ဆိုင္သို႔ဝင္လာတဲ့ေစ်းဝယ္ကို ကိုယ္အပူခ်ိန္တိုင္းရမယ့္အစား လက္သန္႔ေဆးရည္နဲ႔ မ်က္လံုးကိုျဖန္းမိခဲ့တဲ့ ဝန္းထမ္း (႐ုပ္သံ)

ဒီေနာက္ပိုင္း Covid – 19 ကူးစက္မႈကိုကာကြယ္ႏိုင္ေအာင္ စတိုးဆိုင္အခ်ိဳ႕ေတြမွာဆိုရင္ ဆိုင္သို႔ဝင္လာတဲ့ေစ်းဝယ္ေတြကို ကိုယ္အပူခ်ိန္တိုင္းၿပီး လက္သန္႔ေဆးရည္ျဖင့္လက္ကိုေဆးခိုင္းၿပီးမွ ဆိုင္အတြင္းသို႔ဝင္ေရာက္ခြင့္ျပဳတာမ်ိဳးျပဳလုပ္လာၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံ ၊ 7-Eleven စတိုးဆိုင္တစ္ခုမွ ဆိုင္ဝန္ထမ္းတစ္ဦးဟာ ဆိုင္အတြင္းသို႔ဝင္ေရာက္လာတဲ့ ေစ်းဝယ္ကို ကိုယ္အပူခ်ိန္တိုင္းရမယ့္အစား မွားၿပီး လက္သန္႔ေဆးရည္ျဖင့္ေစ်းဝယ္၏မ်က္ႏွာကို ပက္ျဖန္းမိခဲ့ပါတယ္ ။ Video အစပိုင္းမွာေတာ့ ေစ်းဝယ္ဟာ ဆိုင္အတြင္းသို႔ဝင္ေရာက္လာၿပီး အပူခ်ိန္တိုင္းရန္အတြက္ ဆိုင္ဝန္ထမ္းေဘးမွာရပ္ခဲ့ပါတယ္ ။ ဆိုင္ဝန္ထမ္းမွာလည္း ႏွဖူးကိုတိုင္းမယ့္ အပူခ်ိန္တိုင္းကိရိယာ နဲ႔ လက္သန္႔ေဆးရည္ဘူးတို႔ကို လက္တစ္ဖက္စီမွာကိုင္ထားခဲ့ပါတယ္ ။

ထို႔ေနာက္ ေစ်းဝယ္ရဲ႕ႏွဖူးကို အပူခ်ိန္တိုင္းရမယ့္အစား လက္သန္႔ေဆးရည္ဘူးနဲ႔မွားၿပီး ပက္ျဖန္မိခဲ့ေသာေၾကာင့္ ေစ်းဝယ္ရဲ႕မ်က္လံုးဟာ အေတာ္ေလးကိုနာက်င္သြားခဲ့ပံုရၿပီး မသြားႏိုင္ဘဲ ထိုေနရာတြင္သာရပ္ေနခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွာမွ ဆိုင္ဝန္ထမ္းဟာ ေစ်းဝယ္ကိုဆိုင္ရဲ႕အေနာက္ဖက္သို႔ေခၚသြားခဲ့ၿပီး မ်က္လံုးမ်ားနာက်င္မႈသက္သာေအာင္ ကူညီေပးခဲ့ပံုရပါတယ္ ။

အဆိုပါ video ဟာ Facebook မွာအေတာ္ေလးကို လူၾကည့္မ်ားသြားခဲ့ၿပီးေနာက္ ယခုလိုအမွားမ်ိဳးဟာ မမွားသင့္ေၾကာင့္ ၊ လူတစ္ေယာက္ကို အျမင္ခ်ိဳ႕ယြင္းသြားသည္အထိ ထိခိုက္သြားႏိုင္ေၾကာင္း ဆိုင္ဝန္ထမ္းကိုေဝဖန္ခဲ့ၾကပါတယ္ ။ အခ်ိဳ႕ကေတာ့လည္း ေနာက္ေျပာင္က်ီဆယ္ၿပီး မ်က္စိသန္႔သြားတာေပါ့ဆိုၿပီး စာနာစိတ္မ႐ွိေျပာဆိုခဲ့ၾကသူမ်ားလည္း ႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီနောက်ပိုင်း Covid – 19 ကူးစက်မှုကိုကာကွယ်နိုင်အောင် စတိုးဆိုင်အချို့တွေမှာဆိုရင် ဆိုင်သို့ဝင်လာတဲ့ဈေးဝယ်တွေကို ကိုယ်အပူချိန်တိုင်းပြီး လက်သန့်ဆေးရည်ဖြင့်လက်ကိုဆေးခိုင်းပြီးမှ ဆိုင်အတွင်းသို့ဝင်ရောက်ခွင့်ပြုတာမျိုးပြုလုပ်လာကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံ ၊ 7-Eleven စတိုးဆိုင်တစ်ခုမှ ဆိုင်ဝန်ထမ်းတစ်ဦးဟာ ဆိုင်အတွင်းသို့ဝင်ရောက်လာတဲ့ ဈေးဝယ်ကို ကိုယ်အပူချိန်တိုင်းရမယ့်အစား မှားပြီး လက်သန့်ဆေးရည်ဖြင့်ဈေးဝယ်၏မျက်နှာကို ပက်ဖြန်းမိခဲ့ပါတယ် ။ Video အစပိုင်းမှာတော့ ဈေးဝယ်ဟာ ဆိုင်အတွင်းသို့ဝင်ရောက်လာပြီး အပူချိန်တိုင်းရန်အတွက် ဆိုင်ဝန်ထမ်းဘေးမှာရပ်ခဲ့ပါတယ် ။ ဆိုင်ဝန်ထမ်းမှာလည်း နှဖူးကိုတိုင်းမယ့် အပူချိန်တိုင်းကိရိယာ နဲ့ လက်သန့်ဆေးရည်ဘူးတို့ကို လက်တစ်ဖက်စီမှာကိုင်ထားခဲ့ပါတယ် ။

ထို့နောက် ဈေးဝယ်ရဲ့နှဖူးကို အပူချိန်တိုင်းရမယ့်အစား လက်သန့်ဆေးရည်ဘူးနဲ့မှားပြီး ပက်ဖြန်မိခဲ့သောကြောင့် ဈေးဝယ်ရဲ့မျက်လုံးဟာ အတော်လေးကိုနာကျင်သွားခဲ့ပုံရပြီး မသွားနိုင်ဘဲ ထိုနေရာတွင်သာရပ်နေခဲ့ပါတော့တယ် ။ ထိုအချိန်မှာမှ ဆိုင်ဝန်ထမ်းဟာ ဈေးဝယ်ကိုဆိုင်ရဲ့အနောက်ဖက်သို့ခေါ်သွားခဲ့ပြီး မျက်လုံးများနာကျင်မှုသက်သာအောင် ကူညီပေးခဲ့ပုံရပါတယ် ။

အဆိုပါ video ဟာ Facebook မှာအတော်လေးကို လူကြည့်များသွားခဲ့ပြီးနောက် ယခုလိုအမှားမျိုးဟာ မမှားသင့်ကြောင့် ၊ လူတစ်ယောက်ကို အမြင်ချို့ယွင်းသွားသည်အထိ ထိခိုက်သွားနိုင်ကြောင်း ဆိုင်ဝန်ထမ်းကိုဝေဖန်ခဲ့ကြပါတယ် ။ အချို့ကတော့လည်း နောက်ပြောင်ကျီဆယ်ပြီး မျက်စိသန့်သွားတာပေါ့ဆိုပြီး စာနာစိတ်မရှိပြောဆိုခဲ့ကြသူများလည်း ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment