Covid – 19 ကာလအတြင္း ကေလးငယ္အတြက္ႏို႔မုန္႔ဝယ္ေပးဖို႔ပိုက္ဆံမ႐ွိေတာ့လို႔ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့မိခင္

Covid – 19 ကူးစက္ေရာဂါျဖစ္ပြားေနတဲ့ကာလအတြင္း ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ အသက္ 26 ႏွစ္အရြယ္ကေလးမိခင္ဟာ အလုပ္လည္းလုပ္လို႔မရ ၊ သူမ၏ကေလးငယ္အတြက္ႏို႔မုန္႔ဝယ္ေပးဖို႔လည္း ပိုက္ဆံအလံုအေလာက္မ႐ွိေတာ့လို႔ဆိုၿပီး ေနာက္ဆံုးကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါတယ္ ။ Irada Lordpet အမည္႐ွိတဲ့ အဆိုပါကေလးမိခင္ဟာ ၿပီးခဲ့တဲ့ April 26 ရက္ေန႔က သူမ၏ေနအိမ္ရဲ႕ေရခ်ိဳးခန္းထဲမွာ ကိုယ့္ကိုႀကိဳးဆြဲခ်ၿပီး အဆံုးစီရင္ေနခဲ့တာကို Irada ၏အစ္ကိုေတာ္စပ္သူက ေတြ႔႐ွိသြားခဲ့ၿပီးေနာက္ ခ်က္ခ်င္းေဆးရံုသို႔ေခၚေဆာင္သြားခဲ့ေပမဲ့လည္း လမ္းတစ္ဝက္မွာတင္ Irada ဟာ အသက္ေသဆံုးသြားခဲ့ပါတယ္ ။

Irada တြင္ အသက္ 6 ႏွစ္အရြယ္ ႏွင့္ 6လသားအရြယ္ သားႏွစ္ဦး႐ွိၿပီး ၊ မၾကာေသးခင္ကမွ သူမဟာခင္ပြန္းႏွင့္ ကြာ႐ွင္းထားသူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ သူမဟာ ဒိန္ခ်ဥ္ေရာင္းၿပီး အသက္ေမြးဝမ္းေၾကာင္းျပဳလုပ္ေနခဲ့ေပမဲ့လည္း ယခုလိုကပ္ေရာဂါအခ်ိန္ကာလမွာေတာ့ သူမရဲ႕အလုပ္အကိုင္ကိုဆံုး႐ႈံးခဲ့ရတဲ့အျပင္ သူမရဲ႕ကေလးငယ္အတြက္ ႏို႔မုန္႔ကိုပါ ဝယ္ေပးဖို႔ပိုက္ဆံလံုးဝမ႐ွိေတာ့တဲ့အထိ ျဖစ္သြားခဲ့ရပါတယ္ ။

Irada ဟာ သူမတို႔ရြာရဲ႕အမ်ိဳးသမီးေခါင္းေဆာင္ျဖစ္တဲ့ Somjit အမည္႐ွိတဲ့ အမ်ိဳးသမီးထံမွ ပိုက္ဆံအနည္းငယ္ေတာင္းေခ်းခဲ့လို႔ Bank ကေနလြဲေပးဖို႔ စီစဥ္ခဲ့ေပမဲ့လည္း မၾကာခင္မွာပဲ Irada ဟာကိုယ့္ကိုအဆံုးစီရင္သြားခဲ့ၿပီျဖစ္ေၾကာင္း Irada ကဲ့မိခင္ဆီမွ ဖုန္းေခၚဆိုမႈကို Somjit လက္ခံရ႐ွိခဲ့ပါတယ္ ။ Somjit မွ Irada ရဲ႕အသုဘကို ဦးေဆာင္ၿပီးစီစဥ္ေပးခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Covid – 19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အသက် 26 နှစ်အရွယ်ကလေးမိခင်ဟာ အလုပ်လည်းလုပ်လို့မရ ၊ သူမ၏ကလေးငယ်အတွက်နို့မုန့်ဝယ်ပေးဖို့လည်း ပိုက်ဆံအလုံအလောက်မရှိတော့လို့ဆိုပြီး နောက်ဆုံးကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ Irada Lordpet အမည်ရှိတဲ့ အဆိုပါကလေးမိခင်ဟာ ပြီးခဲ့တဲ့ April 26 ရက်နေ့က သူမ၏နေအိမ်ရဲ့ရေချိုးခန်းထဲမှာ ကိုယ့်ကိုကြိုးဆွဲချပြီး အဆုံးစီရင်နေခဲ့တာကို Irada ၏အစ်ကိုတော်စပ်သူက တွေ့ရှိသွားခဲ့ပြီးနောက် ချက်ချင်းဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း လမ်းတစ်ဝက်မှာတင် Irada ဟာ အသက်သေဆုံးသွားခဲ့ပါတယ် ။

Irada တွင် အသက် 6 နှစ်အရွယ် နှင့် 6လသားအရွယ် သားနှစ်ဦးရှိပြီး ၊ မကြာသေးခင်ကမှ သူမဟာခင်ပွန်းနှင့် ကွာရှင်းထားသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ သူမဟာ ဒိန်ချဉ်ရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်နေခဲ့ပေမဲ့လည်း ယခုလိုကပ်ရောဂါအချိန်ကာလမှာတော့ သူမရဲ့အလုပ်အကိုင်ကိုဆုံးရှုံးခဲ့ရတဲ့အပြင် သူမရဲ့ကလေးငယ်အတွက် နို့မုန့်ကိုပါ ဝယ်ပေးဖို့ပိုက်ဆံလုံးဝမရှိတော့တဲ့အထိ ဖြစ်သွားခဲ့ရပါတယ် ။

Irada ဟာ သူမတို့ရွာရဲ့အမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ Somjit အမည်ရှိတဲ့ အမျိုးသမီးထံမှ ပိုက်ဆံအနည်းငယ်တောင်းချေးခဲ့လို့ Bank ကနေလွဲပေးဖို့ စီစဉ်ခဲ့ပေမဲ့လည်း မကြာခင်မှာပဲ Irada ဟာကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပြီဖြစ်ကြောင်း Irada ကဲ့မိခင်ဆီမှ ဖုန်းခေါ်ဆိုမှုကို Somjit လက်ခံရရှိခဲ့ပါတယ် ။ Somjit မှ Irada ရဲ့အသုဘကို ဦးဆောင်ပြီးစီစဉ်ပေးခဲ့ရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Covid – 19 ကာလအတြင္း ကေလးငယ္အတြက္ႏို႔မုန္႔ဝယ္ေပးဖို႔ပိုက္ဆံမ႐ွိေတာ့လို႔ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့မိခင္"

Leave a comment

Your email address will not be published.


*