လူစုပြီး ဆံပင်ညှပ်ခဲ့ကြလို့ အဖမ်းခံခဲ့ရတဲ့ ဆံပင်ညှပ်ဆရာ နှင့် အမျိုးသား 13 ဦးရဲ့အဖြစ်



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုအချိန်လို အသွားအလာကန့်သတ်မှုတွေ ပြုလုပ်နေကြတဲ့အချိန်မှာ စည်းကမ်းမလိုက်နာတဲ့ လူအချို့လည်းရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မရှေားနိုင်ငံက ဆံပင်ညှပ်ဆိုင်တစ်ခုမှာ အမျိုးသား 13 ယောက်က စုပြီးဆံပင်လာညှပ်ခဲ့ကြတဲ့အတွက် အဆိုပါအမျိုးသားတွေကော ၊ ဆံပင်ညှပ်ဆရာပါ ဖမ်းဆီးအရေးယူခြင်းခံခဲ့ရပါတယ် ။ အဆိုပါတိုင်ကြာမှုကိုတော့ ဆံပင်ညှပ်ဆိုင်က ညနေ 3:30 အချိန်ခန့်မှာ ဆိုင်ကိုခိုးဖွင့်ခဲ့လို့ ဒေသခံတွေက တာဝန်ရှိသူတွေကို တိုင်ကြားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအမျိုးသား 13 ဦးမှာတော့ အသက် 20-40 ကြားဝန်းကျင်ရှိ အမျိုးသားများဖြစ်ကြပြီး ၎င်းတို့ဟာ သတ်မှတ်ထားသောစည်းမျဉ်းတွေကို ချိုးဖောက်မှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့အပြင် ၊ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်မှာလည်း အဆိုပါလူတွေကို လက်ခံပြီး ဆိုင်ထဲသို့ဝင်စေခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment