ခရီးသြားဧည့္သည္ေတြမ႐ွိေတာ့လို႔ အစာငတ္မြတ္မႈေတြနဲ႔ၾကံဳေတြ႔ေနရတဲ့ ထိုင္းႏိုင္ငံ႐ွိဆင္မ်ား

ကမာၻတစ္ဝန္း Covid – 19 ျဖစ္ပြားမႈေတြဟာ ရပ္တန္႔မႈမ႐ွိေသးလို႔ လူအေတာ္မ်ားမ်ားက အသြားအလာကန္႔သတ္မႈေတြနဲ႔ ေနထိုင္လာရသလို ၊ အိမ္ေမြးတိရစာၦန္ေတြ အေတာ္မ်ားမ်ားမွာလည္း စြန္႔ပစ္ျခင္းခံခဲ့ရပါတယ္ ။ ထိုင္းႏိုင္ငံမွာဆိုရင္ေတာ့ ကပ္ေရာဂါေၾကာင့္ ဆင္ေတြဟာ အဓိကထိခိုက္ဒုကၡေရာက္ေနရပါတယ္ ။ ထိုင္းႏိုင္ငံမွာ ႏိုင္ငံျခားခရီးသည္ေတြဝင္ေရာက္မႈမ႐ွိေတာ့လို႔ ဆင္ 85ေကာင္႐ွိတဲ့ ထိုင္းႏိုင္ငံေျမာက္ဖက္ပိုင္း႐ွိ ဆင္းစခန္းေတြဟာ ပိတ္ပစ္ခဲ့ရတဲ့အျပင္ ဝန္ထမ္း 5000 ေက်ာ္မွာလည္း အလုပ္လက္မဲ့ျဖစ္ခဲ့ရပါတယ္ ။ ဆင္အေတာ္မ်ားမ်ားဟာ ၎တို႔ဆင္စခန္းရဲ႕ပိုင္႐ွင္ေတြက မေကြၽးေမြးႏိုင္ေတာ့တဲ့အဆံုး Chaing Mai ၿမိဳ႕႐ွိ Elephant Nature Park သို႔ ေရာက္႐ွိလာခဲ့ၾကပါတယ္ ။

အစပိုင္းမွာေတာ့ Covid – 19 ေရာဂါအေျခအေနေၾကာင့္ ဆင္စခန္းေတြမွာ႐ွိတဲ့ ဆင္ေတြဟာ အလုပ္လုပ္ဖို႔ တြန္းအားေပးမခံရေတာ့လို႔ အေတာ္ေလးေပ်ာ္ရႊင္ခဲ့ၾကရေပမဲ့လည္း ေနာက္ပိုင္းအခ်ိန္ၾကာလာေတာ့ ဆင္စခန္းရဲ႕ပိုင္႐ွင္ေတြဟာ ဆင္ေတြကို အစားအေသာက္ေကြၽးေမြးႏိုင္ဖို႔ မသက္ႏိုင္ေတာ့ပါဘူး ။ တာဝန္႐ွိသူေတြရဲ႕ေျပာျပခ်က္အရ ” ဆင္စခန္းအေတာ္မ်ားမ်ားဟာ ခရီးသြားဧည့္သည္ေတြရဲ႕ဝင္ေငြေတြကို မွီခိုေနရတာပါ ၊ ပိုၿပီး ခက္ခဲမႈေတြမျဖစ္လာခင္ ဆင္အေတာ္မ်ားမ်ားကို ၎တို႔ရဲ႕ေတာရြာမွာ႐ွိတဲ့ပိုင္႐ွင္ေတြဆီျပန္ပို႔ခဲ့ၾကလို႔ ဆင္ေတြရဲ႕က်န္းမာေရးအေျခအေနေတြကို လိုက္လံေစာင့္ၾကည့္ဖို႔ အေတာ္ေလးခက္ခဲလာပါတယ္ ” ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

အရြယ္ေရာက္ၿပီးသား ဆင္ေတြဆိုရင္ တစ္ရက္ကို အစားအစာ 400kg ခန္႔လိုအပ္ေနခဲ့ၿပီး ဆင္တစ္ေကာင္ကို ခန္႔မွန္းေျခ တစ္လ $200-$400 ခန္႔ကုန္က်ေၾကာင္း သိ႐ွိရပါတယ္ ။ အခ်ိဳ႕ေသာ ဆင္ပိုင္႐ွင္မ်ားကေတာ့ ဆင္ေတြကို ေတာထဲသို႔လြတ္ေပးခဲ့ၾကၿပီး ကိုယ္တိုင္အစာ႐ွာခိုင္းခဲ့ေပမဲ့လည္း ေတာမီးေလာင္ကြၽမ္းမႈေတြေၾကာင့္ ဆင္ေတြဟာ အစားအစာ လံုေလာက္စြာမရ႐ွိႏိုင္ဘဲ ဆာေလာင္ငတ္မြတ္မႈႏွင့္ၾကံဳေတြ႔ေနရလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကမ္ဘာတစ်ဝန်း Covid – 19 ဖြစ်ပွားမှုတွေဟာ ရပ်တန့်မှုမရှိသေးလို့ လူအတော်များများက အသွားအလာကန့်သတ်မှုတွေနဲ့ နေထိုင်လာရသလို ၊ အိမ်မွေးတိရစ္ဆာန်တွေ အတော်များများမှာလည်း စွန့်ပစ်ခြင်းခံခဲ့ရပါတယ် ။ ထိုင်းနိုင်ငံမှာဆိုရင်တော့ ကပ်ရောဂါကြောင့် ဆင်တွေဟာ အဓိကထိခိုက်ဒုက္ခရောက်နေရပါတယ် ။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားခရီးသည်တွေဝင်ရောက်မှုမရှိတော့လို့ ဆင် 85ကောင်ရှိတဲ့ ထိုင်းနိုင်ငံမြောက်ဖက်ပိုင်းရှိ ဆင်းစခန်းတွေဟာ ပိတ်ပစ်ခဲ့ရတဲ့အပြင် ဝန်ထမ်း 5000 ကျော်မှာလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ် ။ ဆင်အတော်များများဟာ ၎င်းတို့ဆင်စခန်းရဲ့ပိုင်ရှင်တွေက မကျွေးမွေးနိုင်တော့တဲ့အဆုံး Chaing Mai မြို့ရှိ Elephant Nature Park သို့ ရောက်ရှိလာခဲ့ကြပါတယ် ။

အစပိုင်းမှာတော့ Covid – 19 ရောဂါအခြေအနေကြောင့် ဆင်စခန်းတွေမှာရှိတဲ့ ဆင်တွေဟာ အလုပ်လုပ်ဖို့ တွန်းအားပေးမခံရတော့လို့ အတော်လေးပျော်ရွှင်ခဲ့ကြရပေမဲ့လည်း နောက်ပိုင်းအချိန်ကြာလာတော့ ဆင်စခန်းရဲ့ပိုင်ရှင်တွေဟာ ဆင်တွေကို အစားအသောက်ကျွေးမွေးနိုင်ဖို့ မသက်နိုင်တော့ပါဘူး ။ တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ” ဆင်စခန်းအတော်များများဟာ ခရီးသွားဧည့်သည်တွေရဲ့ဝင်ငွေတွေကို မှီခိုနေရတာပါ ၊ ပိုပြီး ခက်ခဲမှုတွေမဖြစ်လာခင် ဆင်အတော်များများကို ၎င်းတို့ရဲ့တောရွာမှာရှိတဲ့ပိုင်ရှင်တွေဆီပြန်ပို့ခဲ့ကြလို့ ဆင်တွေရဲ့ကျန်းမာရေးအခြေအနေတွေကို လိုက်လံစောင့်ကြည့်ဖို့ အတော်လေးခက်ခဲလာပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

အရွယ်ရောက်ပြီးသား ဆင်တွေဆိုရင် တစ်ရက်ကို အစားအစာ 400kg ခန့်လိုအပ်နေခဲ့ပြီး ဆင်တစ်ကောင်ကို ခန့်မှန်းခြေ တစ်လ $200-$400 ခန့်ကုန်ကျကြောင်း သိရှိရပါတယ် ။ အချို့သော ဆင်ပိုင်ရှင်များကတော့ ဆင်တွေကို တောထဲသို့လွတ်ပေးခဲ့ကြပြီး ကိုယ်တိုင်အစာရှာခိုင်းခဲ့ပေမဲ့လည်း တောမီးလောင်ကျွမ်းမှုတွေကြောင့် ဆင်တွေဟာ အစားအစာ လုံလောက်စွာမရရှိနိုင်ဘဲ ဆာလောင်ငတ်မွတ်မှုနှင့်ကြုံတွေ့နေရလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment