ၼတစ္လလံုး အလုပ္လက္မဲ့ျဖစ္ခဲ့လို႔ ေနအိမ္ကို 4ရက္ဆက္တိုက္လမ္းေလ်ွာက္ျပန္ခဲ့ရတဲ့ အမ်ိဳးသား (႐ုပ္သံ)

ယခုလို Covid – 19 ျဖစ္ပြားေနတဲ့အခ်ိန္ကာလမွာ အသြားအလာကန္႔သတ္မႈေတြကိုျပဳလုပ္ေနၾကလို႔ ပညာေရး နဲ႔ စီးပြားေရးေတြမွာ အေတာ္ေလးထိခိုက္မႈေတြ ႐ွိလာခဲ့ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံမွာ အသြားအလာကန္႔သတ္မႈေတြ ျပဳလုပ္ထားလို႔ ခရီးသြားယာဥ္ေတြဟာလည္း အသြားအလာရပ္ဆိုင္းထားရပါတယ္ ။ ထို႔ေၾကာင့္ Matnoe Poksu Din အမည္႐ွိတဲ့အမ်ိဳးသားဟာ Kuala Lumpur ၿမိဳ႕ကေန မိသားစုေတြ႐ွိရာ Kelantan ျပည္နယ္အထိ 4ရက္ဆက္တိုက္ လမ္းေလ်ွာက္ၿပီး အိမ္ျပန္ခဲ့ရပါတယ္ ။ Poksu ဟာ Kuala Lumpur ၿမိဳ႕မွာ အလုပ္အကိုင္မ႐ွိ ၊ စားေသာက္ဖို႔ ပိုက္ဆံမ႐ွိဘဲ ျဖစ္ေနခဲ့ၿပီးတစ္လအၾကာမွာေတာ့ ယခုလိုအိမ္ကိုလမ္းေလ်ွာက္ျပန္ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း Poksu ရဲ႕ဇနီးကေျပာျပသြားခဲ့ပါတယ္ ။

Poksu ဟာ 4ရက္ၾကာတဲ့ခရီးတစ္ေလ်ွာက္ 2ရက္ခန္႔ အစာမစားခဲ့ရဘဲ ၊ ေဖ်ာ္ရည္ကိုသာ ေသာက္ခဲ့ရေၾကာင္း သူ၏ live video မွာ ေျပာျပသြားခဲ့ပါေသးတယ္ ။ ကံေကာင္းစြာနဲ႔ပဲ April 27 ရက္ေန႔ ည 11 နာရီအခ်ိန္မွာ Poksu ဟာ သူ၏မိသားစုအိမ္သို႔ အႏၱရာယ္ကင္းစြာျပန္ေရာက္ႏိုင္ခဲ့ၿပီး ၊ အိမ္ျပန္ေရာက္ခဲ့တဲ့ ဓာတ္ပံုကိုပါ ေဝမ်ွခဲ့ပါေသးတယ္ ။ ေဒသခံေတြက Poksu ကို ေဆးရံုသို႔သြားၿပီး ေဆးစစ္မႈမခံယူဘူးလားဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ ” စိတ္မပူပါနဲ႔ ၊ ကြၽန္ေတာ္ ေဆးရံုကိုေတာ့ လမ္းေလ်ွာက္ၿပီးသြားမွာ မဟုတ္ပါဘူး ” ဆိုၿပီး ေနာက္ေျပာင္ခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလို Covid – 19 ဖြစ်ပွားနေတဲ့အချိန်ကာလမှာ အသွားအလာကန့်သတ်မှုတွေကိုပြုလုပ်နေကြလို့ ပညာရေး နဲ့ စီးပွားရေးတွေမှာ အတော်လေးထိခိုက်မှုတွေ ရှိလာခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာ အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ထားလို့ ခရီးသွားယာဉ်တွေဟာလည်း အသွားအလာရပ်ဆိုင်းထားရပါတယ် ။ ထို့ကြောင့် Matnoe Poksu Din အမည်ရှိတဲ့အမျိုးသားဟာ Kuala Lumpur မြို့ကနေ မိသားစုတွေရှိရာ Kelantan ပြည်နယ်အထိ 4ရက်ဆက်တိုက် လမ်းလျှောက်ပြီး အိမ်ပြန်ခဲ့ရပါတယ် ။ Poksu ဟာ Kuala Lumpur မြို့မှာ အလုပ်အကိုင်မရှိ ၊ စားသောက်ဖို့ ပိုက်ဆံမရှိဘဲ ဖြစ်နေခဲ့ပြီးတစ်လအကြာမှာတော့ ယခုလိုအိမ်ကိုလမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း Poksu ရဲ့ဇနီးကပြောပြသွားခဲ့ပါတယ် ။

Poksu ဟာ 4ရက်ကြာတဲ့ခရီးတစ်လျှောက် 2ရက်ခန့် အစာမစားခဲ့ရဘဲ ၊ ဖျော်ရည်ကိုသာ သောက်ခဲ့ရကြောင်း သူ၏ live video မှာ ပြောပြသွားခဲ့ပါသေးတယ် ။ ကံကောင်းစွာနဲ့ပဲ April 27 ရက်နေ့ ည 11 နာရီအချိန်မှာ Poksu ဟာ သူ၏မိသားစုအိမ်သို့ အန္တရာယ်ကင်းစွာပြန်ရောက်နိုင်ခဲ့ပြီး ၊ အိမ်ပြန်ရောက်ခဲ့တဲ့ ဓာတ်ပုံကိုပါ ဝေမျှခဲ့ပါသေးတယ် ။ ဒေသခံတွေက Poksu ကို ဆေးရုံသို့သွားပြီး ဆေးစစ်မှုမခံယူဘူးလားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ ” စိတ်မပူပါနဲ့ ၊ ကျွန်တော် ဆေးရုံကိုတော့ လမ်းလျှောက်ပြီးသွားမှာ မဟုတ်ပါဘူး ” ဆိုပြီး နောက်ပြောင်ခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment