ေကာ္ဖီဆိုင္လာတဲ့ ဧည့္သည္ေတြကိုဦးထုပ္ေဆာင္းခိုင္းၿပီးမွသာ ဆိုင္ထိုင္ခြင့္ျပဳခဲ့တဲ့ဆိုင္႐ွင္

ဂ်ာမနီႏိုင္ငံဟာ အခုဆိုရင္ ကန္႔သတ္သြားလာမႈေတြ ႐ုတ္သိမ္းေပးခဲ့ၿပီးေနာက္ စီးပြားေရးေတြလည္းစတင္ေဆာင္ရြက္ေနခဲ့ၿပီျဖစ္ပါတယ္ ။ ဂ်ာမနီႏိုင္ငံ ၊ Schwerin ၿမိဳ႕မွာ႐ွိတဲ့ ေကာ္ဖီဆိုင္တစ္ခုမွာလည္း ဆိုင္ျပန္ဖြင့္ခဲ့ၿပီး ဆိုင္သို႔ေရာက္႐ွိလာေသာဧည့္သည္မ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမျဖစ္ေအာင္ တစ္ဦးႏွင့္တစ္ဦးနီးကပ္မႈမ႐ွိေအာင္ ေဖာ့ပိုက္လံုးေတြတပ္ထားတဲ့ဦးထုပ္ေတြကို ဆိုင္လာဧည့္သည္မ်ားအား ေဆာင္းခိုင္းခဲ့ၿပီး safe distancing ျဖစ္ေအာင္ ျပဳလုပ္ေစခဲ့ၿပီးမွ ဆိုင္ထိုင္ခြင့္ေပးခဲ့တာပါ ။

အဆိုပါ ေကာ္ဖီဆိုင္မွ ဓာတ္ပံုေတြကို ဆိုင္ပိုင္႐ွင္က သူ၏ Facebook page မွာ ေဝမ်ွခဲ့ၿပီးေနာက္မွာေတာ့ အၾကံဥာဏ္ေကာင္းလြန္းတဲ့ ေကာ္ဖီဆိုင္ပိုင္႐ွင္၏လုပ္ရပ္ကို လူအမ်ားအျပားက ခ်ီးက်ဴ းခဲ့ၾကတဲ့အျပင္ ၊ အဆိုပါဓာတ္ပံုကိုလည္း ျပန္လည္ေဝမ်ွသူ အမ်ားအျပားရ႐ွိခဲ့ပါတယ္ ။

အဆိုပါေကာ္ဖီဆိုင္ဟာ အရင္ခ်ိန္တုန္းက ဆိုင္အတြင္းဖက္မွာ စားပြဲဝိုင္း 36 ဝိုင္း ၊ ဆိုင္အျပင္ဖက္ စားပြဲဝိုင္း 20 ဝိုင္း ႐ွိခဲ့ေပမဲ့လည္း ၊ ယခုလိုအခ်ိန္မွာေတာ့ ေရာဂါကူးစက္မႈမ႐ွိေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ဆိုင္အတြင္းဖက္ 12ဝိုင္း ႏွင့္ ဆိုင္အျပင္ဖက္ 8ဝိုင္းသာ ႐ွိေတာ့ေၾကာင္း သိ႐ွိရပါတယ္ ။ ဂ်ာမနီ႐ွိ အခ်ိဳ႕ေသာစားေသာက္ဆိုင္ေတြကေတာ့ ျပန္ဖြင့္ခဲ့ေပမဲ့လည္း ဆိုင္အတြင္းစားေသာက္ခြင့္မေပးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဂျာမနီနိုင်ငံဟာ အခုဆိုရင် ကန့်သတ်သွားလာမှုတွေ ရုတ်သိမ်းပေးခဲ့ပြီးနောက် စီးပွားရေးတွေလည်းစတင်ဆောင်ရွက်နေခဲ့ပြီဖြစ်ပါတယ် ။ ဂျာမနီနိုင်ငံ ၊ Schwerin မြို့မှာရှိတဲ့ ကော်ဖီဆိုင်တစ်ခုမှာလည်း ဆိုင်ပြန်ဖွင့်ခဲ့ပြီး ဆိုင်သို့ရောက်ရှိလာသောဧည့်သည်များကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမဖြစ်အောင် တစ်ဦးနှင့်တစ်ဦးနီးကပ်မှုမရှိအောင် ဖော့ပိုက်လုံးတွေတပ်ထားတဲ့ဦးထုပ်တွေကို ဆိုင်လာဧည့်သည်များအား ဆောင်းခိုင်းခဲ့ပြီး safe distancing ဖြစ်အောင် ပြုလုပ်စေခဲ့ပြီးမှ ဆိုင်ထိုင်ခွင့်ပေးခဲ့တာပါ ။

အဆိုပါ ကော်ဖီဆိုင်မှ ဓာတ်ပုံတွေကို ဆိုင်ပိုင်ရှင်က သူ၏ Facebook page မှာ ဝေမျှခဲ့ပြီးနောက်မှာတော့ အကြံဉာဏ်ကောင်းလွန်းတဲ့ ကော်ဖီဆိုင်ပိုင်ရှင်၏လုပ်ရပ်ကို လူအများအပြားက ချီးကျူ းခဲ့ကြတဲ့အပြင် ၊ အဆိုပါဓာတ်ပုံကိုလည်း ပြန်လည်ဝေမျှသူ အများအပြားရရှိခဲ့ပါတယ် ။

အဆိုပါကော်ဖီဆိုင်ဟာ အရင်ချိန်တုန်းက ဆိုင်အတွင်းဖက်မှာ စားပွဲဝိုင်း 36 ဝိုင်း ၊ ဆိုင်အပြင်ဖက် စားပွဲဝိုင်း 20 ဝိုင်း ရှိခဲ့ပေမဲ့လည်း ၊ ယခုလိုအချိန်မှာတော့ ရောဂါကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆိုင်အတွင်းဖက် 12ဝိုင်း နှင့် ဆိုင်အပြင်ဖက် 8ဝိုင်းသာ ရှိတော့ကြောင်း သိရှိရပါတယ် ။ ဂျာမနီရှိ အချို့သောစားသောက်ဆိုင်တွေကတော့ ပြန်ဖွင့်ခဲ့ပေမဲ့လည်း ဆိုင်အတွင်းစားသောက်ခွင့်မပေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment