မိဘႏွစ္ပါးကိုသတ္ၿပီး ေနအိမ္ကိုမီး႐ႈိ ့ခဲ့တဲ့ အမ်ိဳးသား

ဒီအျဖစ္အပ်က္ကေတာ့ မေလး႐ွားႏိုင္ငံ Nilai ၿမိဳ႕မွာေနထိုင္တဲ့ တ႐ုတ္စံုတြဲဟာ July 24 ရက္ေန႔မွာ ၎တို႔၏ေနအိမ္တြင္းမွာပဲ အသတ္ခံခဲ့ရပါတယ္ ။ည 9 နာရီအခ်ိန္မွာေတာ့ အဆိုပါစံုတြဲတို႔၏ ႐ုပ္အေလာင္းမ်ားပါ႐ွိတဲ့၎တို႔၏ေနအိမ္ဟာ မီးေလာင္ကြၽမ္းမႈစတင္ျဖစ္ေပၚခဲ့ပါေတာ့တယ္ ။ မီးသတ္သမားမ်ားကလည္း အဆိုပါအခင္းျဖစ္ပြားရာေနအိမ္သို႔ အလ်င္အျမန္သြားေရာက္ၿပီး မီးၿငိမ္းသတ္ၿပီးခ်ိန္မွာေတာ့ ေနအိမ္အတြင္းမွ ႐ုပ္အေလာင္းမ်ားကို ေတြ႔႐ွိသြားခဲ့ၾကပါတယ္ ။ ဇနီးသည္၏႐ုပ္အေလာင္းကိုေတာ့ သိုေလွာင္ခန္းထဲတြင္ေတြ႔႐ွိခဲ့ၿပီး ရင္ဘတ္တြင္ဓားထိုးဒဏ္ရာႏွစ္ခ်က္ႏွင့္ ဘယ္ဖက္လက္ေကာက္ဝတ္တို႔တြင္ ဒဏ္ရာမ်ားျဖင့္ေတြ႔႐ွိခဲ့ပါတယ္ ။ ဘယ္ဖက္လက္ေကာက္ဝတ္ ၊ နဖူး ႏွင့္ ညာဖက္လက္ေမာင္းတို႔တြင္ဒဏ္ရာမ်ားစြာရ႐ွိထားေသာခင္ပြန္းျဖစ္သူ၏ ႐ုပ္အေလာင္းကိုေတာ့ မီးဖိုေခ်ာင္ထဲတြင္ ေတြ႔႐ွိခဲ့ပါတယ္ ။

ဇနီးသည္မွာေတာ့ အျငိမ္းစားေက်ာင္းဆရာမတစ္ဦးျဖစ္ၿပီး ခင္ပြန္းသည္မွာလည္း အၿငိမ္စားယူထားေသာ အင္ဂ်င္နီယာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ရဲအရာ႐ွိမ်ားကို သံသယျဖစ္ေစတဲ့အခ်က္ကေတာ့ အဆိုပါစံုတြဲ၏သားျဖစ္သူမွာ ၎အျဖစ္အပ်က္ျဖစ္ပြားၿပီးကတည္းက ထြက္ေပၚလာျခင္းမ်ိဳးလံုးဝမ႐ွိခဲ့ပါဘူး ။ေသဆံုးသြားခဲ့တဲ့စံုတြဲ၏ အသုဘကိုေတာင္မွ ေဆြးမ်ိဳးမ်ားကသာ ဦးေဆာင္ၿပီးက်င္းပေပးခဲ့ရပါတယ္ ။

ထို႔ေနာက္ သားျဖစ္သူအိမ္မျပန္လာေသးခင္ အခင္းျဖစ္ပြားရာေနအိမ္အျပင္ဖက္တြင္ရပ္ထားေသာ ကားကိုစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ေသြးမ်ားရႊဲရႊဲစိုေနေသာ တစ္႐ွဴ း ၊ ဟိုတယ္အခန္းေသာ့ ႏွင့္ ကားေသာ့မ်ားကိုေတြ႔႐ွိခဲ့ပါတယ္ ။ ထို႔အျပင္ ကားတံခါး ၊ လက္ကိုင္ ႏွင့္ ထိုင္ခံုမ်ားတြင္လည္း ေသြးစြန္ကြက္မ်ားစြာေတြ႔႐ွိခဲ့ရပါတယ္ ။ သားျဖစ္သူ အခင္းျဖစ္ပြားရာေနအိမ္သို႔ျပန္လည္ေရာက္႐ွိခဲ့ခ်ိန္မွာေတာ့ ရဲအရာ႐ွိမ်ားက ခ်က္ခ်င္းဖမ္းဆီးခဲ့ၾကပါတယ္ ။အဆိုပါျပစ္မႈအတြက္ သားျဖစ္သူအပါဝင္ အသက္ 35 ႏွစ္မွ 40 ၾကား အမ်ိဳးသား 3ဦးႏွင့္ အမ်ိဳးသမီး 1ဦးတို႔ကို စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရန္အတြက္ 7ရက္ခန္႔ ဖမ္းဆီးၿပီးစစ္ေဆးမႈျပဳလုပ္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံ Nilai မြို့မှာနေထိုင်တဲ့ တရုတ်စုံတွဲဟာ July 24 ရက်နေ့မှာ ၎င်းတို့၏နေအိမ်တွင်းမှာပဲ အသတ်ခံခဲ့ရပါတယ် ။ည 9 နာရီအချိန်မှာတော့ အဆိုပါစုံတွဲတို့၏ ရုပ်အလောင်းများပါရှိတဲ့၎င်းတို့၏နေအိမ်ဟာ မီးလောင်ကျွမ်းမှုစတင်ဖြစ်ပေါ်ခဲ့ပါတော့တယ် ။ မီးသတ်သမားများကလည်း အဆိုပါအခင်းဖြစ်ပွားရာနေအိမ်သို့ အလျင်အမြန်သွားရောက်ပြီး မီးငြိမ်းသတ်ပြီးချိန်မှာတော့ နေအိမ်အတွင်းမှ ရုပ်အလောင်းများကို တွေ့ရှိသွားခဲ့ကြပါတယ် ။ ဇနီးသည်၏ရုပ်အလောင်းကိုတော့ သိုလှောင်ခန်းထဲတွင်တွေ့ရှိခဲ့ပြီး ရင်ဘတ်တွင်ဓားထိုးဒဏ်ရာနှစ်ချက်နှင့် ဘယ်ဖက်လက်ကောက်ဝတ်တို့တွင် ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ပါတယ် ။ ဘယ်ဖက်လက်ကောက်ဝတ် ၊ နဖူး နှင့် ညာဖက်လက်မောင်းတို့တွင်ဒဏ်ရာများစွာရရှိထားသောခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်းကိုတော့ မီးဖိုချောင်ထဲတွင် တွေ့ရှိခဲ့ပါတယ် ။

ဇနီးသည်မှာတော့ အငြိမ်းစားကျောင်းဆရာမတစ်ဦးဖြစ်ပြီး ခင်ပွန်းသည်မှာလည်း အငြိမ်စားယူထားသော အင်ဂျင်နီယာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ရဲအရာရှိများကို သံသယဖြစ်စေတဲ့အချက်ကတော့ အဆိုပါစုံတွဲ၏သားဖြစ်သူမှာ ၎င်းအဖြစ်အပျက်ဖြစ်ပွားပြီးကတည်းက ထွက်ပေါ်လာခြင်းမျိုးလုံးဝမရှိခဲ့ပါဘူး ။သေဆုံးသွားခဲ့တဲ့စုံတွဲ၏ အသုဘကိုတောင်မှ ဆွေးမျိုးများကသာ ဦးဆောင်ပြီးကျင်းပပေးခဲ့ရပါတယ် ။

ထို့နောက် သားဖြစ်သူအိမ်မပြန်လာသေးခင် အခင်းဖြစ်ပွားရာနေအိမ်အပြင်ဖက်တွင်ရပ်ထားသော ကားကိုစစ်ဆေးခဲ့ချိန်မှာတော့ သွေးများရွှဲရွှဲစိုနေသော တစ်ရှူ း ၊ ဟိုတယ်အခန်းသော့ နှင့် ကားသော့များကိုတွေ့ရှိခဲ့ပါတယ် ။ ထို့အပြင် ကားတံခါး ၊ လက်ကိုင် နှင့် ထိုင်ခုံများတွင်လည်း သွေးစွန်ကွက်များစွာတွေ့ရှိခဲ့ရပါတယ် ။ သားဖြစ်သူ အခင်းဖြစ်ပွားရာနေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ချိန်မှာတော့ ရဲအရာရှိများက ချက်ချင်းဖမ်းဆီးခဲ့ကြပါတယ် ။အဆိုပါပြစ်မှုအတွက် သားဖြစ်သူအပါဝင် အသက် 35 နှစ်မှ 40 ကြား အမျိုးသား 3ဦးနှင့် အမျိုးသမီး 1ဦးတို့ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် 7ရက်ခန့် ဖမ်းဆီးပြီးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိဘႏွစ္ပါးကိုသတ္ၿပီး ေနအိမ္ကိုမီး႐ႈိ ့ခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*