Covid-19ေရာဂါေပ်ာက္ကင္းသြားတဲ့ လူနာေတြရဲ႕သုက္ပိုးေတြမွာ ဗိုင္းရပ္စ္ထပ္မံေတြ႔႐ွိေနလို႔ ကြန္ဒံုးအသံုးျပဳၾကဖို႔ပညာ႐ွင္မ်ားသတိေပး

တရုတ္နိုင္ငံ ၊ Henan ျပည္နယ္ Shangqiu Municipal ေဆးရံုမွာ Covid -19 ေရာဂါကုသမႈခံယူခဲ့တဲ့ လူနာ 38 ဦးကို အေသးစားေလ့လာစစ္ေဆးမႈျပဳလုပ္ခဲ့ၾကပါတယ္ ။ အဆိုပါလူနာေတြထဲကမွ ေရာဂါခံစားေနရတဲ့ လူနာ 15 ဦးရဲ႕ သုတ္ပိုး ႏွင့္ ေရာဂါသက္သာၿပီးရက္အနည္ငယ္သာၾကာျမင့္ေသးတဲ့ လူနာ 23 ဦးတို႔၏ သုတ္ပိုးကိုယူၿပီး စစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္ ။ အဆိုပါေရာဂါခံစားေနရတဲ့ လူနာ 15 ဦးထဲမွ 4ဦး၏ သုတ္ပိုးတြင္ ကို႐ိုနာဗိုင္းရပ္ကိုေတြ႔႐ွိခဲ့ရတဲ့အျပင္ ၊ ေရာဂါသက္သာသြားခဲ့တဲ့ လူနာ 23 ဦးထဲမွ 2ဦး၏ သုတ္ပိုးထဲတြင္လည္း အဆိုပါဗိုင္းရပ္စ္ကို ဆက္လက္ၿပီးေတြ႔႐ွိေနရေသးေၾကာင္း သိ႐ွိရပါတယ္ ။

ယခုလို စစ္ေဆးမႈကိုေတာ့ ေရာဂါသက္သာၿပီး (2ရက္ /3ရက္) စတဲ့ ရက္အနည္းငယ္သာၾကာ႐ွိေသးတဲ့ လူနာေတြရဲ႕ သုတ္ပိုးအေျဖျဖစ္ပါတယ္ ။ စစ္ေဆးေတြ႔႐ွိမႈမ်ားအရ ဗိုင္းရပ္စ္ေတြဟာ မ်ိဳးပြားအဂၤါမွာ အခ်ိန္အေတာ္ၾကာဆက္လက္႐ွိေနႏိုင္ေသးရင္ေတာ့ လိင္ဆက္ဆံမႈမ်ားမွတစ္ဆင့္ ေရာဂါကူးစက္ႏိုင္ပါတယ္ ။ ထို႔ေၾကာင့္ Covid-19 ေရာဂါသက္သာေပ်ာက္ကင္းသြားၿပီျဖစ္တဲ့ လူနာေတြရဲ႕ သုက္ပိုးမွာယခုလို ဗိုင္းရပ္စ္ ဆက္လက္ၿပီးေတြ႔႐ွိေနရေသးတဲ့အတြက္ လိင္ဆက္ဆံရာမွာ ကြန္ဒုံးအသံုးျပဳၾကဖို႔ ပညာ႐ွင္ေတြက သတိေပးေျပာဆိုထားပါတယ္ ။ ယခုကဲ့သို႔ေတြ႔႐ွိခဲ့တဲ့ ရလဒ္ကိုလည္း ဆက္လက္ၿပီးေလ့လာစစ္ေဆးမႈမ်ားကို ျပဳလုပ္ေနလ်က္႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ ၊ Henan ပြည်နယ် Shangqiu Municipal ဆေးရုံမှာ Covid -19 ရောဂါကုသမှုခံယူခဲ့တဲ့ လူနာ 38 ဦးကို အသေးစားလေ့လာစစ်ဆေးမှုပြုလုပ်ခဲ့ကြပါတယ် ။ အဆိုပါလူနာတွေထဲကမှ ရောဂါခံစားနေရတဲ့ လူနာ 15 ဦးရဲ့ သုတ်ပိုး နှင့် ရောဂါသက်သာပြီးရက်အနည်ငယ်သာကြာမြင့်သေးတဲ့ လူနာ 23 ဦးတို့၏ သုတ်ပိုးကိုယူပြီး စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ် ။ အဆိုပါရောဂါခံစားနေရတဲ့ လူနာ 15 ဦးထဲမှ 4ဦး၏ သုတ်ပိုးတွင် ကိုရိုနာဗိုင်းရပ်ကိုတွေ့ရှိခဲ့ရတဲ့အပြင် ၊ ရောဂါသက်သာသွားခဲ့တဲ့ လူနာ 23 ဦးထဲမှ 2ဦး၏ သုတ်ပိုးထဲတွင်လည်း အဆိုပါဗိုင်းရပ်စ်ကို ဆက်လက်ပြီးတွေ့ရှိနေရသေးကြောင်း သိရှိရပါတယ် ။

ယခုလို စစ်ဆေးမှုကိုတော့ ရောဂါသက်သာပြီး (2ရက် /3ရက်) စတဲ့ ရက်အနည်းငယ်သာကြာရှိသေးတဲ့ လူနာတွေရဲ့ သုတ်ပိုးအဖြေဖြစ်ပါတယ် ။ စစ်ဆေးတွေ့ရှိမှုများအရ ဗိုင်းရပ်စ်တွေဟာ မျိုးပွားအင်္ဂါမှာ အချိန်အတော်ကြာဆက်လက်ရှိနေနိုင်သေးရင်တော့ လိင်ဆက်ဆံမှုများမှတစ်ဆင့် ရောဂါကူးစက်နိုင်ပါတယ် ။ ထို့ကြောင့် Covid-19 ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်တဲ့ လူနာတွေရဲ့ သုက်ပိုးမှာယခုလို ဗိုင်းရပ်စ် ဆက်လက်ပြီးတွေ့ရှိနေရသေးတဲ့အတွက် လိင်ဆက်ဆံရာမှာ ကွန်ဒုံးအသုံးပြုကြဖို့ ပညာရှင်တွေက သတိပေးပြောဆိုထားပါတယ် ။ ယခုကဲ့သို့တွေ့ရှိခဲ့တဲ့ ရလဒ်ကိုလည်း ဆက်လက်ပြီးလေ့လာစစ်ဆေးမှုများကို ပြုလုပ်နေလျက်ရှိကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment