2လအၾကာ ဆိုင္ျပန္ဖြင့္မွ တန္ဖိုးၾကီးသားေရပစၥည္းေတြအကုန္ မႈိတက္ေနမွန္းသိခဲ့ရတဲ့အျဖစ္

မေလး႐ွားႏိုင္ငံမွာ 2လအၾကာ အသြားအလာကန္႔သတ္ထိန္းခ်ဳပ္မႈျပဳလုပ္ခဲ့ၿပီး ယခုခ်ိန္မွာေတာ့ စည္းကမ္းေတြကိုအနည္းငယ္ေျဖေလ်ာ့ေပးလိုက္လို႔ အလုပ္သမားမ်ားမွာလည္း မိမိတို႔ရဲ႕အလုပ္ခြင္သို႔ သြားေရာက္ၿပီး က်န္းမာေရးစည္းစနစ္အတိုင္း စနစ္တက် အလုပ္ဝင္ေနၾကပါၿပီ ။ ကံဆိုးစြာနဲ႔ပဲ မေလး႐ွားႏိုင္ငံ ၊ Sabah ျပည္နယ္မွာ႐ွိတဲ့ Shopping mall တစ္ခုမွ သားေရပစၥည္းအေရာင္းဆိုင္တစ္ခုဟာ 2လအၾကာမွဆိုင္ျပန္ဖြင့္လို႔ ၾကည့္လိုက္ခ်ိန္မွာေတာ့ ၎တို႔ရဲ႕ပစၥည္းေတြအကုန္လံုးဟာ မႈိတက္ေနခဲ့ၿပီး ရစရာမ႐ွိေတာ့ေလာက္ေအာင္ စုတ္ျပက္သြားခဲ့လို႔ပါပဲ ။

၎တို႔ဆိုင္အတြင္းမွာ႐ွိေနတဲ့ သားေရဖိနပ္ ၊ အိတ္ ႏွင့္ သားေရခါးပတ္တို႔ဟာ ေရာင္းလို႔မရေတာ့ေလာက္ေအာင္ မႈိေတြတက္ၿပီး ပ်က္စီးသြားခဲ့ပါတယ္ ။ ထို႔အျပင္ အဆိုပါသားေရပစၥည္းေတြဟာ အေတာ္ေလးကိုေစ်းႀကီးတဲ့ ပစၥည္းေတြျဖစ္ေနလို႔ပါပဲ ။ ဓာတ္ပံုထဲမွာေတြ႔ျမင္ရတဲ့ အိတ္အေသးေလးတစ္ခုရဲ႕ တန္ဖိုးဟာဆိုရင္ RM 679 (ျမန္မာေငြ 2သိန္းေက်ာ္) ႐ွိပါတယ္ ။

ဆိုင္ထဲမွာ႐ွိေနတဲ့ ပစၥည္းေတြက မည္သည့္အေၾကာင္းေၾကာင့္ မႈိတက္သြားမွန္းေသခ်ာမသိ႐ွိရေပမဲ့လည္း ၊ 2လခန္႔ အဆိုပါ shopping mall ႐ွိ ေလေအးေပးစက္မ်ားကိုပိတ္ထားပစ္ခဲ့လို႔ ကုန္ပစၥည္းေတြက 2ပတ္အၾကာမွာေတာ့ မိႈတက္သြားခဲ့တာျဖစ္ေၾကာင္း လူအခ်ိဳ႕ကေကာက္ခ်က္ခ်ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာ 2လအကြာ အသွားအလာကန့်သတ်ထိန်းချုပ်မှုပြုလုပ်ခဲ့ပြီး ယခုချိန်မှာတော့ စည်းကမ်းတွေကိုအနည်းငယ်ဖြေလျော့ပေးလိုက်လို့ အလုပ်သမားများမှာလည်း မိမိတို့ရဲ့အလုပ်ခွင်သို့ သွားရောက်ပြီး ကျန်းမာရေးစည်းစနစ်အတိုင်း စနစ်တကျ အလုပ်ဝင်နေကြပါပြီ ။ ကံဆိုးစွာနဲ့ပဲ မလေးရှားနိုင်ငံ ၊ Sabah ပြည်နယ်မှာရှိတဲ့ Shopping mall တစ်ခုမှ သားရေပစ္စည်းအရောင်းဆိုင်တစ်ခုဟာ 2လအကြာမှဆိုင်ပြန်ဖွင့်လို့ ကြည့်လိုက်ချိန်မှာတော့ ၎င်းတို့ရဲ့ပစ္စည်းတွေအကုန်လုံးဟာ မှိုတက်နေခဲ့ပြီး ရစရာမရှိတော့လောက်အောင် စုတ်ပြက်သွားခဲ့လို့ပါပဲ ။

၎င်းတို့ဆိုင်အတွင်းမှာရှိနေတဲ့ သားရေဖိနပ် ၊ အိတ် နှင့် သားရေခါးပတ်တို့ဟာ ရောင်းလို့မရတော့လောက်အောင် မှိုတွေတက်ပြီး ပျက်စီးသွားခဲ့ပါတယ် ။ ထို့အပြင် အဆိုပါသားရေပစ္စည်းတွေဟာ အတော်လေးကိုဈေးကြီးတဲ့ ပစ္စည်းတွေဖြစ်နေလို့ပါပဲ ။ ဓာတ်ပုံထဲမှာတွေ့မြင်ရတဲ့ အိတ်အသေးလေးတစ်ခုရဲ့ တန်ဖိုးဟာဆိုရင် RM 679 (မြန်မာငွေ 2သိန်းကျော်) ရှိပါတယ် ။

ဆိုင်ထဲမှာရှိနေတဲ့ ပစ္စည်းတွေက မည်သည့်အကြောင်းကြောင့် မှိုတက်သွားမှန်းသေချာမသိရှိရပေမဲ့လည်း ၊ 2လခန့် အဆိုပါ shopping mall ရှိ လေအေးပေးစက်များကိုပိတ်ထားပစ်ခဲ့လို့ ကုန်ပစ္စည်းတွေက 2ပတ်အကြာမှာတော့ မှိုတက်သွားခဲ့တာဖြစ်ကြောင်း လူအချို့ကကောက်ချက်ချခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment