ဆင်းရဲလွန်းလို့ လမ်းမကြီးပေါ်ပြန့်ကျဲနေတဲ့ဆန်တွေ အိတ်ထဲပြန်ကောက်ထည့်နေရတဲ့အမျိုးသား



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူအတော်များများက ဒီလို Covid – 19 ဖြစ်ပွားနေတဲ့ အချိန်ကာလမျိုးမှာ မိမိစားသောက်ချင်တဲ့ အစားအစာမျိုးဆိုင်မှာ အလွယ်တကူသွားရောက်ပြီး မစားသောက်ရလို့ စိတ်ပျက်နေကြပြီး ၊ ညည်းညူ နေကြသူများလည်း ရှိနေကြမှာပါ ။ သို့ပေမဲ့လည်း ဒီလိုကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ဆင်းရဲလွန်းလို့ လမ်းမပေါ်ပြန့်ကျဲနေတဲ့ ဆန်တွေကိုပြန်ကောက်နေရတဲ့အမျိုးသားရဲ့အဖြစ်နဲ့ ယှဉ်ကြည့်လိုက်ရင် ကိုယ့်ရဲ့ဘဝဟာ သာယာလွန်းလှပါတယ် ။ အဆိုပါဓာတ်ပုံထဲက အမျိုးသားဟာ ယိုးဒယားနိုင်ငံရှိ အမျိုးသားလို့ အချို့တွေက ထင်ကြေးပေးပြောဆိုနေကြလျက်ရှိပါတယ် ။ အဆိုပါ ဓာတ်ပုံဟာ နိုင်ငံအတော်များများရှိ Facebook စာမျက်နှာမှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး အဆိုပါအမျိုးသားရဲ့အဖြစ်ဟာ လူအများရဲ့ရင်ထဲ သနားစာနာစိတ် ၊ ကူညီချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်စေလျက်ရှိပါတယ် ။

အချို့တွေဆိုရင် အဆိုပါအမျိုးသားကို သနားလွန်းလို့ ၊ ဘယ်နေရာကိုသွားပြီး သူ့ကိုကူညီပေးရမလဲ ဆိုပြီးမေးမြန်မှုများ အများအပြားရှိလာလျက် ရှိပါတယ် ။ ယခုလို ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအချိန်နဲ့ အဆိုပါအမျိုးသားရဲ့အဖြစ်ကတော့ အတော်လေးအခက်အခဲတွေကြုံတွေ့နေရမှန်း ကြည့်ယုံနဲ့ သိရှိနိုင်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment