Social Distancing အတြက္ ျပစ္မႈက်ဴ းလြန္သူေတြကို ဧရာမညႇပ္နဲ႔ဖမ္းဖို႔ ေလ့က်င့္ေနတဲ့ အိႏၵိယရဲအရာ႐ွိမ်ား (႐ုပ္သံ)

Covid – 19 ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈျဖစ္ေနစဥ္အတြင္း ျပစ္မႈက်ဴ းလြန္သူ ၊ စည္းကမ္းလိုက္နာမႈ မ႐ွိသူေတြကို ဖမ္းဆီးအေရးယူႏိုင္ဖို႔ အိႏၷိယရဲအရာ႐ွိေတြဟာ ဧရာမညႇပ္ႀကီးကို တီထြင္ခဲ့ၾကပါတယ္ ။ အဆိုပါ ေလ့က်င္မႈျပဳလုပ္ေနၾကတဲ့ video ထဲမွာေတာ့ social distancing အတြက္ ရည္ရြယ္ၿပီး ျပဳလုပ္ခဲ့တာျဖစ္တဲ့အျပင္ အဆိုပါဧရာမညႇပ္ႀကီးကို အသံုးျပဳၿပီး တရားခံကိုဖမ္းသည့္ သ႐ုပ္ျပမႈမ်ိဳးျပဳလုပ္ခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ားကလည္း လက္အိတ္မ်ား ၊ mask မ်ား တပ္ၿပီး သ႐ုပ္ျပမႈမ်ား ျပဳလုပ္ခဲ့ပါတယ္ ။

တာဝန္႐ွိသူ ရဲအရာ႐ွိေတြရဲ႕ေျပာၾကားခ်က္အရ ” ဒါကို ကြၽန္ေတာ္တို႔က social distancing ညႇပ္ ဒါမွမဟုတ္ lockdown ေတြကိုခ်ိဳးေဖာက္တဲ့သူေတြ ဖမ္းတဲ့အရာ လို႔ေခၚပါတယ္ ။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတယ္လို႔ သံသယ႐ွိတဲ့သူေတြ ၊ စစ္ေဆးမႈမခံယူဘဲ စည္းကမ္းလိုက္နာဖို႔ျငင္းဆန္တဲ့သူေတြအတြက္ ဒီဧရာမညႇပ္ႀကီးကို သံုးမွာပါ ” ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

အဆိုပါ ဧရာမညႇပ္ႀကီးကိုေတာ့ ယခုခ်ိန္အထိ တကယ့္လက္ေတြ႔အသံုျပဳမႈမ်ား ျပဳလုပ္ျခင္းမ႐ွိေသးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Covid – 19 ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်နေစဉ်အတွင်း ပြစ်မှုကျူ းလွန်သူ ၊ စည်းကမ်းလိုက်နာမှု မရှိသူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ အိန္နိယရဲအရာရှိတွေဟာ ဧရာမညှပ်ကြီးကို တီထွင်ခဲ့ကြပါတယ် ။ အဆိုပါ လေ့ကျင်မှုပြုလုပ်နေကြတဲ့ video ထဲမှာတော့ social distancing အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်တဲ့အပြင် အဆိုပါဧရာမညှပ်ကြီးကို အသုံးပြုပြီး တရားခံကိုဖမ်းသည့် သရုပ်ပြမှုမျိုးပြုလုပ်ခဲ့ပါတယ် ။ ရဲအရာရှိများကလည်း လက်အိတ်များ ၊ mask များ တပ်ပြီး သရုပ်ပြမှုများ ပြုလုပ်ခဲ့ပါတယ် ။

တာဝန်ရှိသူ ရဲအရာရှိတွေရဲ့ပြောကြားချက်အရ ” ဒါကို ကျွန်တော်တို့က social distancing ညှပ် ဒါမှမဟုတ် lockdown တွေကိုချိုးဖောက်တဲ့သူတွေ ဖမ်းတဲ့အရာ လို့ခေါ်ပါတယ် ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိတဲ့သူတွေ ၊ စစ်ဆေးမှုမခံယူဘဲ စည်းကမ်းလိုက်နာဖို့ငြင်းဆန်တဲ့သူတွေအတွက် ဒီဧရာမညှပ်ကြီးကို သုံးမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

အဆိုပါ ဧရာမညှပ်ကြီးကိုတော့ ယခုချိန်အထိ တကယ့်လက်တွေ့အသုံပြုမှုများ ပြုလုပ်ခြင်းမရှိသေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment