင်းရေးဝန်ထမ်းများဟာ မနက် 4:30 အချိန်တိုင်း အဆိုပါနေရာသို့ ရောက်ရှိလာလေ့ရှိပြီး သူတို့ရဲ့လုပ်ငန်းတာဝန်ကို ကျေ ပြွန်စွာဆောင်ရွက်ကြတဲ့အပြင် ယခုလိုအချိန်မှာထိတွေ့မှုမျိုးကိုတောင် မပြုလုပ်ချင်တဲ့ လူအများရဲ့အမှိုက်သရိုက်တွေကို သိမ်းဆည်းပြီး မြို့အနှံ့ ညစ်ပတ်ပေရေနေမှုတွေမရှိအောင် ဆောင်ရွက်ပေးနေကြလို့ပါပဲ ။

ယခုလို အသွားအလာကန့်သတ်ထားတဲ့အချိန်မှာ နေပူပူ ၊ မိုးရွာရွာ ၎င်းတို့ရဲ့တာဝန်ကိုပြီးဆုံးအောင် ဆောင်ရွက်ကြပြီး ၊ လူအများရဲ့နေ့စဉ်ဘဝ အေးချမ်းစွာဖြတ်သန်းနိုင်အောင် ညစ်ပတ်ပေရေနေတဲ့အမှိုက်တွေကို သိမ်းဆည်းပေးနေကြတာဟာ အတော်လေးကို လေးစားမိကြောင်း Asri Ahmad ကရေးသားထားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment