အသက္႐ႈရလြယ္ေအာင္ Mask ရဲ႕ႏွာေခါင္း နဲ႔ ပါးစပ္ေနရာကို အေပါက္ေဖာက္ခဲ့တာပါဆိုတဲ့ မိန္းကေလး (႐ုပ္သံ)

Surgical mask ေတြဟာ အခုလိုကပ္ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္မွာ ေရာဂါကူးစက္မႈမခံရဖို႔ အဆိုပါ mask မ်ားကိုတပ္ၾကဖို႔ တြန္းအားေပးေနလ်က္႐ွိပါတယ္ ။ ကိုယ့္ရဲ႕အသက္႐ႈလမ္းေၾကာင္းထဲကို ေရာဂါဝင္ေရာက္မႈမ႐ွိေအာင္ ကာကြယ္ေပးသလို ၊ အျခား covid – 19 ကူးစက္ခံထားရတဲ့လူမွန္း မသိႏိုင္တဲ့သူေတြဆီကေနလည္း ေရာဂါမကူးစက္ႏိုင္ေအာင္ mask တပ္ျခင္းက ႀကိဳတင္ကာကြယ္ေပးႏိုင္လို႔ပါပဲ ။ သို႔ေပမဲ့ အေမရိကန္ႏိုင္ငံမွ မိန္းကေလးတစ္ေယာက္ကေတာ့ သူမအသက္႐ႈရလြယ္ကူေအာင္လို႔ဆိုၿပီး Maskရဲ႕အလယ္တည့္တည့္ ကိုအေပါက္ေလးေဖာက္လိုက္တဲ့ အၾကံဥာဏ္ကေတာ့ တကယ့္ကိုမယံုႏိုင္ေလာက္ေအာင္ပါပဲ ။

အဆိုပါvideo ကိုေတာ့ SJ Food Mart ရဲ႕ ဓာတ္ဆီဆိုင္မွ အေရာင္းဝန္ထမ္းတစ္ဦးက ႐ိုက္ကူးခဲ့တာျဖစ္ၿပီး TikTok မွာျပန္လည္ေဝမ်ွခဲ့တာျဖစ္ပါတယ္ ။ Video ထဲမွာေတာ့ သူမဟာ Mask မွာ အေပါက္ႀကီးျဖင့္ဆိုင္ထဲသို႔ဝင္လာခဲ့ၿပီးေနာက္ အေရာင္းဝန္းထမ္းက သူမကို ” အဲ့လို mask မ်ိဳး ဘယ္ကေနရလာတာလဲ ” ဆိုၿပီး ေမးျမန္းခဲ့ပါတယ္ ။ ထိုခ်ိန္မွာေတာ့ သူမက ” ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္မတို႔ဒါႀကီးကိုဝတ္ရမွာပဲ ၿပီးေတာ့ ဒါက ကြၽန္မကိုအသက္႐ႈရခက္ေစလို႔ ၊ အသက္႐ႈရလြယ္ကူေအာင္ လုပ္လိုက္တာပါ ” ဆိုၿပီးျပန္ေျဖခဲ့ပါတယ္ ။ အဆိုပါ မိန္းကေလးဆိုင္ကေန ထြက္ခြာသြားမဲ့အခ်ိန္မွာေတာ့အေရာင္းဝန္ထမ္းက ” ညႇပ္ပစ္လိုက္တာလား ၊ ကြၽန္ေတာ္လည္း လိုက္လုပ္အံုးမယ္ ၊ ခင္ဗ်ားရဲ႕ အၾကံကို ေက်းဇူးတင္တယ္ဗ်ာ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

အဆိုပါ video ဟာ ၾကည့္႐ႈသူေပါင္း 5 million ေက်ာ္သြားခဲ့တဲ့အျပင္ ၊ TikTok တြင္ Comment ႏွင့္ like အမ်ားအျပား ရ႐ွိခဲ့ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Surgical mask တွေဟာ အခုလိုကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကူးစက်မှုမခံရဖို့ အဆိုပါ mask များကိုတပ်ကြဖို့ တွန်းအားပေးနေလျက်ရှိပါတယ် ။ ကိုယ့်ရဲ့အသက်ရှုလမ်းကြောင်းထဲကို ရောဂါဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးသလို ၊ အခြား covid – 19 ကူးစက်ခံထားရတဲ့လူမှန်း မသိနိုင်တဲ့သူတွေဆီကနေလည်း ရောဂါမကူးစက်နိုင်အောင် mask တပ်ခြင်းက ကြိုတင်ကာကွယ်ပေးနိုင်လို့ပါပဲ ။ သို့ပေမဲ့ အမေရိကန်နိုင်ငံမှ မိန်းကလေးတစ်ယောက်ကတော့ သူမအသက်ရှုရလွယ်ကူအောင်လို့ဆိုပြီး Maskရဲ့အလယ်တည့်တည့် ကိုအပေါက်လေးဖောက်လိုက်တဲ့ အကြံဉာဏ်ကတော့ တကယ့်ကိုမယုံနိုင်လောက်အောင်ပါပဲ ။

အဆိုပါvideo ကိုတော့ SJ Food Mart ရဲ့ ဓာတ်ဆီဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ရိုက်ကူးခဲ့တာဖြစ်ပြီး TikTok မှာပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာတော့ သူမဟာ Mask မှာ အပေါက်ကြီးဖြင့်ဆိုင်ထဲသို့ဝင်လာခဲ့ပြီးနောက် အရောင်းဝန်းထမ်းက သူမကို ” အဲ့လို mask မျိုး ဘယ်ကနေရလာတာလဲ ” ဆိုပြီး မေးမြန်းခဲ့ပါတယ် ။ ထိုချိန်မှာတော့ သူမက ” ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ဒါကြီးကိုဝတ်ရမှာပဲ ပြီးတော့ ဒါက ကျွန်မကိုအသက်ရှုရခက်စေလို့ ၊ အသက်ရှုရလွယ်ကူအောင် လုပ်လိုက်တာပါ ” ဆိုပြီးပြန်ဖြေခဲ့ပါတယ် ။ အဆိုပါ မိန်းကလေးဆိုင်ကနေ ထွက်ခွာသွားမဲ့အချိန်မှာတော့အရောင်းဝန်ထမ်းက ” ညှပ်ပစ်လိုက်တာလား ၊ ကျွန်တော်လည်း လိုက်လုပ်အုံးမယ် ၊ ခင်ဗျားရဲ့ အကြံကို ကျေးဇူးတင်တယ်ဗျာ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

အဆိုပါ video ဟာ ကြည့်ရှုသူပေါင်း 5 million ကျော်သွားခဲ့တဲ့အပြင် ၊ TikTok တွင် Comment နှင့် like အများအပြား ရရှိခဲ့ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment