Customer က ဟင္းကိုျပန္ခ်က္ေပးဖို႔ေျပာလို႔ စိတ္ဆိုးၿပီးခ်က္ျပဳတ္ေနတဲ့ဟင္းပြဲထဲ တံေတြးေထြးထည့္ခဲ့တဲ့ စားဖိုမွဴ း (႐ုပ္သံ)

ယခုလို Covid -19 ေရာဂါကူးစက္မႈျဖစ္ပြားေနတဲ့အခ်ိန္မွာ လူအေတာ္မ်ားမ်ားဟာ ေခ်ာင္းဆိုး ၊ ႏွာေခ် တာေတြေတာင္လူၾကားထဲမွာ မျပဳလုပ္ရဲရေလာက္တဲ့အထိ က်န္းမားေရဂ႐ုစိုက္ၿပီး mask မ်ားတပ္ကာသြားလာေနၾကတာပါ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြကေတာ့ ယခုလိုအခ်ိန္မွာေတာင္ သူတို႔ရဲ႕စိတ္ထားယုတ္ညံ့တဲ့အျပဳအမႈကို စာနာစိတ္မ႐ွိပဲ ျပဳမႈေနၾကတုန္းပါပဲ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Xi’an ၿမိဳ႕မွာ႐ွိတဲ့ စားေသာက္ဆိုင္က စားဖိုမွဴ းတစ္ေယာက္ဟာဆိုရင္ ခ်က္ျပဳတ္ေနတဲ့ဟင္းပြဲထဲကို တံေတြးေထြးထည့္ခဲ့တဲ့အျဖစ္ကို CCTV ႐ုပ္သံမွာ အမိအရ႐ိုက္ကူးထားၿပီး ေဖာ္ထုတ္ျခင္းခံခဲ့ရပါတယ္ ။

ျဖစ္စဥ္ကေတာ့ အဆိုပါဆိုင္သို႔ လာေရာက္စားသံုးတဲ့ Customer က သူ၏ဟင္းပြဲကိုစားသံုးရတာအဆင္မေျပလို႔ စားဖိုမွဴ းထံဟင္းပြဲျပန္ပို႔ၿပီး ဟင္းပြဲအသစ္ျပန္ခ်က္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ စားဖိုမွဴ းဟာ အေတာ္ေလးစိတ္ဆိုးေဒါသထြက္သြားခဲ့ၿပီးေနာက္ ဟင္းပြဲအသစ္ျပန္ခ်က္ေပးေနတုန္း အျခားသူေတြသတိမထားမိခင္ ဟင္းပြဲထဲသို႔ တံေတြးေထြးထည့္ခဲ့ၿပီး မသိမသာေလးဟင္းခ်က္ေနခဲ့တာပါ ။ ထို႔ေနာက္ အဆိုပါဟင္းကို Customer ဆီသို႔ တည္းခင္းခဲ့ခ်ိန္မွာေတာ့ Customer က အဆိုပါဟင္းပြဲထဲမွ စီးကရက္တိုေလးေတြ႔႐ွိခဲ့လို႔ သကၤာမကင္းျဖစ္ၿပီး ဆိုင္႐ွိ CCTV ျပန္ၾကည့္ခြင့္ေတာင္းဆိုခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွာေတာ့ အဆိုပါ စားဖိုမွဴ းရဲ႕လုပ္ရပ္ကို မထင္မွတ္ထားေလာက္ေအာင္ တစ္ဆိုင္လံုးက အေတာ္ေလးအံအားသင့္သြားခဲ့ရပါေတာ့တယ္ ။

အဆိုပါ ယုတ္ညံ့လြန္းတဲ့လုပ္ရပ္ေၾကာင့္ အဆိုပါစားေသာက္ဆိုင္ဟာ လုပ္ငန္းဆိုင္းငံ့ျခင္းခံထားရတဲ့အျပင္ ၊ ဒဏ္ေၾကးေငြ 100,000 Yuan လည္းေပးေဆာင္ခဲ့ရပါတယ္ ။ ထို႔အျပင္ စားေသာက္ဆိုင္ဟာ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ကိုပါ အသိမ္းခံရႏိုင္တဲ့အေျခအေနသို႔ေရာက္႐ွိေနေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလို Covid -19 ရောဂါကူးစက်မှုဖြစ်ပွားနေတဲ့အချိန်မှာ လူအတော်များများဟာ ချောင်းဆိုး ၊ နှာချေ တာတွေတောင်လူကြားထဲမှာ မပြုလုပ်ရဲရလောက်တဲ့အထိ ကျန်းမားရေဂရုစိုက်ပြီး mask များတပ်ကာသွားလာနေကြတာပါ ။ သို့ပေမဲ့လည်း အချို့သောသူတွေကတော့ ယခုလိုအချိန်မှာတောင် သူတို့ရဲ့စိတ်ထားယုတ်ညံ့တဲ့အပြုအမှုကို စာနာစိတ်မရှိပဲ ပြုမှုနေကြတုန်းပါပဲ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Xi’an မြို့မှာရှိတဲ့ စားသောက်ဆိုင်က စားဖိုမှူ းတစ်ယောက်ဟာဆိုရင် ချက်ပြုတ်နေတဲ့ဟင်းပွဲထဲကို တံတွေးထွေးထည့်ခဲ့တဲ့အဖြစ်ကို CCTV ရုပ်သံမှာ အမိအရရိုက်ကူးထားပြီး ဖော်ထုတ်ခြင်းခံခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါဆိုင်သို့ လာရောက်စားသုံးတဲ့ Customer က သူ၏ဟင်းပွဲကိုစားသုံးရတာအဆင်မပြေလို့ စားဖိုမှူ းထံဟင်းပွဲပြန်ပို့ပြီး ဟင်းပွဲအသစ်ပြန်ချက်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ စားဖိုမှူ းဟာ အတော်လေးစိတ်ဆိုးဒေါသထွက်သွားခဲ့ပြီးနောက် ဟင်းပွဲအသစ်ပြန်ချက်ပေးနေတုန်း အခြားသူတွေသတိမထားမိခင် ဟင်းပွဲထဲသို့ တံတွေးထွေးထည့်ခဲ့ပြီး မသိမသာလေးဟင်းချက်နေခဲ့တာပါ ။ ထို့နောက် အဆိုပါဟင်းကို Customer ဆီသို့ တည်းခင်းခဲ့ချိန်မှာတော့ Customer က အဆိုပါဟင်းပွဲထဲမှ စီးကရက်တိုလေးတွေ့ရှိခဲ့လို့ သင်္ကာမကင်းဖြစ်ပြီး ဆိုင်ရှိ CCTV ပြန်ကြည့်ခွင့်တောင်းဆိုခဲ့ပါတော့တယ် ။ ထိုအချိန်မှာတော့ အဆိုပါ စားဖိုမှူ းရဲ့လုပ်ရပ်ကို မထင်မှတ်ထားလောက်အောင် တစ်ဆိုင်လုံးက အတော်လေးအံအားသင့်သွားခဲ့ရပါတော့တယ် ။

အဆိုပါ ယုတ်ညံ့လွန်းတဲ့လုပ်ရပ်ကြောင့် အဆိုပါစားသောက်ဆိုင်ဟာ လုပ်ငန်းဆိုင်းငံ့ခြင်းခံထားရတဲ့အပြင် ၊ ဒဏ်ကြေးငွေ 100,000 Yuan လည်းပေးဆောင်ခဲ့ရပါတယ် ။ ထို့အပြင် စားသောက်ဆိုင်ဟာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကိုပါ အသိမ်းခံရနိုင်တဲ့အခြေအနေသို့ရောက်ရှိနေကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment