ဆံပင္ညႇပ္ဆိုင္ခဏဖြင့္မိလို႔ ဆိုင္ကိုအၿပီးပိတ္ခံလိုက္ရတဲ့အျပင္ လိုင္စင္ပါအသိမ္းခံခဲ့ရတဲ့အျဖစ္

မေလး႐ွားႏိုင္ငံမွာ အျခားေသာ စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ေပးခဲ့ေပမဲ့လည္း ဆံပင္ညႇပ္ဆိုင္ေတြကိုေတာ့ ဆိုင္ျပန္ဖြင့္ခြင့္မေပးေသးပါဘူး ။ မၾကာေသးခင္က အသြားအလာကန္႔သတ္မႈမ်ားျပဳလုပ္ထားေနစဥ္ ဆံပင္ညႇပ္ဆိုင္တစ္ဆိုင္ဟာ ဆိုင္ကိုတိတ္တဆိတ္ခိုးဖြင့္ခဲ့လို႔ အဆိုပါဆိုင္ဟာ ဥပေဒလိုက္နာျခင္းမျခင္းခဲ့လို႔ဆိုၿပီး လိုင္စင္အသိမ္းခံခဲ့ရပါတယ္ ။ အဆိုပါဆံပင္ညႇပ္ဆိုင္ကေတာ့ မေလး႐ွားႏိုင္ငံ Muar ၿမိဳ႕မွာ႐ွိတဲ့ ဆိုင္ေလးျဖစ္ၿပီး တာဝန္႐ွိသူမ်ားက အဆိုပါဆိုင္ကို အငိုက္ဖမ္းၿပီးဝင္ေရာက္စစ္ေဆးခဲ့ရာမွ ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။

ဆံပင္ညႇပ္ဆရာဟာ ဆိုင္ရဲ႕အေပါက္ကို ခန္းဆီးအ႐ွည္ျဖင့္ကြယ္ထားၿပီး အျပင္သူေတြမရိပ္မိေအာင္ တိတ္တဆိတ္ဆိုင္ကိုခိုးဖြင့္ထားခဲ့တာျဖစ္ပါတယ္။ တာဝန္႐ွိသူမ်ားက အဆိုပါဆံပင္ညႇပ္ဆိုင္ကို ခ်က္ခ်င္းပိတ္ပစ္ခဲ့ပါတယ္ ။

ထို႔အျပင္ တာဝန္႐ွိသူမ်ားက ယခုလိုကပ္ေရာဂါျဖစ္ေနစဥ္ကာလအတြင္း ခ်မွတ္ထားတဲ့စည္းကမ္းဥပေဒလိုက္နာမႈမ႐ွိသူမ်ားကို ထိထိေရာက္ေရာက္အေရးယူမည္ျဖစ္ေၾကာင္း ေၾကညာထားခဲ့ၿပီးျဖစ္ပါတယ္ ။ ဆက္လက္ၿပီး စည္းကမ္းမလိုက္နာသူမ်ားကို ဖမ္းဆီးအေရးယူသြားမည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာ အခြားသော စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ပေးခဲ့ပေမဲ့လည်း ဆံပင်ညှပ်ဆိုင်တွေကိုတော့ ဆိုင်ပြန်ဖွင့်ခွင့်မပေးသေးပါဘူး ။ မကြာသေးခင်က အသွားအလာကန့်သတ်မှုများပြုလုပ်ထားနေစဉ် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ဟာ ဆိုင်ကိုတိတ်တဆိတ်ခိုးဖွင့်ခဲ့လို့ အဆိုပါဆိုင်ဟာ ဥပဒေလိုက်နာခြင်းမခြင်းခဲ့လို့ဆိုပြီး လိုင်စင်အသိမ်းခံခဲ့ရပါတယ် ။ အဆိုပါဆံပင်ညှပ်ဆိုင်ကတော့ မလေးရှားနိုင်ငံ Muar မြို့မှာရှိတဲ့ ဆိုင်လေးဖြစ်ပြီး တာဝန်ရှိသူများက အဆိုပါဆိုင်ကို အငိုက်ဖမ်းပြီးဝင်ရောက်စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။

ဆံပင်ညှပ်ဆရာဟာ ဆိုင်ရဲ့အပေါက်ကို ခန်းဆီးအရှည်ဖြင့်ကွယ်ထားပြီး အပြင်သူတွေမရိပ်မိအောင် တိတ်တဆိတ်ဆိုင်ကိုခိုးဖွင့်ထားခဲ့တာဖြစ်ပါတယ်။ တာဝန်ရှိသူများက အဆိုပါဆံပင်ညှပ်ဆိုင်ကို ချက်ချင်းပိတ်ပစ်ခဲ့ပါတယ် ။

ထို့အပြင် တာဝန်ရှိသူများက ယခုလိုကပ်ရောဂါဖြစ်နေစဉ်ကာလအတွင်း ချမှတ်ထားတဲ့စည်းကမ်းဥပဒေလိုက်နာမှုမရှိသူများကို ထိထိရောက်ရောက်အရေးယူမည်ဖြစ်ကြောင်း ကြေညာထားခဲ့ပြီးဖြစ်ပါတယ် ။ ဆက်လက်ပြီး စည်းကမ်းမလိုက်နာသူများကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment