ဆာေလာင္လြန္းလို႔ ကားတိုက္မိထားတဲ့ေခြးကို စားဖို႔ျပင္ေနခဲ့တဲ့ ရင္နင့္ဖြယ္ရာအမ်ိဳးသားရဲ႕အျဖစ္ (႐ုပ္သံ)

ယခုလိုကပ္ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္ကာလမွာ ေအာက္ေျခလူတန္းစားအမ်ားစုဟာ ဝမ္းစာအတြက္ပိုၿပီး႐ုန္းကန္ေနရပါတယ္ ။ အထူးသျဖင့္ ကိုယ့္ႏိုင္ငံမွာမဟုတ္ဘဲ အျခားႏိုင္ငံသို႔သြားေရာက္ၿပီး အလုပ္လုပ္ကိုင္ေနၾကတဲ့ သူေတြပါ ။ ဒီတစ္ေခါက္မွာလည္း အိႏၵိယႏိုင္ငံသို႔သြားေရာက္ၿပီးအလုပ္လုပ္ကိုင္ေနလ်က္႐ွိတဲ့ ႏိုင္ငံျခားသားအလုပ္သမားတစ္ဦးဟာ ဆာေလာင္ငတ္မြတ္လြန္းလို႔ ကားလမ္းမႀကီးေပၚက ကားတိုက္မိထားတဲ့ ေခြးအေသေကာင္ကို အစိမ္းလိုက္စားေသာက္ဖို႔ ျပင္ဆင္ေနခဲ့တာကို camera နဲ႔ ႐ိုက္ယူထားမိခဲ့ပါတယ္ ။

အဆိုပါ video ကို Pradhuman Singh Naruka အမည္႐ွိတဲ့ facebook Account တစ္ခုမွ ေဝမ်ွခဲ့ခ်ိန္မွာေတာ့ video ဟာ ကမာၻ့အႏွံအေတာ္ေလးကို ပ်ံႏွံ ့သြားခဲ့ၿပီး ယခုလိုကပ္ေရာဂါျဖစ္ေနခ်ိန္မွာ အက်ဥ္အက်ပ္ျဖစ္ေလာက္ဆာေလာင္ၿပီး ဒုကၡေရာက္ေနခဲ့တဲ့အဆိုပါအမ်ိဳးသားရဲ႕အျဖစ္ကို လူအမ်ားက စာနာျပီးသနားခဲ့ၾကပါတယ္ ။ အဆိုပါႏိုင္ငံျခားသားအလုပ္သမားကို Rajasthan ျပည္နယ္မွာ႐ွိတဲ့ Delhi-Jaipur အေဝးေျပးလမ္းမႀကီးမွာ ကားတိုက္မိထားတဲ့ေခြးကိုစားဖို႔ျပင္ေနတဲ့အေနအထားနဲ႔ ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။ အဆိုပါ အလုပ္သမားဟာ လမ္းမႀကီးေပၚမွာ ထိုင္လ်က္႐ွိေနခဲ့ေပမဲ့လည္း ျဖတ္သြားတဲ့ ကားေတြ တစ္စီးမွရပ္နားၿပီးကူညီေပးျခင္းမ်ိဳးလည္း မ႐ွိခဲ့ၾကပါဘူး ။

အဆိုပါအျဖစ္အပ်က္ကို ျမင္ေတြ႔ခဲ့တဲ့ Mr Chatarpura က ကားကိုလမ္းမႀကီးေဘးရပ္နားၿပီး အဆိုပါအလုပ္သမားအတြက္ အစားအစာ ၊ ေသာက္ေရ ႏွင့္ ေငြေၾကးအနည္းငယ္ ေပးကမ္းခဲ့ပါတယ္ ။ ယခုခ်ိန္မွာ အိႏၷိယႏိုင္ငံတြင္ social distancing ကာလျဖစ္တဲ့အတြက္ တစ္ဦးႏွင့္တစ္ဦးအနီးကပ္ ေနထိုင္ျခင္းမ်ိဳးမ႐ွိေသာေၾကာင့္ အဆိုပါအလုပ္သမားကို အနည္းငယ္သာကူညီခြင့္ရခဲ့ေၾကာင္း Mr Chatarpura က ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလိုကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်ကာလမှာ အောက်ခြေလူတန်းစားအများစုဟာ ဝမ်းစာအတွက်ပိုပြီးရုန်းကန်နေရပါတယ် ။ အထူးသဖြင့် ကိုယ့်နိုင်ငံမှာမဟုတ်ဘဲ အခြားနိုင်ငံသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေပါ ။ ဒီတစ်ခေါက်မှာလည်း အိန္ဒိယနိုင်ငံသို့သွားရောက်ပြီးအလုပ်လုပ်ကိုင်နေလျက်ရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတစ်ဦးဟာ ဆာလောင်ငတ်မွတ်လွန်းလို့ ကားလမ်းမကြီးပေါ်က ကားတိုက်မိထားတဲ့ ခွေးအသေကောင်ကို အစိမ်းလိုက်စားသောက်ဖို့ ပြင်ဆင်နေခဲ့တာကို camera နဲ့ ရိုက်ယူထားမိခဲ့ပါတယ် ။

အဆိုပါ video ကို Pradhuman Singh Naruka အမည်ရှိတဲ့ facebook Account တစ်ခုမှ ဝေမျှခဲ့ချိန်မှာတော့ video ဟာ ကမ္ဘာ့အနှံအတော်လေးကို ပျံနှံ့သွားခဲ့ပြီး ယခုလိုကပ်ရောဂါဖြစ်နေချိန်မှာ အကျဉ်အကျပ်ဖြစ်လောက်ဆာလောင်ပြီး ဒုက္ခရောက်နေခဲ့တဲ့အဆိုပါအမျိုးသားရဲ့အဖြစ်ကို လူအများက စာနာပြီးသနားခဲ့ကြပါတယ် ။ အဆိုပါနိုင်ငံခြားသားအလုပ်သမားကို Rajasthan ပြည်နယ်မှာရှိတဲ့ Delhi-Jaipur အဝေးပြေးလမ်းမကြီးမှာ ကားတိုက်မိထားတဲ့ခွေးကိုစားဖို့ပြင်နေတဲ့အနေအထားနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဆိုပါ အလုပ်သမားဟာ လမ်းမကြီးပေါ်မှာ ထိုင်လျက်ရှိနေခဲ့ပေမဲ့လည်း ဖြတ်သွားတဲ့ ကားတွေ တစ်စီးမှရပ်နားပြီးကူညီပေးခြင်းမျိုးလည်း မရှိခဲ့ကြပါဘူး ။

အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့တဲ့ Mr Chatarpura က ကားကိုလမ်းမကြီးဘေးရပ်နားပြီး အဆိုပါအလုပ်သမားအတွက် အစားအစာ ၊ သောက်ရေ နှင့် ငွေကြေးအနည်းငယ် ပေးကမ်းခဲ့ပါတယ် ။ ယခုချိန်မှာ အိန္နိယနိုင်ငံတွင် social distancing ကာလဖြစ်တဲ့အတွက် တစ်ဦးနှင့်တစ်ဦးအနီးကပ် နေထိုင်ခြင်းမျိုးမရှိသောကြောင့် အဆိုပါအလုပ်သမားကို အနည်းငယ်သာကူညီခွင့်ရခဲ့ကြောင်း Mr Chatarpura က ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဆာေလာင္လြန္းလို႔ ကားတိုက္မိထားတဲ့ေခြးကို စားဖို႔ျပင္ေနခဲ့တဲ့ ရင္နင့္ဖြယ္ရာအမ်ိဳးသားရဲ႕အျဖစ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*