Facebook စာမ်က္ႏွာမွာ မမွန္ကန္တဲ့သတင္းေတြ ျဖန္႔ေဝခံခဲ့ရလို႔ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ မိန္းကေလး

Facebook ေပၚကေန မဟုတ္မမွန္တဲ့သတင္းေတြ ျဖန္႔ေဝခံခဲ့ရလို႔ မေလး႐ွားႏိုင္ငံက Thivyaanayagi Rajendran အမည္႐ွိတဲ့ အသက္ 20အရြယ္မိန္းကေလးဟာ ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါတယ္ ။ သူမရဲ႕ ေနအိမ္ မ်က္ႏွာၾကက္မွာ႐ွိတဲ့ပန္ကာကေနႀကိဳးဆြဲခ်ၿပီး အဆံုးစီရင္ခဲ့ၿပီး ၊ သူမဟာ Cyberbullying လုပ္ခံထားရ၍ မခံစားႏိုင္ေတာ့လို႔ ယခုလိုကိုယ့္ကိုအဆံုးစီရင္ခဲ့တာျဖစ္ေၾကာင္း က်န္ရစ္သူမိသားစုဝင္ေတြကို စာတစ္ေစာင္ခ်န္ထားေပးခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ သူမဟာ သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္တဲ့ ဘဂၤလာေဒ့႐ွ္ႏိုင္ငံသား အမ်ိဳးသားတစ္ဦးႏွင့္အတူ TikTok အတူေဆာ့ခဲ့ပါတယ္ ။ အဆိုပါ video ကို အျခားေသာ Facebook user တစ္ဦးက ႏိုင္ငံျခားသားနဲ႔ခ်ိန္းေတြ႔ေနတယ္ဆိုၿပီး သူမရဲ႕video ကို ျဖန္႔ေဝခဲ့ပါေတာ့တယ္ ။ ထို႔အျပင္ follower 70,000 ႐ွိတဲ့ Facebook Account တစ္ခုကလည္း ထပ္ၿပီးေဝမ်ွခဲ့လို႔ သူမကို ရလြယ္တဲ့မိန္းကေလးဆိုၿပီး သတင္းပ်ံ့သြားခဲ့တဲ့အျပင္ ၊ comment မွာပါမ်ိဳးစံုေဝဖန္ေျပာဆိုခဲ့ၾကပါတယ္ ။

Thivya ဟာ cyber bullying လုပ္ခံရလို႔ စိတ္ပင္ပန္းရံုမကပဲ ၊ ပတ္ဝန္းက်င္အျပင္က လူေတြပါသူမကို မွတ္မိေနခဲ့ၾကၿပီး ေျပာဆိုခံေနခဲ့ရတာပါ ။ သူမဟာ 3ႏွစ္ခန္႔တြဲလာတဲ့ ခ်စ္သူေကာင္ေလးနဲ႔ေစ့စပ္ထားခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလမွာေတာ့ လက္ထပ္ဖို႔စီစဥ္ထားခဲ့တာလဲ ျဖစ္ပါတယ္ ။ သူမ အခုလိုဆံုးျဖတ္ခ်က္မ်ိဳးခ်ခဲ့ရတာကလည္း သူမရဲ႕ video ဟာ ကို Facebook မွာ တင္ျခင္းခံခဲ့ရတဲ့အျပင္ ၊ သူမ နဲ႔ သူမရဲ႕မိသားစုဝင္ေတြကိုပါ ေဖာ္ျပျပီးနာမည္ဖ်က္ေနၾက၍ျဖစ္ေၾကာင္း သူမရဲ႕ေသတမ္းစာမွာ ေရးသားထားခဲ့ပါတယ္ ။

သူမရဲ႕ မိသားစုဝင္ေတြကေတာ့ ေသဆံုးသြားတဲ့ သမီးေလးအတြက္ တရားမ်ွတမႈလိုခ်င္ၿပီး Cyber- bulling လုပ္ခံခဲ့ရတဲ့ ကိစၥႏွင့္ပက္သက္ၿပီး တာဝန္႐ွိသူေတြကို တိုင္ၾကားထားခဲ့ၿပီးျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Facebook ပေါ်ကနေ မဟုတ်မမှန်တဲ့သတင်းတွေ ဖြန့်ဝေခံခဲ့ရလို့ မလေးရှားနိုင်ငံက Thivyaanayagi Rajendran အမည်ရှိတဲ့ အသက် 20အရွယ်မိန်းကလေးဟာ ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ သူမရဲ့ နေအိမ် မျက်နှာကြက်မှာရှိတဲ့ပန်ကာကနေကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့ပြီး ၊ သူမဟာ Cyberbullying လုပ်ခံထားရ၍ မခံစားနိုင်တော့လို့ ယခုလိုကိုယ့်ကိုအဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ကျန်ရစ်သူမိသားစုဝင်တွေကို စာတစ်စောင်ချန်ထားပေးခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ သူမဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား အမျိုးသားတစ်ဦးနှင့်အတူ TikTok အတူဆော့ခဲ့ပါတယ် ။ အဆိုပါ video ကို အခြားသော Facebook user တစ်ဦးက နိုင်ငံခြားသားနဲ့ချိန်းတွေ့နေတယ်ဆိုပြီး သူမရဲ့video ကို ဖြန့်ဝေခဲ့ပါတော့တယ် ။ ထို့အပြင် follower 70,000 ရှိတဲ့ Facebook Account တစ်ခုကလည်း ထပ်ပြီးဝေမျှခဲ့လို့ သူမကို ရလွယ်တဲ့မိန်းကလေးဆိုပြီး သတင်းပျံ့သွားခဲ့တဲ့အပြင် ၊ comment မှာပါမျိုးစုံဝေဖန်ပြောဆိုခဲ့ကြပါတယ် ။

Thivya ဟာ cyber bullying လုပ်ခံရလို့ စိတ်ပင်ပန်းရုံမကပဲ ၊ ပတ်ဝန်းကျင်အပြင်က လူတွေပါသူမကို မှတ်မိနေခဲ့ကြပြီး ပြောဆိုခံနေခဲ့ရတာပါ ။ သူမဟာ 3နှစ်ခန့်တွဲလာတဲ့ ချစ်သူကောင်လေးနဲ့စေ့စပ်ထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာတော့ လက်ထပ်ဖို့စီစဉ်ထားခဲ့တာလဲ ဖြစ်ပါတယ် ။ သူမ အခုလိုဆုံးဖြတ်ချက်မျိုးချခဲ့ရတာကလည်း သူမရဲ့ video ဟာ ကို Facebook မှာ တင်ခြင်းခံခဲ့ရတဲ့အပြင် ၊ သူမ နဲ့ သူမရဲ့မိသားစုဝင်တွေကိုပါ ဖော်ပြပြီးနာမည်ဖျက်နေကြ၍ဖြစ်ကြောင်း သူမရဲ့သေတမ်းစာမှာ ရေးသားထားခဲ့ပါတယ် ။

သူမရဲ့ မိသားစုဝင်တွေကတော့ သေဆုံးသွားတဲ့ သမီးလေးအတွက် တရားမျှတမှုလိုချင်ပြီး Cyber- bulling လုပ်ခံခဲ့ရတဲ့ ကိစ္စနှင့်ပက်သက်ပြီး တာဝန်ရှိသူတွေကို တိုင်ကြားထားခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment