“အမ်ားႀကီးမယူနဲ႔ ၊ တျခားသူေတြအတြက္ ခ်န္ထားအံုး ” ဆိုၿပီး သားျဖစ္သူကို ဆံုးမခဲ့တဲ့ မသန္စြမ္းဖခင္ (႐ုပ္သံ)

မေလး႐ွားႏိုင္ငံ ၊ Kuala Lumpur ၿမိဳ႕ရဲ႕ လူအသြားအလာနဲပါးတဲ့ လမ္းမႀကီးေပၚမွာ 7ႏွစ္အရြယ္သားျဖစ္သူက မသန္မစြမ္းျဖစ္ေနတဲ့ဖခင္ရဲ႕ ဝီး႐ွဲကိုသြန္းသြားေပးေနတဲ့ video ဟာ Twitter မွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ Video ထဲမွာကေတာ့ အမ်ိဳးသားတစ္ေယာက္ဟာ သူ၏သူငယ္ခ်င္းေတြနဲ႔အတူ ၿမိဳ႕ထဲကားပတ္ေမာင္းၿပီး စားစရာ နဲ႔ ေသာက္ေရ မ်ားေပးေဝတဲ့ အလႉအတန္းျပဳလုက္ေနၾကတာပါ ။ ထိုအခ်ိန္မွာေတာ့ လမ္းမႀကီးေပၚက သားအဖႏွစ္ေယာက္ကို ျမင္ေတြ႔ခဲ့ခ်ိန္မွာေတာ့ ကားကိုအ႐ွိန္ေလ်ွာ့ၿပီးရပ္ကာ ထမင္းဘူးယူမလားဆိုၿပီး အဆိုပါ သားအဖ ကိုေမးျမန္းခဲ့ပါတယ္ ။

ဖခင္ျဖစ္သူက ယူမယ္လို႔ေျပာတဲ့အခ်ိန္မွာေတာ့ ကားေပၚမွ ထမင္းဘူး ႏွင့္ ေသာက္ေရဘူးမ်ားကို ေပးၿပီးလႉဒါန္းခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ သားျဖစ္သူက သူ၏ဖခင္ကို လံုေလာက္ၿပီလားလို႔ ေမးခဲ့ခ်ိန္မွာ ဖခင္ျဖစ္သူက ” လံုေလာက္ၿပီ.. ထမင္းဘူးမရေသးတဲ့ လူေတြအမ်ားႀကီးက်န္ေနေသးလို႔ အေဖတို႔သူတို႔အတြက္ ခ်န္ထားေပးရမယ္ေလ ” ဆိုၿပီး သားျဖစ္သူကို ဆံုးမခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ သားျဖစ္သူဟာ ႐ွက္သြားခဲ့ၿပီး သူ၏ေခါင္းကိုကုတ္ေနခဲ့ၿပီးေနာက္ ဖခင္ျဖစ္သူရဲ႕ ဝီး႐ွဲကိုတြန္းေပးၿပီး ေနအိမ္သို႔ျပန္သြားခဲ့ပါတယ္ ။

သတင္းအရင္းအျမစ္အရ ဖခင္ျဖစ္သူဟာ လြန္ခဲ့တဲ့ 10 ႏွစ္ခန္႔က ေျခေထာက္က်ိဳးသြားခဲ့တာျဖစ္ၿပီး ၊ သံေခ်ာင္းအစားထိုး ထည့္ခဲ့ေပမဲ့လည္း ထပ္က်ိဳးသြားခဲ့လို႔ ယခုလို မသန္စြမ္းျဖစ္ေနခဲ့ရတာျဖစ္ၿပီး ယခုအခ်ိန္ထိ 7ႏွစ္အရြယ္သားျဖစ္သူက ဖခင္ကို ကူညီေစာင့္ေ႐ွာက္ေနရတာ ျဖစ္ေၾကာင္းလည္းသိ႐ွိရပါတယ္ ။ ယခုခ်ိန္မွာေတာ့ အဆိုပါ သားအဖ၏ ေနအိမ္သို႔ ပရဟိတဝန္ထမ္းမ်ားက သြားေရာက္ၿပီးကူညီမႈမ်ားျပဳလုပ္ေပးလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့ရဲ့ လူအသွားအလာနဲပါးတဲ့ လမ်းမကြီးပေါ်မှာ 7နှစ်အရွယ်သားဖြစ်သူက မသန်မစွမ်းဖြစ်နေတဲ့ဖခင်ရဲ့ ဝီးရှဲကိုသွန်းသွားပေးနေတဲ့ video ဟာ Twitter မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာကတော့ အမျိုးသားတစ်ယောက်ဟာ သူ၏သူငယ်ချင်းတွေနဲ့အတူ မြို့ထဲကားပတ်မောင်းပြီး စားစရာ နဲ့ သောက်ရေ များပေးဝေတဲ့ အလှူအတန်းပြုလုက်နေကြတာပါ ။ ထိုအချိန်မှာတော့ လမ်းမကြီးပေါ်က သားအဖနှစ်ယောက်ကို မြင်တွေ့ခဲ့ချိန်မှာတော့ ကားကိုအရှိန်လျှော့ပြီးရပ်ကာ ထမင်းဘူးယူမလားဆိုပြီး အဆိုပါ သားအဖ ကိုမေးမြန်းခဲ့ပါတယ် ။

ဖခင်ဖြစ်သူက ယူမယ်လို့ပြောတဲ့အချိန်မှာတော့ ကားပေါ်မှ ထမင်းဘူး နှင့် သောက်ရေဘူးများကို ပေးပြီးလှူဒါန်းခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သားဖြစ်သူက သူ၏ဖခင်ကို လုံလောက်ပြီလားလို့ မေးခဲ့ချိန်မှာ ဖခင်ဖြစ်သူက ” လုံလောက်ပြီ.. ထမင်းဘူးမရသေးတဲ့ လူတွေအများကြီးကျန်နေသေးလို့ အဖေတို့သူတို့အတွက် ချန်ထားပေးရမယ်လေ ” ဆိုပြီး သားဖြစ်သူကို ဆုံးမခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သားဖြစ်သူဟာ ရှက်သွားခဲ့ပြီး သူ၏ခေါင်းကိုကုတ်နေခဲ့ပြီးနောက် ဖခင်ဖြစ်သူရဲ့ ဝီးရှဲကိုတွန်းပေးပြီး နေအိမ်သို့ပြန်သွားခဲ့ပါတယ် ။

သတင်းအရင်းအမြစ်အရ ဖခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ 10 နှစ်ခန့်က ခြေထောက်ကျိုးသွားခဲ့တာဖြစ်ပြီး ၊ သံချောင်းအစားထိုး ထည့်ခဲ့ပေမဲ့လည်း ထပ်ကျိုးသွားခဲ့လို့ ယခုလို မသန်စွမ်းဖြစ်နေခဲ့ရတာဖြစ်ပြီး ယခုအချိန်ထိ 7နှစ်အရွယ်သားဖြစ်သူက ဖခင်ကို ကူညီစောင့်ရှောက်နေရတာ ဖြစ်ကြောင်းလည်းသိရှိရပါတယ် ။ ယခုချိန်မှာတော့ အဆိုပါ သားအဖ၏ နေအိမ်သို့ ပရဟိတဝန်ထမ်းများက သွားရောက်ပြီးကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment