အလုပ္ရွင္ဆီက အစားအစာေတြရဖို႔ ေရေျမာင္းႀကီးကေနျဖတ္ၿပီးသြားယူခဲ့ရတဲ့ ျမန္မာအလုပ္သမားရဲ႕အျဖစ္

ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ မေလး႐ွားႏိုင္ငံ ၊ Selayang ၿမိဳ႕ေလးကို အသြားအလာကန္႔သတ္မႈပိုၿပီးတိုးျမင့္ခဲ့ပါတယ္ ။ ထိုအခ်ိန္မွစၿပီး အဆိုပါပတ္ဝန္းက်င္မွာေနထိုင္ၾကသူမ်ားဟာ အခက္အခဲျပသာနာအေတာ္မ်ားမ်ားရင္ဆိုင္ခဲ့ၾကၿပီး ၊ အခ်ိဳ႕ဆိုရင္ သံဆူးႀကိဳးေတြကာထားတဲ့ၾကားကမွ မေၾကာက္မလန္႔ပဲ ထြက္ေျပးတိမ္းေ႐ွာင္ခဲ့ၾကလို႔ပါပဲ ။ ဒီတစ္ေခါက္မွာလည္း ျမန္မာအလုပ္သမားတစ္ဦးဟာ အဆိုပါအရပ္ေဒသ႐ွိ ေရႏုတ္ေျမာင္းႀကီးကေန ၿမိဳ႕အျပင္ဖက္သို႔ ထြက္သြားခဲ့ၿပီးေနာက္ လာရာလမ္းအတိုင္းျပန္ဝင္လာခဲ့လို႔ ရဲအရာ႐ွိေတြရဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။

အဆိုပါေရႏုတ္ေျမာင္ဟာ အျပင္ဖက္ကို ထြက္ခြာႏိုင္တဲ့ တစ္ခုတည္းေသာ လမ္းေၾကာင္းလို႔လည္းသိ႐ွိရပါတယ္ ။ အဆိုပါျမန္မာအလုပ္သမားကိုေတာ့ အသီးအရြက္ေတြထည့္ထားတဲ့အိတ္ႀကီးတစ္လံုးနဲ႔ဖမ္းမိခဲ့တာျဖစ္ၿပီး ၊ အလုပ္႐ွင္က အဆိုပါျမန္မာအလုပ္သမားအတြက္ ေနအိမ္အျပင္ဖက္မွာ အဆိုပါအထုပ္ႀကီးကို ထားေပးခဲ့လို႔ သြားေရာက္ယူေဆာင္ခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ လံုျခံဳေရးကင္းလွည့္သူတစ္ဦးက ေတြ႔႐ွိခဲ့လို႔ ခ်က္ခ်င္းဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီးေနာက္ ရဲအရာ႐ွိမ်ားကေတာ့ ျမန္မာအလုပ္သမားကို ဆက္လက္ၿပီးစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မလေးရှားနိုင်ငံ ၊ Selayang မြို့လေးကို အသွားအလာကန့်သတ်မှုပိုပြီးတိုးမြင့်ခဲ့ပါတယ် ။ ထိုအချိန်မှစပြီး အဆိုပါပတ်ဝန်းကျင်မှာနေထိုင်ကြသူများဟာ အခက်အခဲပြသာနာအတော်များများရင်ဆိုင်ခဲ့ကြပြီး ၊ အချို့ဆိုရင် သံဆူးကြိုးတွေကာထားတဲ့ကြားကမှ မကြောက်မလန့်ပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြလို့ပါပဲ ။ ဒီတစ်ခေါက်မှာလည်း မြန်မာအလုပ်သမားတစ်ဦးဟာ အဆိုပါအရပ်ဒေသရှိ ရေနုတ်မြောင်းကြီးကနေ မြို့အပြင်ဖက်သို့ ထွက်သွားခဲ့ပြီးနောက် လာရာလမ်းအတိုင်းပြန်ဝင်လာခဲ့လို့ ရဲအရာရှိတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

အဆိုပါရေနုတ်မြောင်ဟာ အပြင်ဖက်ကို ထွက်ခွာနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းလို့လည်းသိရှိရပါတယ် ။ အဆိုပါမြန်မာအလုပ်သမားကိုတော့ အသီးအရွက်တွေထည့်ထားတဲ့အိတ်ကြီးတစ်လုံးနဲ့ဖမ်းမိခဲ့တာဖြစ်ပြီး ၊ အလုပ်ရှင်က အဆိုပါမြန်မာအလုပ်သမားအတွက် နေအိမ်အပြင်ဖက်မှာ အဆိုပါအထုပ်ကြီးကို ထားပေးခဲ့လို့ သွားရောက်ယူဆောင်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ လုံခြုံရေးကင်းလှည့်သူတစ်ဦးက တွေ့ရှိခဲ့လို့ ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ရဲအရာရှိများကတော့ မြန်မာအလုပ်သမားကို ဆက်လက်ပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment