အေဖက စာမေရးတတ္ ၊ မဖတ္တတ္ေပမဲ့ အေဖ့ရဲ႕သားျဖစ္ရတာဂုဏ္ယူတယ္ ဆိုတဲ့အမ်ိဳးသား

ယခုလိုကပ္ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္မွာ လူေတြအတြက္အေရးႀကီးဆံုးဝန္ထမ္းက ဆရာဝန္ ၊ သူနာျပဳ ၊ ေဆးအကူ စတဲ့က်န္းမာေရးဝန္ထမ္းမ်ားလို႔ လူအမ်ားက ထင္ျမင္ေနၾကတာပါ ။ သို႔ေပမဲ့လည္း စင္ကာပူႏိုင္ငံမွ Syazwan Majid အမည္႐ွိတဲ့အမ်ိဳးသားကေတာ့ သူ၏ Facebook စာမ်က္ႏွာကေန မ႐ွိမျဖစ္လိုအပ္တဲ့ ေက်းဇူးတင္ထိုက္တဲ့ ဝန္ထမ္းေတြရဲ႕အေၾကာင္းကို ေဝမ်ွခဲ့ပါတယ္ ။ Syazwan ေရးသားထားတာကေတာ့ သူ၏ဖခင္မွာ ဆရာဝန္ ၊ သူနာျပဳစတဲ့ မ႐ွိမျဖစ္လိုအပ္တဲ့ ဝန္ထမ္းမ်ိဳးေတာ့မဟုတ္ပါဘူး ၊ ဖခင္ျဖစ္သူဟာ စာမေရးတတ္ ၊ မဖတ္တတ္တဲ့ သန္႔႐ွင္းေရးဝန္ထမ္းတစ္ဦးျဖစ္တဲ့အျပင္ ယခုလိုစင္ကာပူၿမိဳ႕႐ွိ လမ္းမႀကီးမ်ား ႏွင့္ ပန္းျခံေတြမွာ သန္႔႐ွင္းေရးလုပ္ေနခဲ့သည္မွာ ႏွစ္ 40 ေက်ာ္ ႐ွိေနၿပီျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

Syazwan က သူ၏ဖခင္မွာလည္း အျခားေသာဝန္ထမ္းေတြလို Covid – 19 ျဖစ္ေနတဲ့အခ်ိန္မွာ အိမ္တြင္းမေနရဘဲ တာဝန္ကိုေက်ႁပြန္ေအာင္ ထမ္းေဆာင္ေနရသူျဖစ္ေၾကာင္း သူ၏ဖခင္ ဓာတ္ပံုႏွင့္တကြ ေဖာ္ျပခဲ့တာပါ ။ ” ပတ္ဝန္းက်င္ကလူေတြ ကြၽန္ေတာ့္ကိုဘယ္လိုဘဲျမင္ျမင္ သာမာန္ထက္ထူးျခားတဲ့သူမ်ိဳးရဲ႕သားျဖစ္ရတဲ့အတြက္ အရမ္းကံေကာင္းၿပီး ဂုဏ္ယူမိပါတယ္ ” ဆိုၿပီးေတာ့လည္း ေျပာဆိုထားပါေသးတယ္ ။

အရင္ခ်ိန္ေတြက Syazwan ဟာ ဖခင္က သန္႔႐ွင္းေရးဝန္ထမ္းျဖစ္တာေၾကာင့္ ေနာက္ေျပာင္က်ီစယ္ျခင္းခံရေလ့႐ွိေပမဲ့လည္း ယခုခ်ိန္မွာေတာ့ သန္႔႐ွင္းေရးဝန္ထမ္းလည္း အျခားေသာဝန္ထမ္းေတြလို မ႐ွိမျဖစ္အေရးပါတဲ့သူမ်ိဳးျဖစ္ေၾကာင္း ၊ အခ်ိန္တန္ရင္ မိသားစုရဲ႕ထမင္းဝိုု္င္းမွာ စားစရာအျမဲအဆင္သင့္႐ွိေနဖို႔ ဖခင္ျဖစ္သူက ႀကိဳးစားေပးခဲ့တာျဖစ္ေၾကာင္း Syawan က ဂုဏ္ယူစြာေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလိုကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ လူတွေအတွက်အရေးကြီးဆုံးဝန်ထမ်းက ဆရာဝန် ၊ သူနာပြု ၊ ဆေးအကူ စတဲ့ကျန်းမာရေးဝန်ထမ်းများလို့ လူအများက ထင်မြင်နေကြတာပါ ။ သို့ပေမဲ့လည်း စင်ကာပူနိုင်ငံမှ Syazwan Majid အမည်ရှိတဲ့အမျိုးသားကတော့ သူ၏ Facebook စာမျက်နှာကနေ မရှိမဖြစ်လိုအပ်တဲ့ ကျေးဇူးတင်ထိုက်တဲ့ ဝန်ထမ်းတွေရဲ့အကြောင်းကို ဝေမျှခဲ့ပါတယ် ။ Syazwan ရေးသားထားတာကတော့ သူ၏ဖခင်မှာ ဆရာဝန် ၊ သူနာပြုစတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ထမ်းမျိုးတော့မဟုတ်ပါဘူး ၊ ဖခင်ဖြစ်သူဟာ စာမရေးတတ် ၊ မဖတ်တတ်တဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့အပြင် ယခုလိုစင်ကာပူမြို့ရှိ လမ်းမကြီးများ နှင့် ပန်းခြံတွေမှာ သန့်ရှင်းရေးလုပ်နေခဲ့သည်မှာ နှစ် 40 ကျော် ရှိနေပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

Syazwan က သူ၏ဖခင်မှာလည်း အခြားသောဝန်ထမ်းတွေလို Covid – 19 ဖြစ်နေတဲ့အချိန်မှာ အိမ်တွင်းမနေရဘဲ တာဝန်ကိုကျေပြွန်အောင် ထမ်းဆောင်နေရသူဖြစ်ကြောင်း သူ၏ဖခင် ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့တာပါ ။ ” ပတ်ဝန်းကျင်ကလူတွေ ကျွန်တော့်ကိုဘယ်လိုဘဲမြင်မြင် သာမာန်ထက်ထူးခြားတဲ့သူမျိုးရဲ့သားဖြစ်ရတဲ့အတွက် အရမ်းကံကောင်းပြီး ဂုဏ်ယူမိပါတယ် ” ဆိုပြီးတော့လည်း ပြောဆိုထားပါသေးတယ် ။

အရင်ချိန်တွေက Syazwan ဟာ ဖခင်က သန့်ရှင်းရေးဝန်ထမ်းဖြစ်တာကြောင့် နောက်ပြောင်ကျီစယ်ခြင်းခံရလေ့ရှိပေမဲ့လည်း ယခုချိန်မှာတော့ သန့်ရှင်းရေးဝန်ထမ်းလည်း အခြားသောဝန်ထမ်းတွေလို မရှိမဖြစ်အရေးပါတဲ့သူမျိုးဖြစ်ကြောင်း ၊ အချိန်တန်ရင် မိသားစုရဲ့ထမင်းဝိုင်းမှာ စားစရာအမြဲအဆင်သင့်ရှိနေဖို့ ဖခင်ဖြစ်သူက ကြိုးစားပေးခဲ့တာဖြစ်ကြောင်း Syawan က ဂုဏ်ယူစွာပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment