မိန္းမလ်ာ ႏွင့္ ကေလးေတြကို အမိႈက္အျပည့္ထည့္ထားတဲ့ကတ္ထူဘူးေတြ ေပးေဝၿပီးေနာက္ေျပာင္ခဲ့တဲ့ YouTuber

အင္ဒိုနီး႐ွားႏိုင္ငံ ၊ Bandung ၿမိဳ႕မွာ႐ွိတဲ့ YouTuber ေတြဟာ မၾကာေသးခင္က ၿမိဳ႕တြင္မွာ႐ွိတဲ့ မိန္းမလ်ာေတြ နဲ႔ ကေလးေတြကို စိတ္ဓာတ္နိမ့္က်လြန္းတဲ့စေနာက္မႈပံုစံမ်ိဳးနဲ႔ ေနာက္ေျပာင္က်ီစယ္ခဲ့ပါတယ္ ။ Ferdian Paleka အမည္႐ွိတဲ့ YouTube အေကာင့္ပိုင္႐ွင္ဟာ အစားအစာထည့္တဲ့ကတ္ထူဘူးထဲမွာ အမိႈက္အျပည့္ထည့္ၿပီး အဆိုပါဘူးကို မိန္းမလ်ာ ႏွင့္ ကေလးေတြကိုေပးေဝကာ ေနာက္ေျပာင္က်ီစယ္ခဲ့လို႔ပါပဲ ။ အဆိုပါ 12 မိနစ္ၾကာျမင့္တဲ့ video ထဲမွာဆိုရင္ အမ်ိဳးသား 3ေယာက္ဟာ ၎တို႔ ယခုညျပဳလုပ္မည့္အစီအစဥ္ေတြကို ႐ွင္းျပခဲ့ၾကပါတယ္ ။ ထို႔အျပင္ ဥပုသ္ေစာင့္သည့္လျဖစ္တဲ့အတြက္ ၎တို႔ဟာ ေနရာအရပ္ေတြကို အရင္ဆံုးေလ့လာထားၿပီးေနာက္ ၊ အဆိုပါေနရာမ်ားတြင္ မိန္းမလ်ာမ်ားေတြ႔႐ွိပါက အစားအေသာက္ေပးေဝသလိုဟန္ေဆာင္ၿပီး အမႈိက္ဘူးေတြကို ေပးေဝခဲ့ၾကတာျဖစ္ပါတယ္ ။

Video ထဲမွာေတာ့ လမ္းမႀကီးေဘးမွာေတြ႔ခဲ့တဲ့ မိန္းမလ်ာႏွစ္ေယာက္ကို ဒီေခါက္ဆြဲေျခာက္ကတ္ထူဘူးထဲက အစားအေသာက္ေတြကို ၊ သူငယ္ခ်င္းေတြနဲ႔ ေဝစားၾကပါ ဆိုၿပီး အမႈိက္အျပည့္ထည့္ထားတဲ့ဘူးကို ေပးေဝခဲ့တဲ့အျပင္ ၎တို႔ရဲ႕ YouTube Channel ကို Subscribe လုပ္ေပးဖို႔ မေမ့ဖို႔ကိုလည္း ေျပာဆိုခဲ့ပါေသးတယ္ ။

ထို႔အျပင္ ကေလးငယ္တစ္ဖြဲ႔ကိုလည္း အဆိုပါအမႈိက္ဘူးႀကီးကို ေပးခဲ့ၾကလို႔ ကေလးငယ္ေတြရဲ႕မိဘတစ္ဦးက ရဲအရာ႐ွိေတြကို တိုင္ၾကားခဲ့တာျဖစ္ပါတယ္ ။ Sani အမည္႐ွိတဲ့ အသက္ 39 ႏွစ္အရြယ္ အမ်ိဳးသမီးရဲ႕ေျပာျပခ်က္အရ ယခုအခ်ိန္ဟာ ဥပုသ္ေစာင့္တဲ့လျဖစ္တဲ့အျပင္ Covid – 19 ျဖစ္ပြားေနတဲ့အခ်ိန္ျဖစ္တဲ့အတြက္ ယခုလိုစေနာက္မႈမ်ိဳးကို လက္မခံႏိုင္ေၾကာင္း ႏွင့္ သူမဟာ လက္အိတ္ေတြ ၊ အဝတ္အစားေတြ ၊ အစားအေသာက္ေတြ ေပးေဝတာမ်ိဳးၾကံဳေတြ႔ရဖူးေပမဲ့လည္း ယခုလိုအမႈိက္ဘူးကို နာမည္ႀကီးခ်င္လို႔ စေနာက္ၿပီး ေပးေဝတာမ်ိဳးမၾကံဳဖူးေၾကာင္းလည္း ေျပာျပခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံ ၊ Bandung မြို့မှာရှိတဲ့ YouTuber တွေဟာ မကြာသေးခင်က မြို့တွင်မှာရှိတဲ့ မိန်းမလျာတွေ နဲ့ ကလေးတွေကို စိတ်ဓာတ်နိမ့်ကျလွန်းတဲ့စနောက်မှုပုံစံမျိုးနဲ့ နောက်ပြောင်ကျီစယ်ခဲ့ပါတယ် ။ Ferdian Paleka အမည်ရှိတဲ့ YouTube အကောင့်ပိုင်ရှင်ဟာ အစားအစာထည့်တဲ့ကတ်ထူဘူးထဲမှာ အမှိုက်အပြည့်ထည့်ပြီး အဆိုပါဘူးကို မိန်းမလျာ နှင့် ကလေးတွေကိုပေးဝေကာ နောက်ပြောင်ကျီစယ်ခဲ့လို့ပါပဲ ။ အဆိုပါ 12 မိနစ်ကြာမြင့်တဲ့ video ထဲမှာဆိုရင် အမျိုးသား 3ယောက်ဟာ ၎င်းတို့ ယခုညပြုလုပ်မည့်အစီအစဉ်တွေကို ရှင်းပြခဲ့ကြပါတယ် ။ ထို့အပြင် ဥပုသ်စောင့်သည့်လဖြစ်တဲ့အတွက် ၎င်းတို့ဟာ နေရာအရပ်တွေကို အရင်ဆုံးလေ့လာထားပြီးနောက် ၊ အဆိုပါနေရာများတွင် မိန်းမလျာများတွေ့ရှိပါက အစားအသောက်ပေးဝေသလိုဟန်ဆောင်ပြီး အမှိုက်ဘူးတွေကို ပေးဝေခဲ့ကြတာဖြစ်ပါတယ် ။

Video ထဲမှာတော့ လမ်းမကြီးဘေးမှာတွေ့ခဲ့တဲ့ မိန်းမလျာနှစ်ယောက်ကို ဒီခေါက်ဆွဲခြောက်ကတ်ထူဘူးထဲက အစားအသောက်တွေကို ၊ သူငယ်ချင်းတွေနဲ့ ဝေစားကြပါ ဆိုပြီး အမှိုက်အပြည့်ထည့်ထားတဲ့ဘူးကို ပေးဝေခဲ့တဲ့အပြင် ၎င်းတို့ရဲ့ YouTube Channel ကို Subscribe လုပ်ပေးဖို့ မမေ့ဖို့ကိုလည်း ပြောဆိုခဲ့ပါသေးတယ် ။

ထို့အပြင် ကလေးငယ်တစ်ဖွဲ့ကိုလည်း အဆိုပါအမှိုက်ဘူးကြီးကို ပေးခဲ့ကြလို့ ကလေးငယ်တွေရဲ့မိဘတစ်ဦးက ရဲအရာရှိတွေကို တိုင်ကြားခဲ့တာဖြစ်ပါတယ် ။ Sani အမည်ရှိတဲ့ အသက် 39 နှစ်အရွယ် အမျိုးသမီးရဲ့ပြောပြချက်အရ ယခုအချိန်ဟာ ဥပုသ်စောင့်တဲ့လဖြစ်တဲ့အပြင် Covid – 19 ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ယခုလိုစနောက်မှုမျိုးကို လက်မခံနိုင်ကြောင်း နှင့် သူမဟာ လက်အိတ်တွေ ၊ အဝတ်အစားတွေ ၊ အစားအသောက်တွေ ပေးဝေတာမျိုးကြုံတွေ့ရဖူးပေမဲ့လည်း ယခုလိုအမှိုက်ဘူးကို နာမည်ကြီးချင်လို့ စနောက်ပြီး ပေးဝေတာမျိုးမကြုံဖူးကြောင်းလည်း ပြောပြခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment