ခ်စ္သူအတြက္ Homemade ကိတ္မႈန္႔သြားေပးရင္း ဒဏ္ေၾကးေငြ ႏွင့္ ေထာင္ဒဏ္ 7ရက္ခ်မွတ္ခံခဲ့ရတဲ့ ေက်ာင္းသူ

မေလး႐ွားႏိုင္ငံမွ အသက္ 22ႏွစ္အရြယ္ တကၠသိုလ္ေက်ာင္သူတစ္ဦးဟာ သူမရဲ႕ခ်စ္သူေကာင္ေလးအတြက္ Homemade ကိတ္မုန္႔ျပဳလုပ္ေပးခဲ့ၿပီးေနာက္ ေနအိမ္ကေနထြက္ခြာၿပီး ခ်စ္သူကို ကိတ္မုန္႔သြားေပးခဲ့လို႔ ေထာင္ဒဏ္ 7ရက္ ႏွင့္ ဒဏ္ေၾကးေငြ RM 800 (ျမန္မာေငြ 3သိန္း ဝန္းက်င္) ေပးေဆာင္ခဲ့ရပါတယ္ ။ ယခုလို ကပ္ေရာဂါအေျခအေနေၾကာင့္ အသြားအလာကန္႔သတ္မႈေတြျပဳလုပ္ထားၿပီး ေနအိမ္အတြင္းသာ ေနထိုင္ခိုင္းလ်က္႐ွိေနေပမဲ့လည္း စည္းကမ္းလိုက္နာျခင္းမ႐ွိတဲ့ သူမကိုဖမ္းဆီးမိတဲ့ April 18 ရက္ေန႔ကေနစၿပီး ေထာင္ဒဏ္ခ်မွတ္ခဲ့တဲ့အျပင္ ဒဏ္ေၾကးေငြေပးေဆာင္ျခင္းမ႐ွိပါက ေထာင္ဒဏ္ 2လ အထိ တိုးျမင့္သြားမည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

သူမရဲ႕ခ်စ္သူေကာင္ေလးမွာေတာ့ အဆိုပါကိတ္မုန္႔ကိုစားဖို႔ ေနအိမ္ကေနကားေမာင္းၿပီးထြက္လာခဲ့တဲ့အတြက္ ဒဏ္ေၾကးေငြ RM 1000 (ျမန္မာေငြ 4သိန္းဝန္းက်င္) ဒါမွမဟုတ္ ေထာင္ဒဏ္ 2လ ခန္႔ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ယခုလိုအသြားအလာကန္႔သတ္ထားတဲ့အခ်ိန္ ည 9 နာရီအခ်ိန္မွာ Jalan SP1/8 လမ္းမႀကီးေဘးမွာ အဆိုပါစံုတြဲက ကိတ္မုန္႔ထိုင္စားေနၾကတာကို ရဲအရာ႐ွိမ်ားကေတြ႔႐ွိခဲ့လို႔ ယခုလိုဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္ ။

ေကာင္မေလးမွာေတာ့ ေနအိမ္ကေန အဆိုပါေနရာသို႔ 800m အကြာအေဝးကိုသာ ထြက္ခြာလာခဲ့တာျဖစ္ေပမဲ့လည္း ၊ ခ်စ္သူေကာင္ေလးမွာေတာ့ ကိတ္မုန္႔ကိုစားဖို႔ 8km အကြာအေဝး႐ွိတဲ့ေနအိမ္ကေန ကားေမာင္းၿပီးထြက္လာခဲ့တာျဖစ္ပါတယ္ ။ အဆိုပါစံုတြဲရဲ႕ ေ႐ွ႕ေနမွ ျပစ္ဒဏ္ေလ်ာ့ခ်ေပးရန္ အသနားခံေတာင္းဆိုခဲ့ေပမဲ့လည္း ယခုလို Covid – 19 ျဖစ္ပြားေနတဲ့ကာလအတြင္း စည္းကမ္းလိုက္နာမႈမ႐ွိေသာေၾကာင့္ အျခားသူမ်ားလိုက္လံတုပမႈမျဖစ္ေအာင္ ျပစ္ဒဏ္ေလ်ာ့ခ်ေပးမည္မဟုတ္ေၾကာင္း တာဝန္႐ွိသူမ်ားက ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှ အသက် 22နှစ်အရွယ် တက္ကသိုလ်ကျောင်သူတစ်ဦးဟာ သူမရဲ့ချစ်သူကောင်လေးအတွက် Homemade ကိတ်မုန့်ပြုလုပ်ပေးခဲ့ပြီးနောက် နေအိမ်ကနေထွက်ခွာပြီး ချစ်သူကို ကိတ်မုန့်သွားပေးခဲ့လို့ ထောင်ဒဏ် 7ရက် နှင့် ဒဏ်ကြေးငွေ RM 800 (မြန်မာငွေ 3သိန်း ဝန်းကျင်) ပေးဆောင်ခဲ့ရပါတယ် ။ ယခုလို ကပ်ရောဂါအခြေအနေကြောင့် အသွားအလာကန့်သတ်မှုတွေပြုလုပ်ထားပြီး နေအိမ်အတွင်းသာ နေထိုင်ခိုင်းလျက်ရှိနေပေမဲ့လည်း စည်းကမ်းလိုက်နာခြင်းမရှိတဲ့ သူမကိုဖမ်းဆီးမိတဲ့ April 18 ရက်နေ့ကနေစပြီး ထောင်ဒဏ်ချမှတ်ခဲ့တဲ့အပြင် ဒဏ်ကြေးငွေပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် 2လ အထိ တိုးမြင့်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

သူမရဲ့ချစ်သူကောင်လေးမှာတော့ အဆိုပါကိတ်မုန့်ကိုစားဖို့ နေအိမ်ကနေကားမောင်းပြီးထွက်လာခဲ့တဲ့အတွက် ဒဏ်ကြေးငွေ RM 1000 (မြန်မာငွေ 4သိန်းဝန်းကျင်) ဒါမှမဟုတ် ထောင်ဒဏ် 2လ ခန့်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရှိရပါတယ် ။ ယခုလိုအသွားအလာကန့်သတ်ထားတဲ့အချိန် ည 9 နာရီအချိန်မှာ Jalan SP1/8 လမ်းမကြီးဘေးမှာ အဆိုပါစုံတွဲက ကိတ်မုန့်ထိုင်စားနေကြတာကို ရဲအရာရှိများကတွေ့ရှိခဲ့လို့ ယခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ် ။

ကောင်မလေးမှာတော့ နေအိမ်ကနေ အဆိုပါနေရာသို့ 800m အကွာအဝေးကိုသာ ထွက်ခွာလာခဲ့တာဖြစ်ပေမဲ့လည်း ၊ ချစ်သူကောင်လေးမှာတော့ ကိတ်မုန့်ကိုစားဖို့ 8km အကွာအဝေးရှိတဲ့နေအိမ်ကနေ ကားမောင်းပြီးထွက်လာခဲ့တာဖြစ်ပါတယ် ။ အဆိုပါစုံတွဲရဲ့ ရှေ့နေမှ ပြစ်ဒဏ်လျော့ချပေးရန် အသနားခံတောင်းဆိုခဲ့ပေမဲ့လည်း ယခုလို Covid – 19 ဖြစ်ပွားနေတဲ့ကာလအတွင်း စည်းကမ်းလိုက်နာမှုမရှိသောကြောင့် အခြားသူများလိုက်လံတုပမှုမဖြစ်အောင် ပြစ်ဒဏ်လျော့ချပေးမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment