စိတ္ေဝဒနာ႐ွင္သမီးျဖစ္သူမွ မိခင္ျဖစ္သူကို အေသ႐ို္တ္သတ္ခဲ့မႈျဖစ္ပြား

မေလး႐ွားႏိုင္ငံ ၊ Kepala Batas ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 53 ႏွစ္အရြယ္ ၊ စိတ္ေဝဒနာ႐ွင္အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕မိခင္ကို ေနအိမ္အတြင္းမွာပဲ အေသ႐ိုက္သတ္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ Loh Foh Mooi အမည္႐ွိတဲ့ အသက္ 90 အရြယ္ မိခင္ျဖစ္သူမွာ အသက္ 53 ႏွစ္အရြယ္ စိတ္ေဝဒနာ႐ွင္သမီး ႏွင့္ အသက္ 16 ႏွစ္အရြယ္ ေျမးမေလးတို႔ႏွင့္အတူ ေနထိုင္ေနသူလည္းျဖစ္ပါတယ္ ။ အခင္းျဖစ္ပြားတဲ့ေန႔မွာ အသက္ 16 ႏွစ္အရြယ္ ေျမးမေလးမွာလည္း ေနအိမ္တြင္႐ွိေနခဲ့ၿပီး ၊ မိခင္ ႏွင့္ အဘြားျဖစ္သူတို႔ရဲ႕ ရန္ျဖစ္ဆဲဆိုေနတာကိုၾကား၍ အခန္းအျပင္ဖက္သို႔ထြက္ရန္ႀကိဳးစားခဲ့ေပမဲ့လည္း မိခင္ျဖစ္သူက သူမကိုအခန္းထဲမွာသာေနဖို႔ေအာ္ဟစ္ေျပာဆိုခဲ့ၿပီး မၾကာခင္မွာပဲ ပစၥည္းျပဳတ္က် ၊ ကြဲက်သံေတြနဲ႔ ေအာ္ဟစ္သံေတြၾကားခဲ့ရေၾကာင္း ေျမးမေလးက ထြက္ဆိုခဲ့ပါတယ္ ။

ထို႔ေနာက္ ေျမးမေလးက သူ၏တစ္ဝမ္းကြဲေမာင္ႏွမေတြကို ဖုန္းျဖင့္ဆက္သြယ္ၿပီး ၊ေနအိမ္ရဲ႕ အေနာက္ဖက္တံခါးကေန ခိုးထြက္ခဲ့ပါတယ္ ။ မၾကာခင္မွာပဲ အဆိုပါေနအိမ္သို႔ အေဒၚျဖစ္သူေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ အဘြားျဖစ္သူဟာ ၾကမ္းျပင္ေပၚမွာေသြးမ်ားစြာျဖင့္ အသက္မဲ့ကာေသဆံုးေနခဲ့တာကို ေတြ႔႐ွိခဲ့ရပါတယ္ ။ အေရးေပၚလူနာတင္ကား ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ အဘြားျဖစ္သူဟာေသဆံုးသြားခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္ ။

ေျမးျဖစ္သူရဲ႕ေျပာၾကားခ်က္အရ မိခင္ ႏွင့္ အဘြားျဖစ္သူတို႔ဟာ ေငြေရးေၾကးေရးကိစၥႏွင့္ပက္သက္ၿပီး မၾကာခဏ ရန္ျဖစ္စကားမ်ားေလ့႐ွိၿပီး ၊ မိခင္ ျဖစ္သူမွာေတာ့ စိတ္ေဝဒနာခံစားေနရ၍ စိတ္က်န္းမာေရးကုသမႈခံယူေနရသူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ လက္႐ွိပါေတာ့ အဆိုပါျပစ္မႈကို ဆက္လက္ၿပီးစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Kepala Batas မြို့မှာနေထိုင်တဲ့ အသက် 53 နှစ်အရွယ် ၊ စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးဟာ သူမရဲ့မိခင်ကို နေအိမ်အတွင်းမှာပဲ အသေရိုက်သတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ Loh Foh Mooi အမည်ရှိတဲ့ အသက် 90 အရွယ် မိခင်ဖြစ်သူမှာ အသက် 53 နှစ်အရွယ် စိတ်ဝေဒနာရှင်သမီး နှင့် အသက် 16 နှစ်အရွယ် မြေးမလေးတို့နှင့်အတူ နေထိုင်နေသူလည်းဖြစ်ပါတယ် ။ အခင်းဖြစ်ပွားတဲ့နေ့မှာ အသက် 16 နှစ်အရွယ် မြေးမလေးမှာလည်း နေအိမ်တွင်ရှိနေခဲ့ပြီး ၊ မိခင် နှင့် အဘွားဖြစ်သူတို့ရဲ့ ရန်ဖြစ်ဆဲဆိုနေတာကိုကြား၍ အခန်းအပြင်ဖက်သို့ထွက်ရန်ကြိုးစားခဲ့ပေမဲ့လည်း မိခင်ဖြစ်သူက သူမကိုအခန်းထဲမှာသာနေဖို့အော်ဟစ်ပြောဆိုခဲ့ပြီး မကြာခင်မှာပဲ ပစ္စည်းပြုတ်ကျ ၊ ကွဲကျသံတွေနဲ့ အော်ဟစ်သံတွေကြားခဲ့ရကြောင်း မြေးမလေးက ထွက်ဆိုခဲ့ပါတယ် ။

ထို့နောက် မြေးမလေးက သူ၏တစ်ဝမ်းကွဲမောင်နှမတွေကို ဖုန်းဖြင့်ဆက်သွယ်ပြီး ၊နေအိမ်ရဲ့ အနောက်ဖက်တံခါးကနေ ခိုးထွက်ခဲ့ပါတယ် ။ မကြာခင်မှာပဲ အဆိုပါနေအိမ်သို့ အဒေါ်ဖြစ်သူရောက်ရှိလာခဲ့ချိန်မှာတော့ အဘွားဖြစ်သူဟာ ကြမ်းပြင်ပေါ်မှာသွေးများစွာဖြင့် အသက်မဲ့ကာသေဆုံးနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ အရေးပေါ်လူနာတင်ကား ရောက်ရှိလာခဲ့ချိန်မှာတော့ အဘွားဖြစ်သူဟာသေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။

မြေးဖြစ်သူရဲ့ပြောကြားချက်အရ မိခင် နှင့် အဘွားဖြစ်သူတို့ဟာ ငွေရေးကြေးရေးကိစ္စနှင့်ပက်သက်ပြီး မကြာခဏ ရန်ဖြစ်စကားများလေ့ရှိပြီး ၊ မိခင် ဖြစ်သူမှာတော့ စိတ်ဝေဒနာခံစားနေရ၍ စိတ်ကျန်းမာရေးကုသမှုခံယူနေရသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ လက်ရှိပါတော့ အဆိုပါပြစ်မှုကို ဆက်လက်ပြီးစစ်ဆေးမှုများပြုလုပ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment