Lockdown ခ်ထားတဲ့အခ်ိန္မွာ ဘိလပ္ေျမေဖ်ာ္ကားနဲ႔ခိုးၿပီး ခရီးထြက္ခဲ့ၾကတဲ့ အလုပ္သမား 14ဦးရဲ႕အျဖစ္ (႐ုပ္သံ)

လူေတြဟာ ယခုလိုကပ္ေရာဂါျဖစ္ေနတဲ့အခ်ိန္မွာ အျပင္မထြက္ဖို႔တားျမစ္ခံထားရေပမဲ့လည္း အခ်ိဳ႕ေသာသူေတြမွာေတာ့ စားဝတ္ေနေရးေၾကာင့္ မျဖစ္မေန အိမ္အျပင္ထြက္ၿပီးအလုပ္လုပ္ေနရတာမ်ိဳး႐ွိေနပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အိႏၷိယႏိုင္ငံက အျဖစ္အပ်က္မွာလည္း မည္သူကမွ မေတြးထင္ထားမိတဲ့အထိ ထူးဆန္ေနခဲ့ပါတယ္ ။ အဲတာကေတာ့ ေရႊ႔ေျပာင္းအလုပ္သမား 14ဦးဟာ အိႏၷိယႏိုင္ငံ Nashik ၿမိဳ႕ကေန 1200km ေဝးတဲ့ Lucknow ၿမိဳ႕သို႔ Lockdown ခ်ထားခ်ိန္မွာ ဘိလပ္ေျမေဖ်ာ္ကားနဲ႔ ခရီးခိုးထြက္လာၾကလို႔ပါပဲ ။ ျဖစ္စဥ္ကေတာ့ ၎တို႔ရဲ႕ခရီးအစဟာ အဆင္ေျပေခ်ာေမြ႔ေနခဲ့ေပမဲ့လည္း ယခုလို lockdown ခ်ထားတဲ့အခ်ိန္ကာလမွာ လုပ္ငန္းခြင္သံုးဘိလပ္ေျမေဖ်ာ္ကားႀကီးက ခရီးထြက္ေနခဲ့လို႔ ရဲအရာ႐ွိေတြက သံသယျဖစ္မိၿပီးေတာ့ စစ္ေဆးခဲ့ၾကတာပါ ။

ကားေ႐ွ႕ပိုင္းမွာ လိုက္ပါစီးနင္းလာခဲ့တဲ့ ကားဆရာ ႏွင့္ အမ်ိဳးသား 3 ေယာက္ကို ရဲအရာ႐ွိမ်ားက ေမးျမန္းစစ္ေဆးေနၾကခ်ိန္ ကားရဲ႕အေနာက္ဖက္မွ အသံေတြၾကားေနခဲ့ရတဲ့အတြက္ ရဲအရာ႐ွိက အဆိုပါဘိလပ္ေျမေဖ်ာ္စက္ႀကီးကို ဖြင့္ခိုင္းလိုက္ခ်ိန္မွာေတာ့ မေမ်ွာ္လင့္ထားတဲ့အျဖစ္မ်ိဳးေတြ႔ၾကံဳခဲ့ရလို႔ အံ့ၾသခဲ့ရပါတယ္ ။ အဆိုပါ ကားအေနာက္ဖက္ဘိလပ္ေျမေဖ်ာ္စက္ကေန လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ အထုတ္ေလးေတြဆြဲပီး ထြက္လာခဲ့သည္မွာ အေယာက္ေပါင္း 14 ဦးခန္႔႐ွိခဲ့ပါတယ္ ။

အဆိုပါ အလုပ္သမား 14 ဦး ႏွင့္ ကားေ႐ွ႕ေခါင္း႐ွိ အမ်ိဳးသား 4ဦးတို႔ကို ေရာဂါ႐ွိ ၊ မ႐ွိ စစ္ေဆးခဲ့ခ်ိန္မွာေတာ့ Covid -19 ကူးစက္ခံထားရသူ မ႐ွိေၾကာင္းေတြ႔႐ွိခဲ့ပါတယ္ ။ အဆိုပါ ဘိလပ္ေျမေဖ်ာ္ကားကို ရဲအရာ႐ွိမ်ားက သိမ္းဆည္းခဲ့တဲ့အျပင္ ကားတစ္စီးလံုးတြင္ လိုက္ပါစီးနင္းခဲ့သူမ်ားကို ဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတွေဟာ ယခုလိုကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ အပြင်မထွက်ဖို့တားမြစ်ခံထားရပေမဲ့လည်း အချို့သောသူတွေမှာတော့ စားဝတ်နေရေးကြောင့် မဖြစ်မနေ အိမ်အပြင်ထွက်ပြီးအလုပ်လုပ်နေရတာမျိုးရှိနေပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အိန္နိယနိုင်ငံက အဖြစ်အပျက်မှာလည်း မည်သူကမှ မတွေးထင်ထားမိတဲ့အထိ ထူးဆန်နေခဲ့ပါတယ် ။ အဲတာကတော့ ရွှေ့ပြောင်းအလုပ်သမား 14ဦးဟာ အိန္နိယနိုင်ငံ Nashik မြို့ကနေ 1200km ဝေးတဲ့ Lucknow မြို့သို့ Lockdown ချထားချိန်မှာ ဘိလပ်မြေဖျော်ကားနဲ့ ခရီးခိုးထွက်လာကြလို့ပါပဲ ။ ဖြစ်စဉ်ကတော့ ၎င်းတို့ရဲ့ခရီးအစဟာ အဆင်ပြေချောမွေ့နေခဲ့ပေမဲ့လည်း ယခုလို lockdown ချထားတဲ့အချိန်ကာလမှာ လုပ်ငန်းခွင်သုံးဘိလပ်မြေဖျော်ကားကြီးက ခရီးထွက်နေခဲ့လို့ ရဲအရာရှိတွေက သံသယဖြစ်မိပြီးတော့ စစ်ဆေးခဲ့ကြတာပါ ။

ကားရှေ့ပိုင်းမှာ လိုက်ပါစီးနင်းလာခဲ့တဲ့ ကားဆရာ နှင့် အမျိုးသား 3 ယောက်ကို ရဲအရာရှိများက မေးမြန်းစစ်ဆေးနေကြချိန် ကားရဲ့အနောက်ဖက်မှ အသံတွေကြားနေခဲ့ရတဲ့အတွက် ရဲအရာရှိက အဆိုပါဘိလပ်မြေဖျော်စက်ကြီးကို ဖွင့်ခိုင်းလိုက်ချိန်မှာတော့ မမျှော်လင့်ထားတဲ့အဖြစ်မျိုးတွေ့ကြုံခဲ့ရလို့ အံ့သြခဲ့ရပါတယ် ။ အဆိုပါ ကားအနောက်ဖက်ဘိလပ်မြေဖျော်စက်ကနေ လူတွေ တစ်ယောက်ပြီးတစ်ယောက် အထုတ်လေးတွေဆွဲပီး ထွက်လာခဲ့သည်မှာ အယောက်ပေါင်း 14 ဦးခန့်ရှိခဲ့ပါတယ် ။

အဆိုပါ အလုပ်သမား 14 ဦး နှင့် ကားရှေ့ခေါင်းရှိ အမျိုးသား 4ဦးတို့ကို ရောဂါရှိ ၊ မရှိ စစ်ဆေးခဲ့ချိန်မှာတော့ Covid -19 ကူးစက်ခံထားရသူ မရှိကြောင်းတွေ့ရှိခဲ့ပါတယ် ။ အဆိုပါ ဘိလပ်မြေဖျော်ကားကို ရဲအရာရှိများက သိမ်းဆည်းခဲ့တဲ့အပြင် ကားတစ်စီးလုံးတွင် လိုက်ပါစီးနင်းခဲ့သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment